🍁တခါတလေ.....

🍁တခါတလေ.....

🍁မပိုင်ဆိုင်လိုက်ရလို့.....

🍁ဝမ်းနည်းနေတာထက်စာရင်......

🍁စွန့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်တာကပဲ.....

🍁ပိုပြီးတော့ ကောင်းပါတယ် လေ.....

#SoeNaing💕


"ရှိနေလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ လွမ်းဆွတ်ခြင်းတွေ အများကြီးပါဝင်နေတယ်။


"ရှိနေလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
လွမ်းဆွတ်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဘာလုပ်နေတာလဲ ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
ဂရုစိုက်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဘာဖြစ်နေတာလဲ ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
အလေးထားခြင်းတွေ အများကြီးပါဝင်နေတယ်။

"မအားတာလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
သောကတွေ အများကြီးပါဝင်နေတယ်။

"နင့်ကို စောင့်နေမယ်"ဆိုတဲ့ စကားတစ်ခွန်းမှာ
ဝမ်းနည်းခြင်းတွေ အများကြီးပါဝင်နေတယ်။

"ရှိပါစေတော့ကွာ" ဆိုတဲ့ စကားတစ်ခွန်းမှာ
စိတ်ထိခိုက်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ငါ နားလည်ပေးလိုက်ပါပြီ" ဆိုတဲ့ စကားတစ်ခွန်းမှာ
မတတ်နိုင်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"နင့်ကို မနှောင့်ယှက်တော့ပါဘူး" ဆိုတဲ့ စကားတစ်ခွန်းမှာ
ရင်နာခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဒါဆိုလည်း သဘောအတိုင်းပါ" ဆိုတဲ့ စကားတစ်ခွန်းမှာ
နှမြောခြင်းတွေ အများကြီးပါဝင်နေတယ်။

"ငါ အမြဲရှိနေပါတယ်" ဆိုတဲ့ စကားတစ်ခွန်းမှာ
နွေးထွေးခြင်းတွေ အများကြီးပါဝင်နေတယ်။

"လက်မလွှတ်ချင်ဘူး" ဆိုတဲ့ စကားတစ်ခွန်းမှာ
အခက်အခဲတွေ အများကြီးပါဝင်နေတယ်။

ပြီးဆုံးဖို့က အချိန်တစ်မိနစ်ပဲ လိုတယ်။
တန်ဖိုးထားတတ်ဖို့က တစ်သက်လုံးပေါ့။

Credit:NineNineSaNay


မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


အားမငယ်မိပါစေနဲ့

💁အားမငယ်မိပါစေနဲ့ 💪💪

🌺လူချင်းတူပေမဲ့...တန်ဖိုးချင်းမတူကြပါဘူး🌺

🌺လူချင်းတူပေမဲ့... စိတ်ထားချင်းလဲမတူကြပါဘူး🌺

🌺လူချင်းတူပေမဲ့... ဘဝချင်းလဲမတူကြပါဘူး🌺

🌺ဒါကို...မိမိကိုယ်ကို..အာရာရာနဲ့နှိုင်းပီး🌺

🌺မိမိကိုယ်ကို...အပေါ်အမြင့်ကသူတွေနဲ့နှိုင်းယှဉ်ပီး🌺

🌺ကိုယ်က.. နှိမ့်ကျတယ်ဆိုပီး...အားမငယ်ပါနဲ့🌺

🌺ဓားဆိုတာ...သွေးလေ..ထက်လေဘဲလေ🌺

🌺မိမိကိုယ်ကို....ဓားလို...သတ်မှတ်လိုက်ပါ🌺

🌺ဘဝဆိုတာ..ဖိအားများလေ..ပိုအောင်မြင်လေဘဲမို့🌺

🌺ကျရှုံးတဲ့အခါတိုင်းလဲ..စိတ်မပျတ်လိုက်ပါနဲ့🌺

🌺ဆယ်ခါလှဲကျတဲ့ခါ...ဆယ်ခါလုံးပြန်ထပါ🌺

🌺အောင်မြင်လာတဲ့တနေ့...ကျရှုံးခဲ့တဲ့အချိန်တွေ🌺

🌺သိမ်ငယ်ခြင်း...စိတ်ဓာတ်ကျခြင်းတွေက🌺

🌺ဘဝအတွက်အကောင်းဆုံးဖိအားဆိုတာ..🌺
🌺သင်သိလာလိမ့်မယ် 🌺

🌺ဘယ်လိုဘဝ ဖြစ်နေပါစေ🌺

🌺မနက်ဖြန် ဆိုတာရှိနေတရွှေ့🌺

🌺သင်ကြိုးစားခွင့်ရှိသေးတယ်...အားမငယ်ပါနဲ့ 🌺

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


🌸နားလည်မှုတွေ...များလာတဲ့အခါ.. 🌸စကားတွေ..နည်းလာတယ်...

🌸နားလည်မှုတွေ...များလာတဲ့အခါ..
🌸စကားတွေ..နည်းလာတယ်...

🌸ရင့်ကျတ်ခြင်းတွေ..ရှိလာတဲ့အခါ..
🌸မျိုသိပ့်တက်လာတယ်..

🌸အချိန်ရဲ့ တန်ဖိုးကိုသိလာတဲ့အခါ..
🌸အဓိကတွေကို..ရွှေးချယ်တက်လာတယ်..

🌸အေးချမ်းမှုတွေ ပိုင်ဆိုင်ချင်လာတဲ့အခါ
🌸ခွင့်လွှတ်တက်လာတယ်..

🌸ပူလောင်မှုတွေနဲ့ပင်ပန်းမွန်းကြပ်လာမှုတွေ များလာတဲ့အခါ..
🌸ကျောခိုင်းစွန့်လွှတ်တက်လာတယ်..

🌸မျက်ရည်တွေနဲ့. ပူဆွေးရတာများလာတဲ့အခါ..
🌸အပြုံးတွေ..ပြန်အသက်ဝင်လာဖို့..နည်းလမ်းတွေရှာတက်လာတယ်

🌸အပေါ်ယံတွေနဲ့လာပတ်သတ်ပီးလူလည်ကြခံရတာများလာတဲ့အခါ
🌸လူတိုင်းကိုယုံကြည်တဲ့စိတ် အဖော်မတ်တဲ့စိတ်တွေ
🌸အကောင်းအဆိုးခွဲခြားပီး...တယောက်ထဲနေတက်လာတယ်

🌸ကို့ကိုယ်ကို ချစ်တက်လာတဲ့အခါ
🌸အထီးကျန်ခြင်းတွေ နည်းပါးလာတယ်

🌸မိမိကသာ...ကိုယ့်ရဲ့...အားကိုးရဆုံး...ပဲ့ကိုင်ရှင်ပါ🌸

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


နေ့တိုင်းဖတ်ရန် (၂၂) ချက်

နေ့တိုင်းဖတ်ရန် (၂၂) ချက်
🍒🍒🍒🍒🍒🍒🍒🍒

(၁) ပြုံးပါ။

(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။

(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။

(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။

(၅) မိမိ အမှားကို လျှင်လျှင် မြန်မြန်
လေးလေးနက်နက် ဝန်ခံပါ။

(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။

(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။

(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။
( ဂရုတစိုက်နှင့် နားထောင်ပါ )

(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။

(၁၀) ကိုယ်ချင်းစာ တတ်အောင် ကြိုးစားပါ။

(၁၁) ရိုးသားစွာ ချီးကျူးပါ။ (ရက်ရက်ရောရော ရှိပါစေ)

(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။

(၁၃) တစ်ဖက်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။

(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
ဝမ်းမြောက် ဝမ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။

(၁၅) အခြားသူများပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ။

(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို မှတ်သားထားပါ။

(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင်
လုပ်ပေးပါ။

(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။

(၁၉) တစ်ဖက်သားကို ကြင်နာယုယပါ။ (ရိုသေလေးစားပါ)

(၂၀) တစ်ဖက်သားဘက်မှ နေ၍
အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင်
စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။

(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတက်ပါစေ။

(၂၂) " အကြင်သူသည် ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊
ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊
အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊
ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ ''

အထက်ပါ စာကြောင်းလေးများသည် အကျဉ်းချုပ် ၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။

💕Nay ThuRain💕
Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


•• သူများအိပ်တဲ့အခါ ကိုယ်က လေ့လာပါ ~~~

•• သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

•• သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

•• သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

•• သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

•• သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

•• သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

•• သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

•• သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

•• သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~။

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


စိတ်ဓါတ်မကျပါနဲ႔

»>စိတ်ဓါတ်မကျပါနဲ့«<

> ဖိနပ်မရှိတိုင်း………ငိုနေမိရင်
> ခြေထောက်မရှိသူ………သတိရပါ။

* အလုပ်အဆင်မပြေတိုင်း ……စိတ်ညစ်နေရင်
* ထမင်းငတ်နေသူတွေကို ……သတိရပါ။

> မိမိချစ်ခင်မိသူတွေအကြား စကားများရန်ဖြစ်မိရင်
> ထီးကျန်နေသူတွေကို …ပြေးမြင်လိုက်ပါ။

* လောကမှာ ငါပဲ ကံဆိုးနေတာလားလို့ တွေးမိရင်
* ကမ္ဘာပေါ်မှာ ဒုက္ခပေါင်းစုံရောက်နေသူတွေကို ပြေးမြင်လိုက်ပါ။

> ချစ်သူက စွန့်ပစ်သွားလို့ ……အသည်းကွဲမိရင်
> စွန့်ပစ်ခံ မိဘမဲ့ကလေးငယ်များရဲ့ ဝေဒနာကို ဝင်ခံစားကြည့်ပါ။

* အလုပ်ပြုတ်သွားလို့ ……စိတ်ညစ်နေမိရင်
* အလုပ်လက်မဲ့ ဖြစ်နေသူတွေကို သတိရလိုက်ပါ။

> စက်ဘီးစီးရတဲ့ ဘဝကို စိတ်ဓါတ်ကျမိရင်တော့
> လမ်းလျှောက်နေရသူတွေကိုသာ သတိထားကြည့်လိုက်ပါတော့ဗျာ။

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ