နေနိုင်သွားတာလား၊နေတတ်သွားတာလားဆိုတာမသိပေမယ့် ကိုယ်အရင်ကနဲ့မတူတော့တာကတော့သေချာတယ်။

.နေနိုင်သွားတာလား၊နေတတ်သွားတာလားဆိုတာမသိပေမယ့် ကိုယ်အရင်ကနဲ့မတူတော့တာကတော့သေချာတယ်။
Active nowလေးကိုမ‌မျှော်တော့ဘူး။
စကားလာမပြောလည်းထူးပြီးခံစားမနေတော့ဘူး။
သူ့accလေးထဲဝင်မစပ်စုတော့ဘူး။
ဖုန်းမဆက်လို့လည်းမျက်ရည်မကျတော့ဘူး။
Messageတွေရောက်မလာလို့လည်းဝမ်းနည်းမနေတော့ဘူး။
သူဘယ်သူနဲ့ရှိနေမလဲ၊ဘာတွေလုပ်နေမလဲ၊ဘယ်များသွားနေမလဲလို့အကြောင်းမဲ့မပူပန်တော့ဘူး။
စိတ်လှောင်ချိုင့်လေးထဲကနေလွှတ်ပေးလိုက်တဲ့
အချစ်ငှက်လေးလိုပေါ့။
သူလည်းသူလိုရာကိုလွတ်လွတ်လပ်လပ်ပျံသန်းခွင့်ရသွားသလို၊ကိုယ်လည်းကိုယ့်အတ္တလှောင်ချိုင့်
ကိုဖွင့်ပေးလိုက်ရလို့အပြစ်သားတစ်ယောက်လို
မခံစားရတော့ဘူးပေါ့။
ပြီးတော့ တကယ်စစ်မှန်တဲ့အချစ်ဆိုတာပိုင်ဆိုင်
ထားဖို့ချည်းမဟုတ်ဘဲ လက်လွှတ်သင့်တဲ့အချိန်
မှာလွှတ်ပေးလိုက်နိုင်တာကလည်းအချစ်ပါပဲတဲ့။
အဲဒီလိုလုပ်နိုင်မှာလည်း ကိုယ်ကသူ့ကိုချစ်ရာရောက်သလို၊ကိုယ့်ကိုယ်ကိုယ်လည်းချစ်ရာရောက်မှာပေါ့။ဒီလောကကြီးထဲမှာ သူတစ်ပါးကိုလည်းချစ်သလို ကိုယ့်ကိုယ်ကိုယ်လည်းချစ်ဖို့လိုသေးတယ်မဟုတ်လား။အဲ့ဒါကြောင့်
သူရော၊ကိုယ်ပါကောင်းဖို့ဖြစ်လာတဲ့အခြေအနေတွေမှာ ကိုယ့်ဘက်ကဘာတွေများတွေဝေနေရဦးမှာလဲကွယ်။

Credit,မနောဖြူ

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ