တခါတရံ ငါကိုယ်တိုင် ဘာလဲဆိုတာတောင် နားမလည်ဘူး.....

တခါတရံ ငါကိုယ်တိုင် ဘာလဲဆိုတာတောင် နားမလည်ဘူး.....


Sometimes I don't understand myself what I'm even. (。•́︿•̀。)

#SoeNaing


❌လိုသုံး မဖြစ်ပါစေနဲ့

❌လိုသုံး မဖြစ်ပါစေနဲ့


❌ကူညီတက်တဲ့စိတ်ဟာ ကောင်းပါတယ်


❌ ဒါပေမယ့် တကယ်ကူညီနိုင်မှကူညီတာ ပိုကောင်းပါတယ်

မကူညီနိုင်တဲ့ အခါ ငြင်းပါ...


❌ပြသာနာ အားလုံက သင်နဲ့မဆိုင်ပါဘူး


❌သင်ဟာ လူတိုင်းရဲ့အလိုမှန်သမျှကို လိုက်လုပ်ပေးနေစရာမလိုဘူး


❌ကြာလာရင် လိုသုံးတစ်ယောက် ဖြစ်သွားနိုင်ပါတယ်


❌လူတွေက အလွယ်တကူရနိုင်တဲ့ အရာဆိုရင် တန်ဖိုးမထားတက်ကြပါဘူး


❌ကြာလာရင် သင်ဟာ အပေါစားတစ်ယောက်ဖြစ်လာနိုင်ပါတယ်

     

❌သင့်ရဲ့ တန်ဖိုးကို အကျမခံပါနဲ့


❌အပေါင်းအသင်းပေါတာ ကောင်းပါတယ်


❌ဒါပေမယ့် ကိုယ့်ကိုတန်ဖိုးမထားတဲ့မိတ်ဆွေယောက်တစ်ရာရှိတာထက်


❌ကိုယ့်ကို တန်ဖိုးထားတဲ့ သူငယ်ချင်းအနည်းငယ်ရှိတာက ပိုကောင်းပါတယ်😍


❌တစ်ချို့လူတွေရဲ့ လိုမှအသုံးခံရတဲ့ လိုသုံးတစ်ယောက် အဖြစ်မခံပါနဲ့


❌ပြတ်သားသင့်တဲ့အခါ ပြတ်သားတာ ပိုကောင်းပါတယ်


Credit;Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


🏵  ဘဝဇာတ်ခုံ 🏵

🏵  ဘဝဇာတ်ခုံ 🏵

=============


🏵 ငိုချင်ပေမယ့်လည်း…

ပြုံးပြခဲ့ရတာတွေရှိခဲ့ဖူးတယ် ။


🏵 ပြောချင်ပေမယ့်လည်း…

နှုတ်ပိတ်ခဲ့ရတာတွေရှိခဲ့ဖူးတယ် ။


🏵 နာကျင်ပေမယ့်လည်း…

ကြိတ်မှိတ်ပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်။


🏵 စိတ်လှျှော့ချင်ပေမယ့်လည်း…

အားတင်းပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်။


🏵 အရှုံးပေးချင်ပေမယ့်လည်း ...

ရည်ရွယ်ချက်တွေအတွက်

ကြိုးစားနေရတာတွေရှိခဲ့ဖူးတယ်။


🏵 ပေါက်ကွဲချင်ပေမယ့်လည်း…

ရင်ထဲမျိုချလိုက်ရတာတွေလည်းရှိခဲ့ဖူးတယ်။


🏵 ပြောဖို့စကားလုံးတွေ ရှိနေပေမယ့်လည်း…

စာနာထောက်ထားပြီး

သည်းခံရတာတွေရှိခဲ့ဖူးတယ် ။


🏵 အနိုင်ယူလို့ရပေမယ့်လည်း…

အခြေအနေအရ

အရှုံးပေးလိုက်ရတာတွေရှိခဲ့ဖူးတယ်။


🏵 ရင်နာပေမယ့်လည်း…

ဟန်ဆောင်နေရတာတွေလည်း ရှိခဲ့ဖူးတယ်။


🏵 ရင့်ကျက်လာတဲ့

လူတစ်ယောက်ဖြစ်ဖို့က

ဘဝဇာတ်ခုံမှာ……

ပုံစံအမျိုးမျိုးသရုပ်ဆောင်လာခဲ့ရတာပါ။


🏵 ဒါတွေဟာ……

ကျော်ပြီး ဖတ်လို့ မရသလို

မဖတ်ချင်လို့လည်း မရတဲ့

လောကဓံကပေးလာတဲ့

သင်ခန်းစာတွေပါ။


🏵 ဘဝဆိုတာကလည်း…

ကိုယ့်ဘဝကိုတစ်နေ့ နဲ့ တစ်နေ့

ကောင်းလာအောင်

တော်လာအောင်……

လှပလာအောင်……

မရိုးနိုင်တဲ့(Character) အမျိုးမျိုးနဲ့

ဖြတ်သန်းကျော်ဖြတ်ရတာပါ ။


🏵 ဒါကြောင့်……

လဲနေရင် ကိုယ့်ကို်ယ်ကိုပြန်ထနိုင်ရမယ်…

ယိုင်နေရင် ကိုယ့်ကို်ယ်ကိုပြန်တည့်နိုင်ရမယ်

စောင်းနေရင် ကိုယ့်ကို်ယ်ကိုပြန်မတ်နိုင်ရမယ်

ကျနေရင် ကိုယ့်ကို်ယ်ကိုပြန်ကောက်နိုင်ရမယ်


🏵 ဘဝဆိုတာကိုယ်အရှုံးပေးမှ……

ရှုံးတာမဟုတ်လား……

ကိုယ့်ကအရှုံးမပေးသရွေ့တော့

ဘယ်တော့မှမရှုံးပါဘူး ။


🏵 ခဏတာယာယီဆုံးရှုံမှုတွေကို

ထာဝရဆုံးရှုံးမှုလို့

ဘယ်တော့မှ...

မသက်မှတ်လို်က်ပါနဲ့ ။


🏵 ကိုယ့်ဘဝရဲ့ဖန်တီးရှင်

ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ

ကိုယ်ကို်ယ်တိုင်ပါပဲ ။


🏵 ဒီတော့……

ကိုယ်လိုချင်တဲ့….

အောင်မြင်မှု / အေးချမ်းမှု

စိတ်ချမ်းသာမှု / ပျော်ရွှင်မှုတွေဟာ

အဝေးကြီးမှာ

သွားရှာစရာမလိုပါဘူး။

ကိုယ့်ရဲ့လက်ထဲမှာဆိုတာ

မမေ့လိုက်ပါနဲ့။


🏵 ကိုယ်အားငယ်ရင်

ကိုယ်ကျရှုံးမှာပဲ ။


🏵 ကိုယ်အရှုံးပေးရင်…

ကိုယ်အောင်မြင်မှုနဲ့ဝေးမှာပဲ ။


🏵 ကို်ယ်မုန်းရင်…

ကိုယ်ပူလောင်မှာပဲ ။


🏵 ဒါကြောင့်…

လောကရဲ့

ဘဝဇာတ်ခုံပေါ်မှာ…

ဘယ်လို(Character)မျိုးပုံစံနဲ့ပဲကျကျ


🏵 ကိုယ့်ရဲ့ဘဝကို

အကောင်းဆုံးဖြစ်အောင်

အတော်ဆုံးဖြစ်အောင်

လှပအောင်

ဒီထက်ပိုပြီး ဆိုးရွားမသွားအောင်

ကြိုးစားပြီး သရုပ်ဆောင်နိုင်ဖို့ပါပဲ ။

Credit@Original

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


မင်း ဘာတွေ ဘယ်လောက်.....

မင်း ဘာတွေ ဘယ်လောက်.....

လုပ်နိုင်တယ်ဆိုတာထက်.....

မင်း လုပ်တဲ့ အလုပ်မှာ.....

ဘယ်လောက် စေတနာ မေတ္တာ ထားလဲဆိုတာ.....

ပို အဓိကကျပါတယ်.....

#SoeNaing


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ