မှတ်မှတ်သားသားဖြစ်နေမိတဲ့ မြတ်စွာဘုရားရဲ့ စကား (၁ဝ)ခွန်း
၁။ အတိတ်မှာ နှစ်မျောမနေနဲ့၊ အနာဂတ်အတွက်လည်း တွေးပူမနေနဲ့၊ စိတ်ကိုလက်ရှိအချိန်မှာပဲ စူးစိုက်ထားပါ။
၂။ ကျန်းမာခြင်းဆိုတာ အကောင်းဆုံးလက်ဆောင်၊ ရောင့်ရဲခြင်းသည် အကြီးဆုံးချမ်းသာခြင်း၊ သစ္စာစောင့်သိတတ်ခြင်းသည် အကောင်းဆုံး ဆက်ဆံရေး။
၃။ ဖယောင်းတိုင်တစ်တိုင်ကနေ ထောင်ပေါင်းများစွာသော ဖယောင်းတိုင်တွေကို မီးကူပေမယ့် မူလဖယောင်းတိုင်ရဲ့ အလင်းရောင်လျော့ကျမသွားသလိုပဲ ပျော်ရွှင်မှုဆိုတာကလည်း ဝေမျှလိုက်ရင် လျော့ကျသွားတယ်ဆိုတာမရှိပါဘူး။
၎။ လောကမှာ ဖုံးကွယ်မရတဲ့အရာ သုံးခုပဲရှိတယ်။ နေမင်း၊ လမင်းနဲ့ အမှန်တရား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၅။ ကျွန်ုပ်တို့က သူတို့ရဲ့ အတွေးတွေရဲ့ ပုံသွင်းခြင်းကို ခံနေရတယ်။ စိတ်ကရှင်းလင်းနေတယ်ဆိုရင် ပျော်ရွှင်မှုက အရိပ်လိုပဲ လိုက်လာမှာဖြစ်ပါတယ်။
၆။ အရာရာတိုင်းဟာ စိတ်ရဲ့ စေရာပါပဲ။ သင့်ရဲ့ အတွေးတွေအတိုင်းဖြစ်လာမှာဖြစ်ပါတယ်။
၇။ ကျန်းမာချမ်းသာပြီး အေးချမ်းတဲ့မိသားစုဘဝကို တည်ဆောက်ချင်တယ်ဆိုရင် အရင်စိတ်ကိုငြိမ်းချမ်း ချမ်းသာနေအောင် ထိန်းသိမ်းတတ်ဖို့ပဲ လိုပါတယ်။
၈။ ဒေါသစိတ်ဆိုတာ အခြားလူတစ်ယောက်ကို လောင်ကျွမ်းစေလိုတဲ့စိတ်နဲ့ ကိုယ်တိုင်တောက်လောင်နေရတဲ့ မီးခဲကြီးနဲ့တူပါတယ်။
၉။ ကျန်းမာခြင်းဆိုတာ လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။
၁ဝ။ အမှန်တရားနဲ့ သွေဖယ်သွားနိုင်တဲ့ လမ်းနှစ်လမ်းပဲရှိတယ်။ လမ်းအားလုံးကို လျှောက်မကြည့်တာနဲ့ စမလျှောက်တာပဲ။
credit Gadawin. Magazine
မေတ္တာဖြင့်#Soe_Naing
မှတ်မှတ်သားသားဖြစ်နေမိတဲ့ မြတ်စွာဘုရားရဲ့စကား(၁၀)ခွန်း
Subscribe to:
Posts (Atom)
မင်္ဂလာပါ နော်
💕ငါကပဲ အစွဲလမ်းကြီးလို့.....
💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕
လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပုပ်တာ..... #SoeNaing💕
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်ပါ..... #SoeNaing💕