ကိုယ့်သိက္ခာ ကိုယ်ယုံရင် ……

❖ ကိုယ့်သိက္ခာ ကိုယ်ယုံရင် ……

    ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။


❖ ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ……

    ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။


❖ ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ……

    ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။


❖ ကိုယ့်စေတနာ ကိုယ်မှန်နေရင် ……

    ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။


❖ ကိုယ့်အကြောင်း ကိုယ်သိနေရင် ……

    ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။


✿ သီလမလုံတဲ့သူက လူတိုင်းကို……

ကြောက်နေရတတ်တယ်။


✿ အရည်အချင်းမရှိတဲ့သူက ……

    ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။


✿ ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက ……

    သူများကို မယုံမကြည် ဖြစ်တတ်တယ်။


✿ ကိုယ့်စေတနာ မမှန်တဲ့သူက ……

    စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။


✿ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတော့……

    သူများသိအောင် ကြွားတတ်ကြတယ်။


❖ အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။


❖ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။

ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ

မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။


✿ ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။

ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။

ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။


လေးစားစွာဖြင့်

#Credit- မူရင်း

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕


ရင့်​ကျက်​သွားတဲ့အခါ


င့်ကျက်သွားတဲ့အခါ

<><><><><><><><>


အပိုစကားတွေထက်

လိုအပ်သလောက်ဘဲ

ပြောတက်တာကိုသဘောကျလာတယ်


လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း

အချိန်ပိုတွေ

အရင်လိုမများတော့ဘူး


ခေါ်ထူး မေးဖြေဆက်ဆံရေးတွေနဲ့

ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို

ဝေးဝေးကရှောင်တက်လာတယ်


ပျော်စရာတွေများပေမယ့်

အရင်လိုသိပ်ပြီး

မပြုံးဖြစ်တော့ဘူး


ကြုံလာရတဲ့ပြဿနာတွေကိုလဲ

ခေါင်းအေးအေးထားပြီး

ရင်ဆိုင်ဖြေရှင်းနိုင်လာတယ်


သောကဖြစ်စရာတွေကို

အကြားကြီးတွေးမနေတော့ဘူး

စိတ်အေးချမ်းဖို့ပဲ အဓိကထားပြီးနေတက်လာတယ်


အတွေ့အကြုံတွေများလာတာနဲ့အမျှ

အရင်ကထက်

စာတွေပိုဖတ်ဖြစ်လာတယ်


ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက်

ကိုယ်ဘေးကလူတွေအဆင်ပြေဖို့

ပိုပြီးဂရုစိုက်တက်လာတယ်


ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ

တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့

ကြိုးစားဖြေတွေးတက်လာပြီး


နာကျင်စရာအကြောင်းတွေကို

အရင်ထက်ပိုပြီး

မြိုသိပ်နိုင်လာတယ်


ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို

အရင်လိုတုန့်ပြန်မနေတော့ဘူး

ဥပေက္ခာစိတ်နဲ့သည်းခံတက်လာတယ်


ချစ်ခြင်းမုန်းခြင်းတွေကိုလဲ

မျှမျှတတ ခံစားတက်လာပြီး

အရင်လိုအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး


ကိုယ်တကယ်လိုအပ်တာနဲ့

လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ

ဘယ်အရာကအရေးကြီးသလဲလို့

တွေးဖြစ်လာတယ်


အကောင်း နဲ့အဆိုးကို

တည်တည်ငြိမ်ငြိမ်နဲ့

ခွဲခြားနိုင်လာတယ်


လောကထဲက

တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့

ကိုယ်ကျော်ဖြတ်လာရတဲ့

အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ

ကံတရားရဲ့အနိမ့်အမြင့်အတိုင်းပဲ

လိုက်ပါနိုင်ဖို့ကြိုးစားရင်း

ဘဝဟာ အရင်ထက်ပိုပြီး နေသာထိုင်သာ ရှိလာတယ်။


Phothar(AyarHan)

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕

မဖြစ်​နိုင်​မှန်း သိတယ်​.....

မဖြစ်​နိုင်​မှန်း သိတယ်​.....
ဒါ​ပေမယ့်​...ငါ.........

မျှော်​လင့်​​နေတုန်းပဲ.....

စွန့်​လွှတ်​လိုက်​ရမှာ​ကြောက်​တဲ့စိတ်​.....

တစ်​ခုတည်း​ကြောင့်​​တော့...

မဟုတ်​ဘူး ​နော်​......

ရှေ့ဆက်​ရမယ့်​​နေ့ရက်​​တွေအတွက်​......

ငါ......​နောင်​တ​တွေနဲ့...မဖြတ်​သန်းချင်​လို့.....
#SoeNaing 

ကြုံရဆုံရ_လူ့ဘဝ 

🌿 #ကြုံရဆုံရ_လူ့ဘဝ 🌿
▪▪▪▪▪▪▪▪▪

🌸 အရှုံးပေးတတ် သူတွေ
🌸 အနိုင်ကျင့်ခံရတယ်...!!

🌼 ခွန်းတုံ့မပြန်တတ် သူတွေ
🌼 ဖိနှိမ်ခံရတယ်...

🍁 အနေအေး သူတွေ
🍁 အတိုက်ခိုက် ခံရတတ်တယ်...

🌹 အတ္တနည်း သူတွေ
🌹 ဘာမှမရှိဖြစ်တတ်တယ်....

🌻 ကိုယ်ချင်းစာတတ် သူတွေ
🌻 ပြဿနာပေါင်းစုံ ဖြေရှင်းရတတ်တယ်...

🌷 တစ်ခါတစ်ရံမှာ
🌷 လူညံ့တွေကြောင့်
🌷 လူကောင်းတွေရဲ့အဖိုးတန်အချိန်တွေ
🌷 ပျက်စီး သွားရတတ်ပါတယ် ...

#Credit

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing

ဒါသစိတ်လေး ဖြစ်ချင်မိတာပေါ့… မပေါက်ကွဲမိအောင်တော့ ထိန်းတတ် လာပြီးလေ။í

💢 ဒေါသစိတ်လေး ဖြစ်ချင်မိတာပေါ့… မပေါက်ကွဲမိအောင်တော့ ထိန်းတတ် လာပြီးလေ။
💢 ဝမ်းနည်းစိတ်လေး ဖြစ်မိတာပေါ့… မျက်ရည်မကျမိအောင် ထိန်းတတ်လာပြီးလေ။ 💢 ယုံကြည့်မိချင် ခဲ့တာပေါ့… မယုံပေမဲ့ တဖက်သားစကားကို နားထောင်ပေး တတ်မိလာပြီးလေ။ 💢 စိတ်ပါလက်ပါနဲ့ကူညီပေးတဲ့စိတ်လေးဖြစ်မိတာပေါ့… ဒါပေမဲ့ စိတ်မပါတဲ့အခါလဲ ဝတ္တရားရှိတာကို ကျေ ပွန်အောင် ဆောင်ရွက်တတ်ပြီးလေ။ 💢 စိတ်ထဲရှိတာ ပြောချင်မိတဲ့စိတ်လေးဖြစ်မိတာပေါ့ ပြောချင်ပေမဲ့ အချိန်အခါကြည့်ပြီးမှ ပြောတတ်လာ ပြီးလေ။ 💢 ကိုယ့်မဟုတ်ပဲ ဝေဖန်လေကန်သံတွေကို ခံပြီး ပြန် ရန်တွေ့ချင်တဲ့စိတ်ကလေးတော့ ဖြစ်မိတာပေါ့… မဟုတ်ပဲ စွတ်ဆွဲခံရတဲ့အခါ အပြုံးမပျက် ဖြေရှင်း တတ်လာပြီးလေ။ 💢 အသားလွတ် လာရန်စရင်လဲ ပြန်ပြီးအန်တု လို ပြိုင် ပြောချင်မိခဲ့တာပေါ့…… ဒါပေမဲ့ ခုတော့ အပြုံးမပျက် ခပ်ဟဟ လေးပဲ ရီ တတ်လာပြီးလေ။ 💢 အကြောင်းမရှိပဲ လာချိုးနှိမ်ရင်လဲ…… ပြုံးပြုံးလေးပဲသူတိုမျက်လုံးကို ပြန်ကြည့်တတ်လာ ပြီလေ။ 💢 အထီးကျန်တဲ့အခါ အတွေးတွေကိုအစွန်းမရောက် ဖို့ သတိထားတတ်လာပြီးလေ။ ပျော်စရာကြုံရင် ချစ်သူခင်သူတွေကို ဝေမျှပေးဖို့ သတိရလာတတ်ပြီလေ။ 💢 တကယ့်တော့ တခါတလေ တိတ်ဆိတ်လာတတ် တာဟာ… မာနကြီးလာတာလဲမဟုတ်သလို ဟန်ဆောင်နေတတ်လာတာလဲ မဟုတ်ပါဖူး။ တခါတလေကျ သည်းခံနေလိုက်မိတာပါ။ သည်းခံလိုက်တာဟာ ပြန်မပြောချင်လိုဆိုတာထက် ကိုယ့်ဒေါသစိတ်ကို ကိုယ့်အသိဆုံးမို့ ထိန်းချုပ်လိုက်မိ တာပါပဲ။ Credit#pity ​မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။ #SoeNaing💕💕 

မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ