နှစ်သစ် မင်္ဂလာ မှာ........

နှစ်သစ် မင်္ဂလာ မှာ........


ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ...

လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ...

ကပ်သုံးပါးမှ ကင်းဝေးကြပါစေ...

မေတ္တာတရားတွေ ပွားများလို့ အေးချမ်းကြပါစေ...

#SoeNaing


တန်ဖိုး သိမှ တန်ဖိုး ရှိမှာပါ

.တန်ဖိုး သိမှ တန်ဖိုး ရှိမှာပါ
*=*=*=*=*=*=*=*=*=*
ကိုယ့် ကို — အချိန် မပေးနိုင်တဲ့ သူတွေကို
ကိုယ် က — အချိန် မပေးနိုင်တဲ့ အထိပြောင်းလဲပါ

ကိုယ့် ကို — ဂရုမစိုက်နိုင်တဲ့ သူတွေကို
ကိုယ်က — မေ့နိုင်လောက်တဲ့ အထိ ပြောင်းလဲပါ

ကိုယ့် အတွက် — အနာဂါတ် မရှိတဲ့ သူတွေကို
ကိုယ့် အနာဂါတ် မှာ — သူ မပါတော့တဲ့ အထိ ပြောင်းလဲပါ

ပေးဆပ် ဖို့ ပဲ — မကြိုးစား နဲ့
စွန့်လွှတ် ဖို့ လည်း — ကြိုးစား အုံး

ဒါမှ •••••
ကိုယ့် ဘဝ ထဲကို — ပျော်ရွှင်စရာတွေ ဝင်လာ မှာပါ

ဖမ်းဆုတ်ထား လို့ — နာကျင် နေပြီလား ❓

လွှတ်ချ ဖို့ •••
သင် — မေ့နေတ ယ်ဆိုတာ သတိထားပါ

ကိုယ့် ကိုကိုယ်သာ •••
အကောင်းဆုံး — ပြင်ဆင်လိုက်ပါ

ကိုယ် ပေးဆပ်ခဲ့တယ် မဟုတ်လား •••
တစ်နေ့ — ကိုယ့် ကို သူ တို့
ကောင်းကောင်းကြီး — ပြန် လွမ်း နေလိမ့်မယ်

လက်ချောင်း တစ်ချောင်း ရဲ့တန်ဖိုး ကို •••
ဓား ရှဖူးမှ — သိ လိမ့်မယ်

လူ တစ်ယောက် ရဲ့ — တန်ဖိုး ကို
သူ •••
မရှိ မှ — သိ လိမ့်မယ်

#Credit:Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


ဘဝအတွက် အကြံပြုချက်များ

ဘဝအတွက် အကြံပြုချက်များ
🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋
သင့်အနေနဲ့ ယုံချင်မှလည်း ယုံမယ်… ယုံရင်လည်း ယုံပါလိမ့်မယ်… ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်… အဆုံးအထိဖတ်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်….

၁) လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ… ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ…

၂) သင်နဲ့စကားပြောရတာအဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ… အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်…

၃) ကြားသမျှကို အကုန်မယုံပါနဲ့.. ရှိသမျှအကုန် မသုံးပါနဲ့… အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့…

၄) “ချစ်တယ်” ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ…

၅) “တောင်းပန်ပါတယ်” ဆိုတဲ့စကားကိုပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ…

၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ…

၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ…..

၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့… စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး….

၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ… ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်… ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်….

၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ… နာမည်တွေခေါ်ပြီး ပြောဆိုတဲ့အခြေအနေမျိုးမရောက်ပါစေနဲ့….

၁၁) ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့….

၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ…

၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် “ဘာကြောင့် ဒါကိုသိချင်ရတာလဲ….” လို့ ပြုံးပြီးပြန်မေးလိုက်ပါ…

၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေပါဝင်နေတယ်ဆိုတာကို သတိရပါ…

၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့….

၁၆) ကိုယ့်ကို လေးစားပါ… တခြားသူတွေကို လေးစားပါ… ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ…

၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့….

၁၈) ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ… သင့်အပြုံးကို တစ်ဖက်လူကကြားပါလိမ့်မယ်…

၁၉) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ…

credit-trend myanmar
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့်များ

အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့်များ


အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ချို့တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

သူတော်စင် ဝိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

ပြဇာတ်ဥသျှောင် ဝီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။
- တခြားသူတွေထက် ပိုသိရမယ်
- တခြားသူတွေထက် ပို ကြိုးစားရမယ်
- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။

နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း
ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။

အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။

ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့
အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။

စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်
အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက်
ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့
အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။

ဂန္တဝင် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့
တစ်ယောက်မှ မစဉ်းစားကြဘူး။``လူငယ်တစ်ယောက်အတွက် ကြီးပွားလမ်းဟာ မိမိတက်နိုင်တဲ့ နည်းလမ်းမှန်သမျှကို ပိုပြီး
တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ပဲ၊ အဲဒီလိုလုပ်တဲ့အခါ ငါ့ကို ဘယ်သူတွေ၊ ဘယ်အရာတွေက ဟန့်တားနှောက်ယှက်နေတယ်လို့ ဘယ်တော့မှ သံသယမဖြစ်ပါနဲ့ ။´´

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်း
ငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။

အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း
လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့
သိပ်ကို အန္တရာယ် ရှိနေပြီ။လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်
၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။

ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘဝတစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ
ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။

မင်းသားကြီး ချားလ်စ်

ဘဝမှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့
နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။

ဝန်စတန်ချာချီ

စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာ မဟုတ်ဖူး။ လေကိုဆန်တက်တာဖြစ်တယ်။
“နိုင်ငံရေးသမားကောင်းဆိုတာ မနက်ဖြန် နိုင်ငံဘာဖြစ်မယ်
ဆိုတာခန့်မှန်းနိုင်ရမယ်။ အကယ်၍ ဖြစ်မလာခဲ့ရင် ဘာ့ကြောင့်ဖြစ်မလာခဲ့တာလဲဆိုတာ
အကြောင်းပြချက်ပေးနိုင်ရမယ်”

ပိုက်သာဂိုလ်ရပ်

တိတ်တိတ်နေ ထောင်တန်။

ကွန်ဖြူးရှပ်

မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲ သူတစ်ပါးအိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကို
အပြစ်မတင်ပါနှင့်။ “စဉ်းစားမှုမပါဘဲ ပညာသင်ခြင်းသည် အချည်းအနှီးမျှသာဖြစ်၍ ပညာမပါဘဲ
စဉ်းစားခြင်းသည်ကား အန္တရာယ်ကြီးပေသည်”

ဗိုလ်ချုပ်အောင်ဆန်း

ရာဇဝင်ကိုဖတ်တာဟာ ရာဇဝင်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇဝင်ကို
ဖန်တီးဖို့သာဖြစ်တယ်။

ဝီလဆင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာဘဲ။

ပီမိုးနင်း

“လူမိုက်တို့သည် မိမိ၏အမှားမှ သင်ခန်းစာယူကြ၏ ။ လူလိမ်မာတို့သည် သူတစ်ပါး၏
အမှားမှ သင်ခန်းစာယူကြ၏” “တစ်စုံတစ်ရာကို ကြိုးစားကြံစည်၍ ဆုံးရှုံးခြင်းသည် တစ်စုံတစ်ရာကိုမှ
မကြိုးစားမကြံစည်ဘဲ ရခြင်းထက်မြတ်၏”

ဒေးကားနက်ဂျီ

လူတော်တစ်ယောက်ဆိုတာ မိမိထက်တော်တဲ့သူတွေကို မိမိအကျိုးအတွက်လုပ်ဆောင်ပေးရန်
ပြောဆိုတတ်ရတယ်။“လူမြင်လျှင် ပြုံးပါ”

လွိုက်ဂျုံး

“စိတ်နေဘုံဖျား ၊ လူနေချုံကြား”ဟုပြောခြင်းသည် နာစရာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုံဖျားသို့ စိတ်မရောက်လျှင်
ချုံကြားမှထွက်နိုင်မည်မဟုတ်ပေ။

ဟိုရှေးဖိုးကော

“လောက၌ မိမိကိုယ်ကို အချစ်ဆုံးသူသည် အရိုးသားဆုံးလူဖြစ်၍ အရိုးသားဆုံးလူသည်ကား
မိမိကိုယ်ကို အချစ်ဆုံးဖြစ်သည်”

အရစ်တိုတယ်

“ကျွန်တော်သိတာ တစ်ခုဘဲရှိတယ်။ အဲဒါ ကျွန်တော်ဘာမှမသိဘူးဆိုတာဘဲ”

ဒီမောနေး

“ယဉ်ကျေးသိမ်မွေ့သူကားအခြားမဟုတ်။ တစ်စုံတစ်ယောက်သောသူက
တစ်စုံတစ်ခုသောအကြောင်းအရာကို လာရောက်ပြောဆိုသောအခါ ၎င်းအကြောင်းအရာသည်
မိမိသိပြီးဖြစ်ပါလျက် ငြိမ်သက်၍ စိတ်ပါဝင်စားစွာ နားထောင်သူပင်ဖြစ်သည်။”

ဗိုလ်ချုပ်ကြီး ပက်တန်

“မင်းတို့ခွေးမသားတွေ မင်းတို့တိုင်းပြည်အတွက်အသက်စွန့်တိုက်ရုံနဲ့
တိုက်ပွဲဆိုတာမနိုင်ဘူး။ တစ်ဖက်ခွေးမသားကို သူ့တိုင်းပြည်အတွက် အသက်စွန့်အောင်
လုပ်ပေးနိုင်မှ တိုက်ပွဲဆိုတာနိုင်မယ်”

ဘင်ဂျမင်ဒစ်ဆရေလီ

အောင်မြင်မှုရဲ့ လျှိူ့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။

ဟင်းရစ်အစ်ဆန်

လူသားတို့၏ဘဝတွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။ ထို့ကြောင့် အဆင်ပြေ
သည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း
မဖြစ်ပါနှင့်။

အီစွတ်

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။

ဆမ်းမာဆက်မော

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများ
ဖြစ်တယ်။ (ဒီအချက်က ကျွန်တော်မကင်းဘူး)

လိုင်ဗွီ

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဉာဏ်ဟာ
လုံခြုံမှုအရှိဆုံးဖြစ်တယ်။

ဆာဖရန်စစ်ဘေကွန်

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်
ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။

နီကီတာခရုရှက်

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။

လူခရီးတပ်စ်

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။

ရပ်ဝယ်ဒိုအီမာဆန်

သူငယ်ချင်းဆိုသည်မှာ ၎င်းအပေါ် ကျွနု်ပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။

ဂျော့ဖရီချော်ဆာ

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာဝင်ပေါက်ကြီးဖြစ်တယ်။အလုပ်မရှိတဲ့လူတစ်ယောက်
ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှဝင်ရောက်နိုင် တယ်။

အဲဖရက်တင်နီဆင်

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူမျာ းရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

ဘလက်စတုံး

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက
ပိုလို့ကောင်းသေးတယ်။

ဂျွန်ဒရိုင်းဒန်

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။

ဂျွန်မီတန်

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာၤး
တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဒါလေးကတော့စဉ်းစားစရာပဲ)

ဟင်းရစ်အစ်ဆန်

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင် အတော်ဆုံးလူဖြစ်တယ်။

ပလူးတက်

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ်
ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။

ချားဒါဝင်

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။

ဘင်ဂျမင်ဖရင်ကလင်း

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

စီဆာရို
လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။

အယ်လင်နွာရုစဗဲ့

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။

အလက်ဇန်းဒါးပုတ်
ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာ လည်းကောင်းတယ်။
အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။

လောင်ဖဲလ်လိုး

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌
လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။

ဗစ်တာဟူဂို

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ် မှာ တင်းကျပ်နေတတ်သည်။

ဂျေ ၊ ဂျေ ၊ ရူးဆိုး

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။

သိုးဆောင်းစကားပုံ
ပညာရှိများနှင့်တစ်နာရီဆွေးနွေး ရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။

အဂ္ဂါး

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။

အင်္ဂလိပ်စကားပုံ

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။

ဒီဖိုမင်း

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း
လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဉာဏ် နှင့် အားပေးစကား
ပြောဖို့ရန် ဝန်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့ အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။

ဒေါက်တာဝီလျံအိုစလာ

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှ
ကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဉာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှ
ကို လုံးဝလက်မခံပါနှင့်။

ဂရိုဗာဂရိဗ်လန်း

စနစ်တကျ မှတ်သားထားတဲ့ ရည်မှန်းချက်ရယ်၊ ဆင်းရဲမှုဆိုင်ရာ စိတ်ပျက်ဖွယ် ခံစားချက်တွေ
ရယ်ကို ပေါင်းစပ်လိုက်မှလူမှာ မှန်ကန်တဲ့ အား ပေါ်လာတက်တာပဲ ။
ဆာဝေါ်လ်တာစကော့

စကားပြောကောင်းသူသည် စာဖတ်သည်၊ စဉ်းစားသည်၊ နားထောင်သည်။ ထို့ကြောင့် သူ့တွင်
ပြောစရာ၊ အကြောင်းရပ်တစ်ခုခုရှိသည် ။

ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန်ကဗျာဆရာ

အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့်ဆက်လက် လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက်
အဓိကသော့ချက်ဖြစ်၏ ။

သောမတ်ကေအင်ပစ်၊ ဂျာမန်ဘုန်းတော်ကြီး

စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏ ပညာတက် သုခမိန်ကြီး
ဖြစ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ ။

ခင်မောင်တိုး၊ မိုးမိတ်

မျှော်လင့်ချက် နှင့်တူသော ဆေး မရှိချေ။ မနက်ဖန်မှာ ပိုကောင်းမည်ဟု မျှော်လင့်နိုင်တာလောက်
ကြီးမားသော စိတ်ဓာတ် တက်ကြွမှုမရှိ ။ အားဆေးလည်း မရှိ ။စိတ်ကူးယဉ်ခြင်း၊ မျှော်လင့်ခြင်း၊ ပိုမိုကောင်းမွန်မှု ဖြစ်လာဖို့ရာ၌ မျှော်လင့်ခြင်းများသည် သတ္တိရှိစေသည်။ လေးလံသော ဝန်ထုတ်
ဝန်ပိုးများကို ပေ့ါပါးသွားစေသည်။ မှုန်ဝါးဝါးလျှောက်ရာလမ်းကို ကြည်လင် သွားစေသည်။

အိပ်ချ် နော်မန် ရှဝါ့ဇ်ကော့ပ်

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ
ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။

ဖရက်ဒ် အေ မန်းစ်ကေး

သူ့မှာ ရှိသော အသိဉာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်တဲ့


Credit:SateKuPyawYar

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


"ဘဝတစ်သက်တာ ဂရုစိုက်စရာ အချက်(၂)ချက်"


"ဘဝတစ်သက်တာ ဂရုစိုက်စရာ အချက်(၂)ချက်"

၁။သင်တစ်ယောက်တည်းရှိနေစဉ်

သင့်အတွေးများကိုဂရုစိုက်ပါ။

၂။သင်လူအများနှင့်အတူရှိနေစဉ်

သင်၏စကားများကိုဂရုပြုပါ။

Ref;Pinterest

#SoeNaing


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ