🍁ကိုယ့်ကို ထိခိုက်စေမယ့် စကားလုံးတွေနဲ့..... 🍁တိုက်ခိုက်နေခြင်း အတွက်..... 🍁ဥပေက္ခာ ပဲ ပြုလိုက်မယ်.....

🍁ကိုယ့်ကို ထိခိုက်စေမယ့် စကားလုံးတွေနဲ့.....

🍁တိုက်ခိုက်နေခြင်း အတွက်.....

🍁ဥပေက္ခာ ပဲ ပြုလိုက်မယ်.....

#SoeNaing💕


♦အမှားဆိုတာ နည်းသွားတာပဲ ရှိတယ်..... ♦မမှားတော့ဘူးဆိုတာ ရှိကို မရှိဘူး..... >>>ဆရာတော် ဦးဇောတိက

♦အမှားဆိုတာ နည်းသွားတာပဲ ရှိတယ်.....

♦မမှားတော့ဘူးဆိုတာ ရှိကို မရှိဘူး.....

>>>ဆရာတော် ဦးဇောတိက

#SoeNaing


🍁မင်းဘက်က ကြည့်ရင် မမှားသလို.....

🍁မင်းဘက်က ကြည့်ရင် မမှားသလို.....

🍁ငါ့ဘက်က ကြည့်ရင်လည်း မှန်နေတာပဲလေ.....

🍁အမြင်ချင်း မတူတာပဲ ရှိတာ.....

🍁နားလည်းပေးနိုင်ဖို့ပဲ လိုအပ်တယ်.....

#SoeNaing💕


🍁မကောင်းမှု (၈) ခု ရှောင်ရန်🍁

🍁မကောင်းမှု (၈) ခု ရှောင်ရန်🍁

၁။မကျေမနပ် ဖြစ်ခြင်း

၂။အတင်းအဖျင်း ပြောခြင်း

၃။မနာလို မရှုဆိတ်ခြင်း

၄။ပြိုင်ဆိုင်ခြင်း

၅။စိုးရိမ် သောက များခြင်း

၆။သံသယ ဖြစ်ခြင်း

၇။ကြောက်ရွံ့ ထိတ်လန့်ခြင်း

၈။မုန်းတီးခြင်း

Ref:Pinterest

#SoeNaing


🍁လျှို့ဝှက်ရမယ့် အရာ ၃ ခု🍁

🍁လျှို့ဝှက်ရမယ့် အရာ ၃ ခု🍁

၁။သင့် ချစ်ရေးချစ်ရာ...

၂။သင့် ဝင်ငွေ...

၃။သင့် နောက်ထပ် လှုပ်ရှားမှု...

Ref:Quotling

#SoeNaing💕


ဗန်းမော်ဆရာတော်၏ ပညာပေးစကားပုံ

ဗန်းမော်ဆရာတော်၏ ပညာပေးစကားပုံ

တရားကိုတော့ တေးလိုဆို၊

ဖအေကိုတော့ သားကဆဲ၊

ဆွေမျိုးထဲက ဓားပြတိုက်၊

မိုက်ရဲလျှင်တော့ သောတာပန်၊

မကောင်းကြံက သမာဓိ၊

ရွှေရှိမှ လူလိမ္မာ၊ လိမ်နိုင်မှ သစ္စာရှင်၊

ပညာရှင်ကို ပယ်လို့ထား၊

အချစ်ဆုံးမယားက သစ္စာပျက်၊

ရိုးသားသူကို အရူးလို့ဆို၊

အပျိုငယ်က လင်နေစော၊

အကျႌပါးနှင့် ဥပုသ်သည်၊

ဇရပ်အလယ်မှာ ကိုးယို့ကားယား၊

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊

အပျိုမဖြစ်ခင်က ရည်းစားများ၊

လူဆင်းရဲက သူဌေးယောင်ဆောင်၊

အဝတ်ပြောင်မှ လူရိုသေ၊

လင်ရှိမယားက အပျိုလုပ်၊

မသာပို့ရင်း လူပျိုလှည့်၊

အလှူပေးရင်း ထမင်းရောင်း၊

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊

ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး၊

ဘိုးသူတော်က ဘိုစတောက်ချ၊

အပျိုပေါက်စ နှစ်လင်ယူ၊

လူရင်းနှီးတော့ အတိုးချ၊

သူခိုးဓားပြက လူလို့အော်၊

မရှောင်တမ်းတိုးတော့ တစ်ခုလပ်၊

စပ်စုတော့က အပျိုဟိုင်း၊

နဂိုရိုင်းတော့ လူ့ဂျပန်၊

ဘုရားကျောင်းကန်နှင့် ကပ်လို့လိမ်၊

ပုရဝုန်အတွင်းမှာ အိမ်ထောင်ကျ၊

မယ်သီလက အနုဆေးဖော်၊

ရတနာသုံးပါးကို မကြည်ညို၊

ကြေးစည်အို တနောင်နောင်နဲ့

ဘိန်းစားပုန်း၊

လူ့လောက၌ စိတ်ကူးယဉ်၊

ပွဲသဘင်ပါမှ အလှူဖြစ်၊

ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊

စာ မတတ်သူက တရားပြ၊

အသက်မွေးမှုနှင့် ရဟန်းတု၊

အမှန်ပြောလျှင် အမုန်းပွား၊

ဇာတ်သမားမှ လူခေါ်ချင်၊

သူတော်စင်ကို ပယ်၍ထား၊

ကျွေးမွေးသူက ကျွန်နှင့်တူ၊

ကြွေးယူသူက သခင်ဖြစ်၊

မုန့်ပေးလျှင် ကျမ်းဂန်တတ်၊

ရွှေကပ်တဲ့ဘုရားမှ လူရိုသေ၊

အဖေအမေက ကျွန်နှင့်တူ၊

သားသမီးက သခင်ဖြစ်၊

ခေတ်ကြီးကိုတော့ အပြစ်ဆို၊

ကိုယ့်ကိုယ်ကိုကျ အကောင်းပြော၊

မတရားသူအား အကြောက်များ၊

ဥပုသ်သည်၌ အကောင်းကြိုက်၊

ဂုံးတိုက်တော့ ကျေးဇူးရှင်၊

ဖြောင့်မှန်နေလျှင် လူ မသုံး၊

အကျႌပါးဝတ်တော့ ဂုဏ်ထင်ပေါ်၊

သူတော်စင်မှာ အကျင့်ပျက်၊

သုတ်အဘိဓမ္မာ တရားခက်၊

သင်္ဂြ ိုလ်ကျက်ရင်း ငါးကိုထောင်၊

ဥပုသ်ဇရပ်မှာ ခိုက်ရန်ဖြစ်၊

သီလယူရင်း မျက်စ ပစ်၊

မေတ္တာပို့ရင်း ဒေါသထွက်၊

သဒ္ဓါလွန်တော့ တဏှာကျွန်ဖြစ်လို့၊

#သူတော်ကောင်းတို့_တရားပျက်ကြပြီ။       ။

#ဖတ်မှတ်ခဲ့ဖူးသမျှထဲမှ

Via KokoJittu
Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


ရှေးထုံး အစဉ်အလာ

ရှေးထုံး အစဉ် အလာ

၀၁ ။ အိမ်မှာလုံးစုံ ပတ်လည်အုံ ဆီဆုံမရှိကောင်း ။

၀၂ ။ ပဒိုင်း ၊ ခတ္တာ ၊ ပဲကြီးဝါ နီးစွာ မစိုက်ကောင်း ။

၀၃ ။ မျောက်နှင့် ဖရုံ နီးစိုက်တုံ ဖျင်းသုဉ် ပျက်တတ်ကြောင်း ၊

၀၄ ။ အိမ်ရှေ့မှာသာ နွားထားရာ မြန်စွာ ပျက်စီးကြောင်း ။

၀၅ ။ ထဘီ ၊ တဘက်လျှင် ပခုံးတင် ဆွဲငင် မရိုက်ကောင်း ။

၀၆ ။ သား ၊ မြေး တို့ကို သွေးသံယို မျက်လို မရိုက်ကောင်း ။

၀၇ ။ ချိုးကျိုးကျွဲ ၊ နွား ကန်ငြား ဆင် ၊ မြင်း စီးနင်ခြင်း ရှောင်ကွင်း မဝယ်ကောင်း ။

၀၈ ။ ချိုတည်လူးနွား အိမ်မှာထား ၊ စီးပွား ဆုတ်ယုတ်ကြောင်း ။

၀၉ ။ ရွာပြင် ၊ အိမ်ပြင် သေလေလျှင် ရွာအိမ်အတွင်း မသွင်းမယူရ ။

၁၀ ။ မသာပို့ရာ အလောင်ဟာ နောက်မှာထား၍ မပို့ကောင်း ။

၁၁ ။ မသာချသွား အိမ်ရှေ့ပါး ရပ်နား မပြုကောင်း ။

၁၂ ။ တံခွန်ကုက္ကား ၊ ကြက်လျှာများ စိုက်လွှား အိမမှာ မပြုနှင့် ။

၁၃ ။အိမ်ရှေ့ သမိုက် ထရံ၌ စိုက်၍လေးကို မထားနှင့် ။

၁၄ ။ စားဖွယ် သောက်ရံ ခွက်ပန်းကန် အသံမြည်အောင် မချနှင့် ။

၁၅ ။ ရေလဲမည်တွင် ထမီလျှင် အိမ်ရှေ့အပြင် မလှန်းနှင့် ။

၁၆ ။ခေါင်းလျှော်ပြီးလျှင် ထိုဆံပင် နေတွင် မလှန်းနှင့် ။

၁၇ ။ စားဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။

၁၈ ။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငင် မစားနှင့် ။

၁၉ ။ ကိုယ်ဝတ်တသွယ် သားသူငယ် ဓားဝယ် မမြှောက်နှင့် ။

၂၀ ။ အုပ်ဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ ဆန်ကောမှာ ထေးဖာ မသုံးနှင့် ။

၂၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။

၂၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အကျၤ ီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။

၂၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။

၂၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။

၂၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာ မခိုသင့် ။

၂၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။

၂၇ ။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွဝင်လို့ မလျှိုနှင့် ။

၂၈ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။

၂၉ ။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။

၃၀ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။

၃၁ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။

၃၂ ။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။

၃၃ ။လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေ သန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။

၃၄ ။ ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့် ။

၃၅ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။

၃၆ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။

၃၇ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။

၃၈ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။

၃၉ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ဝယ်မှားဘေးဒဏ်ထိ ။

၄၀ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။

၄၁ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။

(ရှေးထုံး အစဉ်အလာ နာနာယနိဒ္ဒေသ ၊ ဘသင်း ၊ အင်းပေါ်ကြီးညှိုးကုန်းကျောင်းဆရာတော် ၊ သုတသန္ဒိယကျမ်း ၊ ၁၉၇၃)

ဆက်လက်လေ့လာလိုသူများ အတွက်အညွှန်း - မြန်မာ့ သမိုင်း နိဒါန်း (ရေး)ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ) ၊ မန္တလေး တက္ကသိုလ် ။

Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


🙏🙏🙏မန ္တလေးမြို့ မစိုးရိမ် ပဋ္ဌာန်း ဆရာတော်ဘုရားကြီး ၏ မေတ္တာဆောင်ပုဒ်🙏🙏🙏














                               🙏🙏🙏



#SoeNaing

Zg+Uc+Zg+Uc+Zg+Uc+Zg+Uc+Zg+Uc

🙏🙏🙏မန ္တလေးမြို့ မစိုးရိမ် ပဋ္ဌာန်း ဆရာတော်ဘုရားကြီး ၏ မေတ္တာဆောင်ပုဒ်🙏🙏🙏

💢နေထွက်နေဝင် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်.....

💢အနန ္တငါး ဂုဏ်တော်များ ညွတ်တွား ကန်တော့မယ်.....

💢မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ် မေတ္တာပွားပါ့မယ်.....

💢သစ်ရင်း သစ်ရင်း လျော့ယိုယွင်း ရုပ်ဆင်းသတိထားပါ့မယ်.....

💢တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တတ်တယ်.....

💢ပြိုင်မည့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်.....

💢ကိုယ်အောက်တွေ့လျှင် ဂရုဏာဝင် မဝင်နိုင်က နိုင်တတ်တယ်.....

💢နိုင်မည့်အစား ဂရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်.....

💢ကိုယ့်ထက်သာလျှင် မုဒိတာဝင် မဝင် ဣဿ ယိုင်တတ်တယ်.....

💢ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်.....

💢ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်နိုင်ရ ပြုတိုင်းလှ.....

💢သုခ နိဗ္ဗာန် တိုင်လိမ့်မယ်.....သုခ နိဗ္ဗာန် တိုင်လိမ့်မယ်.........

                               🙏🙏🙏

🌿🌹ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ကြပါစေ🌹🌿

မေတ္တာဖြင့် စာရိုက် ပူဇော်သည်။

#SoeNaing


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ