🍁ဘဝဆိုတာ မာရသွန်ပွဲ တပွဲလိုပဲ.....

🍁ဘဝဆိုတာ မာရသွန်ပွဲ တပွဲလိုပဲ.....

🍁ပြေးရင်းလွှားရင်းနဲ့ ရုန်းကန်နေကြရတာ.....

🍁တခါတလေ အနာတရတွေ ရှိချင်ရှိမယ်.....

🍁အခက်အခဲတွေ ရှိချင်ရှိမယ်.....

🍁ဘာပဲဖြစ်ဖြစ် မင်း ရှေ့ဆက်ပြေးနေရမယ်.....

#SoeNaing💕


🍁တချို့ လူတွေက ကျီအာသီးလိုရယ်.....

🍁တချို့ လူတွေက ကျီအာသီးလိုရယ်.....

🍁အပြင်က ဟန်ဆောင်နေပေမဲ့.....

🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပုပ်တာ.....

#SoeNaing💕


🍁တနေ့တနေ့

🍁တနေ့တနေ့ သတင်းတွေကြည့်ရင်း...

🍁တခါတလေဆို ဝမ်းနည်းလွန်းလို့ မျက်ရည်ပါကျတယ်...

🍁ဒီလောက် လူစိတ်မဲ့ရကောင်းလား...

🍁ဒီလောက် ယုတ်မာရကောင်းလား ဆိုပြီး...

🍁ဆုတောင်းပေးတာပဲ တတ်နိုင်တဲ့ ငါ့ကိုငါလည်း...

🍁တာဝန်မသိတတ်ဘူးလို့ ခံစားရပါတယ်...
#SoeNaing💕

🍁မတရားမှုကိုမှ နှစ်သက်တဲ့သူ...

🍁ယုတ်မာတာကိုမှ သဘောကျတဲ့သူ...

🍁ကိုယ်ဖြစ်တာမှ မဟုတ်တာ ကိုယ်နဲ့မှ မဆိုင်တာ ဆိုပြီ...

🍁နည်းနည်းမှ ဝမ်းမနည်း.....

🍁ကိုယ်ချင်းစာစိတ် မရှိတဲ့...ကျပ်မပြည့်တဲ့ အတွေးအခေါ်နဲ့...

🍁အောက်တန်းစား လူယုတ်မာ တွေကလည်း...

🍁သက်သက်ကိုရှိကြသေးတာ...ဒီဘဝတော့...

🍁အသိဉာဏ်ရော အတွေးအခေါ်ရော စိတ်ဓာတ်ရောကတော့...

🍁လူစဉ်မီတော့မှာ မဟုတ်ဘူး မင်းတို့ကတော့......
#SoeNaing💕


🍁တခါတလေ တယောက်တည်း တွေးနေမိတယ်...

🍁တခါတလေ တယောက်တည်း တွေးနေမိတယ်...

🍁ငါ့မှာ မှန်မှန်ကန်ကန် တွေးခေါ်နိုင်တဲ့ အသိဉာဏ်ရယ်...

🍁အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်ရယ်...

🍁ကိုယ်ချင်းစာတဲ့စိတ်ရယ်...

🍁လူပီသတဲ့စိတ်လေး ရှိနေတာကိုပဲ...

🍁ဒီဘဝမယ် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမိတယ်...

🍁ကျေးဇူးတင်နေမိတယ်...

#SoeNaing💕


🍁ပြန်မပြောတတ်လို့ မဟုတ်ဘူး..... 🍁ပြောဖို့မတန်လို့ တုမပြောတာ.....

🍁ပြန်မပြောတတ်လို့ မဟုတ်ဘူး.....

🍁ပြောဖို့မတန်လို့ တုမပြောတာ.....

🍁ဦးနှောက်ရော လူစဉ်ရော မမီတဲ့သူတွေနဲ့.....

🍁ကိုယ်တိုင်က လူယုတ်မာ ဓာတ်ခံရှိနေတော့.....

🍁ယုတ်မာတာတွေကိုပဲ သဘောကျနေကြတဲ့.....

🍁အောက်တန်းစား မျိုးရိုးတွေ.....

🍁အမှန်တရားဆိုတာ ဘယ်နားဝင်ပါ့မလဲ.....

🍁မင်းတို့ ဒုက္ခရောက်တဲ့ အချိန်မှ မျက်ရည်မခြူနဲ့.....

🍁အဲဒါ မင်တို့ စိတ်ဓာတ်နဲ့တန်တဲ့ တန်ပြန်အပြစ်ပဲ.....
#SoeNaing💕


🍁ဟိုလူက မခေါ်လို့ ဒီလူက မခေါ်လို့ ဆိုပြီး.....

🍁ဟိုလူက မခေါ်လို့ ဒီလူက မခေါ်လို့ ဆိုပြီး.....

🍁တယောက်တည်း ဝမ်းနည်းနေမဲ့သူတော့ မဟုတ်ဘူး.....

🍁ကိုယ့် ပုံစံ ကြိုက်ရင်ပေါင်း မကြိုက်ရင်တော့ ဂျောင်း ပဲ.....

🍁အပိုတွေ သိပ် ဟန်မဆောင်တတ်ဘူး.....

#SoeNaing💕


🍁လူတိုင်းက ကိုယ့်အတွက် အရေးမပါသလို.....

🍁လူတိုင်းက ကိုယ့်အတွက် အရေးမပါသလို.....

🍁ကိုယ်လည်း လူတိုင်းကို ဂရုစိုက် မနေချင်ဘူး.....
#SoeNaing💕


❄ခွေး စကားပုံ တချို့❄

❄ခွေး စကားပုံ တချို့❄

၁။ခွေးပါးစပ်က နတ်စကားထွက်
၂။ခွေးကျင့်ခွေးကြံ
၃။ခွေးနေရာမရသ၍ကတော့
၄။ခွေးပြောခွေးယုံ
၅။ယုန်တောင်ပြေး ခွေးမြောက်လိုက်
၆။လူမလေး ခွေးမခန့်
၇။မင်းတုုတု ခွေးသေသေ သွေးတွေတွေယိုဘိ
၈။ခွေးကျ ဝက်ကျ
၉။ခွေးမြီးကောက် ကျည်တောက်စွပ်
၁၀။ဟောင်လွန်းသောခွေး လူမလေး
၁၁။တောင်ကူး မြောက်ပြေး ရွာဆော်ကြီးခွေး
၁၂။ခွေးစကားယုံ ခြုံမှာစောင့်တဲ့ ပုဏ္ဍား
၁၃။ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက်
၁၄။ခွေးရူးကောင်းစား တမွန်းတည့်
၁၅။ခွေးဟောင်လို့ တောင်မရွေ့
၁၆။ခွေးလေးအရောဝင် ပါးယက်နားယက်
၁၇။ခွေးသူခိုး အိုးလည်ပင်းစွပ်
၁၈။သောင်ပြင်မှာ လွှတ်တဲ့ခွေး
၁၉။ကြောင်ကျမကျ ခွေးကျ ကျ
၂၀။လူပု စိတ်တို ခွေးပုရန်လို

🍁သူငယ်ချင်းတို့ အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ🍁
#SoeNaing💕


💞ငယ်ငယ်က

💞ငယ်ငယ်က ၂၉ ၃၀ ဆိုရင်.....

💕အသက်ကြီးသွားပြီ ထင်ခဲ့တာ.....

💞ခုတော. ခုနှစ်တွေသာ ပြောင်းသွားတယ်.....

💞အသက်ကြီးသွားပြီလို့ အမှတ် မထားမိဘူး.....

#SoeNaing💕


🍁စာတွေ ဘယ်လောက် တတ် တတ်.....

🍁စာတွေ ဘယ်လောက် တတ် တတ်.....

🍁ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ  ချမ်းသာ.....

🍁တရားတွေ ဘယ်လောက် ထိုင် ထိုင်.....

🍁ကိုယ်ချင်းစာစိတ် စာနာစိတ်လေးမှ မရှိရင်.....

🍁မင်းဟာ "လူ" မပီသသေးဘူး.....
#SoeNaing💕


အတ္တသမားတွေနဲ့ တွေ့တဲ့အခါ ကိုယ်မှန်နေရင်တောင် ပြိုင်မပြောဘူး ။

အတ္တသမားတွေနဲ့ တွေ့တဲ့အခါ
ကိုယ်မှန်နေရင်တောင် ပြိုင်မပြောဘူး ။

အငြင်းသန်သူတွေနဲ့ တွေ့တဲ့အခါ
ကိုယ်သိနေတာတောင် ပြိုင်မငြင်းဘူး ။

ရန်လိုသူတွေနဲ့ တွေ့တဲ့အခါ
စကားပြန်ပြောဖို့ကို စိတ်မကူးမိဘူး ။

လူဆိုတာ အမှန်တရားဆိုတာထက်
ငါစွဲ စွဲနေတဲ့ အတ္တသမားတွေက
ပိုများနေမှန်း အချိန်မှီသိခဲ့ရလို့ပေါ့  ။  ။

စာတွေနဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ😍
Credit: လွှမ်းရစ်ဖူး((Hlwan Yit Phoo))

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


✍🏻လူတစ်ယောက်ကို အသည်းခွဲတဲ့အခါ

✍🏻လူတစ်ယောက်ကို အသည်းခွဲတဲ့အခါ
ထားခဲ့မယ်လို့မခံစားမိ‌အောင်ကို အရမ်းချစ်ပေးပြီး
မထင်မှတ်ထားတဲ့အချိန်မှာမှချန်ထားခံခဲ့ရတာပါတဲ့

✍🏻ဒါဆို အသည်းမကွဲအောင် ဘယ်လိုနေရမလဲ
ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ထက် ဘယ်သူ့ကိုမှ
ပိုမချစ်မိပါစေနဲ့။

✍🏻လူတွေရဲ့စိတ်ဆိုတာ ပြောင်းလဲမြန်တာကြောင့် ကိုယ့်ရဲ့စိတ် ထက် ဘယ်သူ့ကိုမှ ပိုမယုံနိုင်တာကြောင့်ပါ။

✍🏻ထားသွားခံရမှာကို ‌ထိတ်လန့်နေရမယ့် ပူလောင်တဲ့ ချစ်ခြင်းတွေထက် တစ်ယောက်တည်းနေပြီး လွတ်လပ်နေတဲ့ ဘဝလေးက ဘယ်လောက်တောင် သာယာလိုက်သလဲ။

✍🏻အပူအပင်ကင်းကင်းနဲ့ချစ်နိုင်မယ့် ချစ်ခြင်းမျိုးမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် စိတ်အပင်ပန်းခံပြီး
ဆွဲမထားပါနဲ့။

✍🏻ထွက်သွားချင်တဲ့သူကို ဆွဲထားရတာက ဘဝမှာ စိတ်အပင်ပန်းဆုံး နဲ့ အနာကျင်ဆုံး အလုပ်ပါပဲ.......

#က‌ဗျာ_  Nawe

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


"အရွဲ့မတိုက်ပါနဲ့"

"အရွဲ့မတိုက်ပါနဲ့"

🍁စိတ်ညစ်နေတဲ့အချိန်မှာ
စိတ်ထင်ရာတွေ မလုပ်မိပါစေနဲ့
မခံချင်တဲ့စိတ်တွေကြောင့် သူတစ်ပါးကို
အရွဲ့တိုက်မိရင် တကယ်ရွဲ့သွားမှာက ကိုယ်ပါ။

🍁ငါ ဒီလောက်ကောင်းနေရဲ့သားနဲ့
ငါ့ အပေါ်ကျတော့ မသိတတ်ဘူးဆိုပီး
ပြိုင်ပီး မရွဲ့လိုက်ပါနဲ့
သင် ကောင်းတာတွေက အဆိပ်ဖြစ်သွားတတ်တယ်။

🍁ချစ်ရသူနှစ်ဦး မကျေနပ်ချက်တွေကြောင့်
အပြိုင်အရွဲ့တိုက်မိကြရင် နောက်ဆုံးရလဒ်က
အဆိုးတွေပဲဖြစ်ပီး အရွဲ့တိုက်မှူတွေကြောင့်
နှလုံးသားရင်ခုန်သံတွေပါ ရွဲ့စောင်းဝေးကွာစေတတ်ပါတယ်။

🍁အရွဲ့တိုက်တယ်ဆိုတာက မရင့်ကျက်ခြင်းရဲ့
သင်္ကေတဖြစ်ပီး ကိုယ်တန်ဖိုးရသူတွေကို
ကိုယ့်အနားက ကိုယ်ကိုယ်တိုင် အဝေးကို
ကန်ထုတ်လိုက်သလိုပါပဲ။

🍁ရင့်ကျက်လာသူတိုင်းက လူတစ်ယောက်ကို
တကယ်စိတ်ကုန်သွားပီဆိုရင် အရွဲ့တိုက်မနေပါဘူး
ကိုယ့်ဘဝထဲက အပြီးတိုင်ထုတ်လိုက်ပြီး
ဥပေက္ခာပြုသွားတတ်တယ်။

   Credit:   🦋Nawe🦋

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


💕နီးစပ်ခွင့် မရှိတော့ဘူး ဆိုပေမဲ့.....

💕နီးစပ်ခွင့် မရှိတော့ဘူး ဆိုပေမဲ့.....

💕လွမ်းနေရုံလေး...ငေးကြည့်ခွင့်တော့.....

💕ရှိသေးတယ် မဟုတ်လား.....

#SoeNaing💕


🍁တစ်စုံတစ်ယောက် ဟာ နေ့တိုင်း.....

🍁တစ်စုံတစ်ယောက် ဟာ နေ့တိုင်း.....

🍁ပျော်ရွှင်ခြင်းတွေ အပြုံး တွေကို.....

🍁ဖန်တီး နိုင်ပါတယ်.....

🍁ဒါပေမဲ့ အဲဒီ တစ်စုံတစ်ယောက် က.....

🍁သင်လည်း ဖြစ်နိုင်တာပဲလေ.....

ref:pinterest

#SoeNaing🍁


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ