ဘဝအတွက် အကြံပြုချက်များ
🖋🖋🖋🖋🖋🖋🖋🖋🖋🖋🖋
သင့်အနေနဲ့ ယုံချင်မှလည်း ယုံမယ်… ယုံရင်လည်း ယုံပါလိမ့်မယ်… ဒါပေမဲ့ ဒီအကြံပြုချက်လေးတွေကတော့ တကယ်ပဲ ကောင်းမွန်သင့်တော်ပါတယ်… အဆုံးအထိဖတ်ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် တစ်ခုခုကျန်ပါလိမ့်မယ်….
၁) လူတွေကို သူတို့မျှော်လင့်ထားတာထက်ပိုပေးပါ… ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ…
၂) သင်နဲ့စကားပြောရတာအဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ… အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ်…
၃) ကြားသမျှကို အကုန်မယုံပါနဲ့.. ရှိသမျှအကုန် မသုံးပါနဲ့… အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့…
၄) “ချစ်တယ်” ဆိုတဲ့စကားကို နားလည်ခံစားပြီးမှ ပြောပါ…
၅) “တောင်းပန်ပါတယ်” ဆိုတဲ့စကားကိုပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ…
၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ…
၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ…..
၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့… စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး….
၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ… ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်… ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ်….
၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတဆွေးနွေးငြင်းခုန်ပါ… နာမည်တွေခေါ်ပြီး ပြောဆိုတဲ့အခြေအနေမျိုးမရောက်ပါစေနဲ့….
၁၁) ဆွေမျိုးအသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့….
၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ…
၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် “ဘာကြောင့် ဒါကိုသိချင်ရတာလဲ….” လို့ ပြုံးပြီးပြန်မေးလိုက်ပါ…
၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေပါဝင်နေတယ်ဆိုတာကို သတိရပါ…
၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့….
၁၆) ကိုယ့်ကို လေးစားပါ… တခြားသူတွေကို လေးစားပါ… ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ…
၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့….
၁၈) ဖုန်းကိုင်လိုက်တာနဲ့ ပြုံးလိုက်ပါ… သင့်အပြုံးကို တစ်ဖက်လူကကြားပါလိမ့်မယ်…
၁၉) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ…
credit-trend myanmar
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
ဘဝအတွက် အကြံပြုချက်များ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment