စိတ်အားငယ်တတ်သူကို ချစ်နေမိရင် သင်အမြဲ သတိတရရှိနေသင့်တဲ့ အချက် ( ၁၅ )ချက်

စိတ်အားငယ်တတ်သူကို ချစ်နေမိရင် သင်အမြဲ သတိတရရှိနေသင့်တဲ့
အချက် ( ၁၅ )ချက်
================================

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ စိတ်အားငယ်တဲ့ အခြေအနေကို ခံစားနေရသူတွေ သန်း ၃၅၀
လောက်ရှိပါသတဲ့ ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း စိတ်အားငယ်တတ်သူတွေ ရှိပါတယ် ။

သင့်ရဲ့ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ချစ်သူ ၊ ခင်သူတွေမှာ စိတ်အားငယ်တတ်သူ တစ်ယောက်မဟုတ်တစ်
ယောက်ရှိနေတယ် ဆိုရင် တော့

သင့်အနေနဲ့ အောက်ပါ အချက်လေးတွေကို သိထားသင့်ပါတယ် ။ 
=============================

၁ ။ စိတ်အားငယ်တတ်သူတွေ ဟာ
အပြင်ပန်းမှာတော့ မာကြောကြတယ် ။

သူတို့ကိုအပြင်ပန်းကြည့်ရင် စိတ်အားငယ်တတ်သူတစ်ယောက်လို့တောင် ထင်ချင်စရာတစ်ကွက်မှ မရှိပါဘူး ။
သူတို့ရဲ့ အားငယ်တတ်တဲ့ အတွင်းစိတ်ကလေးကို ရသလောက်ဖုံးကွယ်ထားတတ်ကြတာပါ ။
ဒါ့ကြောင့် သူ့ရဲ့ အပြင်ပန်းသဏ္ဍာန်နဲ့
သူ့ရဲ့ အတွင်းစိတ်ကို သွားပြီး မခန့်မှန်းလိုက်ပါနဲ ။

၂ ။ မျှော်လင့်မထားဘဲ သင်သူတို့ဆီရောက်သွားရင်
ပျော်ရွှင်တတ်ကြပါတယ် ။
အားငယ်တတ်တဲ့သူတွေက သူတို့ဘေးမှာ တစ်ယောက်ယောက်ရှိနေရင် ခွန်အားတွေရရှိလာတတ်ကြပါတယ် ။

၃ ။ သူတို့က တခြားသူတွေရဲ့ အပြုအမူနဲ့ ၊ စိတ်ခံစားမှုတွေကို တအား အာရုံ စိုက်ကြတယ် ။ သူတို့နဲ့တွေ့ရင် သင့်ရဲ့အပြုအမူ ၊အပြောအဆိုတွေ မမှားယွင်းအောင် နေထိုင် ပါ ။

၎ ။ သူတို့ဟာတခြားသူတွေကို စိတ်ဒုက္ခ ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ။ အားနာနေတတ်ကြတယ် ။
သူတို့တကယ်လိုအပ်နေသော်လည်း ငြင်းပယ်ချင်
ငြင်းပယ်တတ်ကြပါတယ် ။

၅။ စိတ်အားငယ်တတ် သူတွေဟာ မွေးရာပါ အတွေးအခေါ်ပညာရှင် တွေဖြစ်ကြတယ် ။ သူတို့က ထူးချွန်ကြတယ်။ စပ်စုကြတယ်။
တီထွင်ဖန်တီးနိုင်စွမ်းတွေ တအားကောင်းတယ် ။
သူတို့ရဲ့ ကောင်းတဲ့ အချက်အလေးတွေတွေ့ရင် အသိအမှတ်ပြုပေးပါ ။
သူတို့က တခြားသူရဲ့ လေးစားမှုကို တကယ်ပဲ
တန်ဖိုးထားကြပါတယ် ။

၆။ သူတို့က ရယ်မောဖို့ ၊ ပျော်ရွှင်ဖို့ အခွင့်အရေးကိုမျှော်လင့်ကြတယ် ။

ရယ်စရာ၊ မောစရာလေးတွေ ရှိတဲ့အခါ သူ့ကိုပြောပြပါ ။
ပျော်ပွဲရွှင်ပွဲတွေသွားရင်လည်း သူ့ကိုခေါ်သွားဖို့ မမေ့ပါနဲ့ဦး ။

၇။ သူ့ကိုတခြားလူတွေလိုပဲ ဆက်ဆံပါ ။

ဘယ်သူမဆို သင့်ရဲ့ ဆက်ဆံပုံက ထူးခြားနေတယ်ဆိုရင် သတ်ထားမိပါတယ်။ စိတ်အားငယ်တတ်သူတွေလည်း အဲဒီလိုပါပဲ ။ သူတို့ကို သနားဟန်ပြတာတွေ ၊ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်တာမျိုးတွေ လုပ်ဖို့မလိုအပ်ပါပဲ ။
သူက ၁၀၀ ရာခိုင်နှုန်းကျန်းမာနေတယ်လို့ယူဆထားပါ ။
" ပုံမှန်ပဲ ဆက်ဆံပါ ။
"
၈။ သူတို့ဟာ သင်ထင်ထားတာထက် ခွန်အားနည်းပါတယ် ။
သူတို့ကို အားမလိုအားမရ မဖြစ်ပါနဲ့ ။ ကူညီပေးလိုက်ပါ ။ 

၉။ သူတို့ဟာ တခါတလေ အကြောင်းအရင်း တိတိပပ၊ မယ်မယ်ရရမရှိပဲ စိတ်အားငယ်နေတတ်ပါတယ် ။

အဲ့ဒီအတွက် သူ့ကို အပြစ်မတင်ပါနဲ့ ။ သူနဲ့အတူရှိနေပေးလိုက်ပါ ။

၁၀။ တခါတလေ သူတို့ထထဖောက်တတ်ပါတယ် ။

တအားကိုစိတ်ဆိုးလွယ်နေတတ်ပါတယ် ။ အဲ့ဒီလို အချိန်မျိုးမှာ သူပြောတာတွေကို အတည်မယူပါနဲ့ ။
သူ့ကိုနားလည်မှုပေးလိုက်ပါ ။ သူသင့်ကို ချစ်ခင်ပါလိမ့်မယ် ။

၁၁ ။ သူတို့မှာ သူများနဲ့ မတူတဲ့ ပါရမီ၊ ဝါသနာ ၊ အရည်အချင်းတွေရှိပါတယ် ။ သူတို့ရဲ့ အရည်အချင်းတွေကိုချီးကျူးပါ ။ အသိအမှတ်ပြုပါ။
ဝါသနာချင်း ဖလှယ်ပါ ။

၁၂။ " မင်းဒီလို လုပ်ခဲ့ရမှာ " ဆိုပြီး သူတို့ကိုအပြစ်မတင်ပါနဲ့။
" နောက်တခါ ဒီလိုလေးလုပ်ကြည့်ပါလား " ဆိုပြီး အပြုသဘောဆောင်တဲ့ အကြံဉာဏ်မျိုးပေးပါ ။ သင့်ကိုသူ ယုံကြည်အားထားလာပါလိမ့်မယ် ။

၁၃ ။ သူတို့ကို အဆိုးမမြင်ပါနဲ့ ။ အကောင်းမြင်ပေးပါ ။

၁၄။ သူတို့ ဟာသူတို့ကိုယ်တွင်းက " စိတ်အားငယ်"
ခြင်းဆိုတာကြီးနဲ့ တိုက်ပွဲ ဝင်နေရတာပါ ။ 
သူတို့ဟာ ပြင်ပ အကူအညီတွေအများကြီး
လိုအပ်နေပါတယ် ။

၁၅။ သူတို့ဟာ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေတယ် ။

#စိတ်အားငယ်တတ်သူကိုကြင်နာပါ။


စိတ်အားငယ်တတ်တဲ့ သင့်သူငယ်ချင်း ၊ သို့မဟုတ်
ချစ်သူလေးနဲ့ တွေ့ရင် ဒီအချက်လေးတွေကို သတိရပါ ။

သင်ဟာ သူ့ရဲ့ အဖော်မွန်ကောင်းဖြစ်လာပါလိမ့်မယ် ။ သူတို့သင့်ကို ချစ်ခင်လာပါလိမ့်မယ် ။

သင့်ကြောင့်သူဟာ "စိတ်အားငယ်ခြင်း " ဆိုတဲ့
အတွင်းရန်သူကို တောင်အလဲထိုး အနိုင်ယူသွားနိုင်ပါလိမ့်မယ် ။

ကဲ..စိတ်အားငယ်တတ်သူလေးတွေနဲ့ သူတို့ရဲ့ ချစ်ရသူတွေ admin လည်းနည်းနည်းလေး စိတ်အားငယ်နေတာမို့ အားပေးစကားလေး ပြောပေးသွားကြပါဦး ။ 😁😃😃🙈

ရဲထက်ကျော် ( စွယ်စုံလူငယ် )

[ဆောင်းငှက်]
credit......
မေတ္တာဖြင့်​ #Soe_Naing



Posted via #Soe_Naing

မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ