ဘဝရဲ့ မာယာများ

ဘဝရဲ့ မာယာများ
❀❀❀❀❀❀

▪ အေးချမ်းမယ် လို့ ထင်ထားတဲ့ အရာတွေက
🍁 ပူလောင်မှုတွေနဲ့ ပြည့်နှက်နေတတ်တယ်။

▪️သာယာမယ်လို့ ထင်ထားတဲ့ အရာတွေက
🍁 အောင့်သက်သက်နဲ့ အကြိတ်အခဲကို ဖြစ်စေတယ်။

▪️ကြင်နာစရာလို့ ထင်ထားတဲ့ အရာတွေက
🍁 နာကျင်စရာတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေတယ်။

▪️မေတ္တာ ဂရုဏာလို့ ပြောတဲ့အရာတွေက
🍁 ကြိုးတစ်ချောင်းလို နေရာတိုင်းကိုချည်နှောင်ဖို့ ကြိုးစားနေတယ်။

▪️နားလည်မှု ခွင့်လွှတ်မှု လို့ ပြောတဲ့အရာတွေက
🍁 သံသယကြီးထွားမှုသို့ ဦးတည်နေတယ်။

▪️ချစ်ပါတယ် ခင်ပါတယ် ဆိုတဲ့အရာတွေက
🍁အတ္တကိုယ်ရောင် ကိုယ်ဝါတွေနဲ့ ကိုယ်လိုရာ ဆွဲငင်ယူနေတယ်။

▪️တွေ့ရတာ ကံကောင်းတယ်လို့ ထင်ထားတဲ့
🍁 အရာတွေက မတွေ့ခဲ့ရရင် ကောင်းမှာပဲ ဆိုတဲ့
🍁 အတွေးသို့ ပြောင်းလဲစေတယ်။

▪ ရေစက်ရှိလို့ပါ ဆိုတဲ့အရာတွေက
🍁 ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရခြင်း ဆိုတဲ့
🍁 ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတယ်။

▪ ပျော်ရမယ်လို့ ထင်ထားတဲ့ အရာတွေက
🍁 စိတ်ညစ်စရာတွေနဲ့ပဲ နိဂုံးချုပ်မှုတွေ ဖြစ်ဖြစ်သွားတယ်။

▪️မပြောတော့ဘူးလို့ ထိန်းထားတဲ့အရာတွေက
🍁 မခံစားနိုင်တဲ့အခါ ပြောဖြစ်အောင် ပြောထွက်သွားတယ်။

▪️ယုံကြည်ရမယ်လို့ သတ်မှတ်ထားတဲ့
🍁 သူတွေက နောက်ကျောမှာ ဓားကိုင်ပြီး စောင့်နေတယ်။

▪️စေတနာပါလို့ ပြောတဲ့သူတွေက
🍁 ဝေဒနာတွေ ပိုပေးတဲ့သူတွေ ဖြစ်နေတယ်။

▪️အေးချမ်းတယ်လို့ ထင်ထားတဲ့သူတွေဆီက
🍁 မအေးချမ်းမှုတွေ တွေ့နေရတယ်။

▪️ကိုယ့်ကို ဂရုဏာ ဖြစ်လွန်းတဲ့သူတွေကပဲ
🍁 ကိုယ့်ရဲ့အဆင်ပြေမှုအပေါ် မလိုမုန်းထားတွေ ဖြစ်နေပြန်တယ်။

▪️သိပ်ချစ်တယ်လို့ ထင်တဲ့သူတွေက ကိုယ့်ကို
🍁 သိပ်မုန်းတဲ့သူတွေ ဖြစ်သွားပြန်တယ်။

▪️ကြာကြာခိုင်မြဲမယ်လို့ ထင်ထားတဲ့
🍁 အရာတွေက ပျက်စီးမှုတွေ မြန်နေတယ်။

▪️မတည်မြဲဘူးဆိုတာ လက်ခံထားကြပေမယ့်
🍁 တည်မြဲမှုကို မျှော်လင့်ရင်း စိတ်ဆင်းရဲခံနေကြတယ်။

▪️အပြင်ပန်းမှာ အလှတရားတွေ စီကာ
🍁 ထားပေမယ့် အတွင်းပိုင်းမှာ အလှတရားတွေ
မတွေ့ရဘူး။

▪ ပြုံးပြလို့ ခင်လှပါတယ်လို့ ထင်ရတဲ့
🍁 သူတွေက ဒဏ်ရာပေးမယ့် ရန်သူတွေ ဖြစ်နေတယ်။

🍁 ဒီလိုနဲ့ ဘဝဆိုတာ မာယာရင်ခွင်ကြီး
ပါလားလို့ သဘောပေါက်လာတယ်။

🍁 မာယာရင်ခွင်ကြီးထဲမှာ စီးမျောရင်း ကိုယ့်ရဲ့နေ့ရက်တွေကို ဘယ်လိုကုန်ဆုံးစေကြမလဲ။
🍁 ဘဝကတော့ သူ့မာယာနဲ့ သူရှိနေမှာပဲလေ။

🍁 အဲဒီ မာယာကို သာယာမနေဖို့သည်သာ
🍁 မိမိတို့တာဝန် ဖြစ်ပါတယ်။

Credit:ဝင့်ဝါမေ-ရွှေညာမြေ

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ