သိမှတ်သင့်သော လူမှုဆက်ဆံရေးအမူအကျင့်များ

သိမှတ်သင့်သော လူမှုဆက်ဆံရေးအမူအကျင့်များ

═══════════════════════

၁။ သင့်ဆီကို ဖုန်းဝင်လာလို့ ကိုင်ဖို့မအားဘူးဆိုရင် အနည်းဆုံးတော့ "နောက်မှ ပြန်ခေါ်မယ်" ဆိုတဲ့ စာလေး ပို့ဖြစ်အောင် ပို့လိုက်ပါ။


၂။ သူတစ်ပါးရဲ့ ဖုန်း သို့မဟုတ် ကွန်ပျုတာကို သုံးတော့မယ်ဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်မပါပဲ ဘယ်တော့မှ မသုံးပါနဲ့။ ခွင့်ပြုချက်ပါရင်တောင် သူတစ်ပါးရဲ့ ဖုန်းကို မွေတာတို့၊ ကလိတာတို့ မလုပ်သင့်ပါ။


၃။ သင့်ချစ်သူနဲ့ လမ်းခွဲတော့မယ်ဆိုရင် ဖုန်းကနေစာပို့ပြီး မပြောပါနဲ့။ လူချင်းတွေ့ပြီး ထိပ်တိုက်ဖြေရှင်းပါ။


၎။ သင့်တို့သူငယ်ချင်းတွေ မုန့်ဝိုင်းစားတဲ့အခါမှာ နောက်ဆုံးကျန်တဲ့ မုန့်ကို ဝယ်ကျွေးတဲ့ သူငယ်ချင်းအတွက် ချန်ထားလိုက်ပါ။


၅။ သင့်လက်တွေ ဖုန်းမကိုင်နိုင်တော့တဲ့ အချိန်ကျမှ ဖုန်းစပီကာ (speaker) ဖွင့်ပြီး ပြောပါ။ နှစ်ကိုယ်ကြား ပြောဆိုတဲ့ စကားတွေမှာ speaker ဖွင့်ပြီး ပြောတာမျိုး ရှောင်ကြဉ်ပါ။


၆။ သင့်ဖုန်းနဲ့ သီချင်းနားထောင်တာတို့ ဂိမ်းကစားတာတို့ ပြုလုပ်နေမယ်ဆိုရင် အသံကိုလျှော့ထားပါ။ သင့်ဖုန်းသံက လူတွေကို အနှောက်အယှက် ဖြစ်စေလို့ပါ။


၇။ သင့်ကို သူငယ်ချင်းတွေက အိမ်ပြောင်းရွှေ့ဖို့၊ အဆောင်ပြောင်းဖို့ ကူတယ်ဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ကို ထမင်းဟင်းလေး ဒါမှမဟုတ် မုန့်တစ်ခုခု လုပ်ကျွေးလိုက်ပါ။


၈။ တစ်စုံတစ်ယောက်နဲ့ အငြင်းပွားတော့မယ့် အရိပ်အခြေရှိရင် လူအများရှေ့မှာ မငြင်းခုံမိပါစေနဲ့။ အခြားသူတွေကို အနှောင့်အယှက် မဖြစ်စေမယ့် နေရာမျိုးကို ရွေးချယ်လိုက်ပါ။


၉။ တစ်စုံတစ်ယောက်ရဲ့ အိမ်မှာ ညအိပ်တည်းခိုခဲ့ရင် ကိုယ်အိပ်ခဲ့တဲ့ အိပ်ယာကို သိမ်းပေးခဲ့ဖို့ မမေ့ပါနဲ့။


၁ဝ။ သူတစ်ပါးဆီက ပိုက်ဆံချေးထားတယ်ဆိုရင် တက်နိုင်သမျှ အမြန်ဆုံးပေးလိုက်ပါ။ ချေးသူကိုယ်တိုင် လာမတောင်း ရပါစေနဲ့။


၁၁။ သင့်ကို သူတစ်ပါးက ကော်ဖီ သို့မဟုတ် မုန့်တွေနဲ့ဧည့်ခံခဲ့ရင် သင်လည်း သူ့ကို တစ်ပတ်အတွင်း ဧည့်ခံ ကျွေးမွေးဖို့ မမေ့ပါနဲ့။ အမြဲတမ်း အပြန်အလှန် ရှိနေပါ့စေ။


၁၂။ သင့်တစ်ဦးတစ်ယောက်ရဲ့ ကားကို ခဏငှားသုံးခဲ့ရင် သူ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကားမှာ ဓာတ်ဆီဖြည့်ပေးလိုက်ပါ။


Credit >> ဂန္တဝင်မဂ္ဂဇင်း


မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕

ချစ်စဖွယ် စကားပြောနည်းများ

ချစ်စဖွယ် စကားပြောနည်းများ
_____________________________

(စကားပြောပုံဆိုပုံ နည်းလမ်းလေးတွေ

မမှတ်မိနိုင်ရင် မိမိဖုန်းထဲမယ်သိမ်းထားပါ )


(၁)လူတွေနဲ့ စကားပြောရင် သိပ် မပွင့်လင်းနဲ့။

ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။


(၂)လူတွေနဲ့ စကားပြောရင် သိပ် မရောလိုက်နဲ့။

ကိုယ့် အားနည်းချက်ကို နင်းသွားတတ်တယ်။


(၃)လူတွေနဲ့ စကားပြောရင် သိပ် မစပ်စုနဲ့။

အထင်သေး အမြင်သေး ပြန်ကြည့်တတ်တယ်။


(၄)လူတွေနဲ့ စကားပြောရင် သိပ် မဝေဖန်နဲ့။

ရွံစရာလူလို့ သတ်မှတ်တတ်မယ်။


(၅)လူတွေနဲ့ စကားပြောရင်သိပ်မချီးကျူးနဲ့။

မရိုးသားသူလို့ မြင်သွားတတ်မယ်။


(၆)လူတွေနဲ့ စကားပြောရင် ဖြတ်မပြောနဲ့။

မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။


(၇)လူတွေနဲ့ စကားပြောရင် သိပ် မမေးပါနဲ့။

မပေါင်းသင့်သူလို့ သတ်မှတ်တတ်မယ်။


(၈)လူတွေနဲ့ စကားပြောရင် သိပ် အတင်းမပြောနဲ့။

သူ့ အကြောင်းလည်း အခြားလူတွေကို

သင် ပြောမှာပဲလို့ သတ်မှတ်တတ်မယ်။


(၉)သိထားရမှာက

လူတိုင်းက စိတ်သောကများကြတဲ့အတွက်

ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာ

စကားပဲ ကြားချင်ကြတယ်။


သို့ဖြစ်၍......

သူတစ်ပါး စိတ်ချမ်းသာဖို့

အဓိကထား ရည်ရွယ် ပြောဆိုပါ။


စကားဆိုတာ အမှန်တရား ဖြစ်စေဦးတော့

ပြောသင့် မပြောသင့် ချင့်ချိန်ပါ။


မှန်တဲ့စကားက

နားထောင်သူအတွက် အကျိုးရှိကောင်း ရှိမယ်

ပြောတဲ့သူအတွက်တော့

အန္တရာယ် အသွယ်သွယ် ရန်အသွယ်သွယ်

ဖြစ်ပွားတတ်တယ်နော်။


အရမ်းရင်းနှီးသူပင်ဖြစ်ပါစေ

စကားကို ချင့်ချိန်ပြောလိုက်ပါ။

Credit...Original Uploader

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕






အမြဲပျော်နေဖို့

အမြဲပျော်နေဖို့
±±±±±±±±±
၁။ အခြေအနေတွေ ဘယ်လိုပဲရှိရှိ ပျော်ချင်တယ် ပျော်လည်းပျော်ရအောင်လုပ်
မယ်လို့ ဆုံးဖြတ်ထားပါ။
၂။ ရိုးရှင်းတဲ့ဘဝ ကိုဖြတ်သန်းပါ။
၃။ ကိုယ်စိတ်နှစ်ဖြာ မျှတစွာရှိပါစေ။
၎။ မိမိကိုယ်ကိုယ် အားပေးချီးမြှောက်ပါ။
၅။ မိမိကိုယ်မိမိ ယုံကြည်မှုရှိပါ။
၆။ မိမိရည်မှန်းချက်ရောက်အောင် အစီအစဉ် ဆွဲပါ။
၇။ မိမိကိုယ်မိမိ အကြံဥာဏ် ပေးပါ။
၈။ မိမိဟာ မိမိကိုယ်တိုင်ရဲ့ အဖော်
ကောင်းဖြစ်နေပါစေ။
၉။ ရှုံးနိမ့်စရာ မဖြစ်နိုင်ဘူး ဆိုတဲ့ ယုံ
ကြည်မှုနဲ့ ဆောင်ရွက်ပါ။
၁ဝ။ အကောင်းမြင်စိတ် အပြုစိတ် အမြဲရှိပါစေ။
၁၁။ မိမိကိုယ်မိမိ အခြားသူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
၁၂။ လူတိုင်းစိတ်ကျေနပ်အောင်လုပ်ဖို့ မ
ကြိုးစားပါနဲ့။
၁၃။ အမှာတစ်စုံတစ်ရာပြုလုပ်ခဲ့မိပါက အမှားကိုလက်ခံ၍ မိမိကိုယ်မိမိ ခွင့်လွှတ် နောက်တစ်ခါမမှားအောင် ကြိုးစားပါ။
၁၄။ ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ပါနဲ့။
၁၅။ အလုပ်တစ်ခုစလုပ်ပြီဆိုတာနဲ့ ကျရှုံးမှာမကြောက်ပါနဲ့။
အလုပ်ကိုလည်း လမ်းတစ်ဝက်ကနေ မ
စွန့်လွှတ်ပါနဲ့။
၁၆။ ဘဝမှာ ကြောက်စရာတစ်ခုမှမရှိပါဘူး။
၁၇။ လူအများစုကတော့ သူတို့စိတ်က ဆုံးဖြတ်တဲ့အတိုင်း ပျော်ရွှင်ကြတာပါ။
၁၈။ အလုပ်တိုင်းကပျော်ရွှင်မှုမပေးနိုင်ပါဘူး၊ ဒါပေမယ့် အလုပ်မရှိဘဲလည်း မ
ပျော်ရွှင်နိုင်ပါဘူး။
၁၉။ ပျော်ရွှင်မှုဆိုတာ ရာထူး နေရာ ပိုင်ဆိုင်မှုနှင့်မသက်ဆိုင်ပါ။
၂ဝ။ အောင်မြင်တိုင်းမပျော်ကြပါဘူး။ ဒါပေမယ့် အမြဲပျော်ရွှင်နေတတ်တဲ့သူက အောင်မြင်မှာမလွဲပါဘူး။
၂၁။ အခြားသူတွေက ကိုယ် မလုပ်နိုင်ဘူးလို့ ဆိုတာတွေ လုပ်ပြနိုင်တဲ့အခါ ပျော်စရာပါ။
၂၂။ မထင်မှတ်တာတွေ ဘဝမှာကြုံလာရတဲ့အခါ ဒီထက်မဆိုးတာပဲ ကံကောင်း လို့မှတ်ယူလိုက်ပါ။
၂၃။ မိမိကိုယ်မိမိ လက်ခံပါ။ လေးစားပါ။ ချစ်ပါ။
၂၄။ အရာတိုင်းကိုပြည့်စုံနေသူုဖြစ်အောင်မကြိုးစားပါနဲ့။
၂၅။ မိမိကိုယ် လူတွေဘယ်လို ထင်လည်း မတွေးပါနဲ့။
၂၆။ ဆင်ခြေပေးပြီး တာဝန်မဲ့တာမျိုးမ
လုပ်ပါနဲ့။
၂၇။ ရေ ကိုနမူနာယူပါ။ အခြေအနေ အချိန်အခါ လိုက်၍ မျှတာစွာနေပါ။
၂၈။ အရေးကြီးတာဦးစားပေးလုပ်ပါ။
၂၉။ ပစ္စုန်ပ္ပန်အချိန်ခဏလေးများမှာ အ
ပြည့်အဝ ရှင်သန်ပါ။
၃ဝ။ အရေးအကြီးဆုံးက စိတ်ရင်းနဲ့ ပြုံးပါ။
Credit to
အောင်သန်းထွဋ်

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing


ကိုယ်က_စိတ်မဆိုးတတ်ဘူး

💙#ကိုယ်က_စိတ်မဆိုးတတ်ဘူး
သိက္ခာတရားတွေ မထိခိုက်သေးတဲ့
အချိန်ထိပေါ့ .

💙#ကိုယ်က_အနေအေးတယ်
မာနတရားတွေ လာမရိုက်ချိုးခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_မယုတ်မာတတ်ဘူး
ကိုယ့်စိတ်တွေ အသတ်မခံရခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_သဘောထားကြီးပါတယ်
သဘောကောင်းတာကို တက်မနင်းခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_စိတ်ရှည်ပါတယ်
ကိုယ့်ကို နစ်နာစေမဲ့ စကားတွေ
မပြောခင်  အချိန်ထိပေါ့ .

💙#ကိုယ်က_သည်းခံနိုင်သူပါ
ကိုယ့်စိတ်နာကျင်စေမဲ့ စကားမဲ့
စကားတွေနဲ့  မစော်ကားခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_ခေါင်းငုံ့ထားနိုင်သူပါ
ကိုယ့်ကို နာကျင်စေမဲ့
မောက်မောက်မာမာ  စကားတွေ
ပြောမလာခင်အချိန်ထိပေါ့ .

💙#ကိုယ်က_တည်ငြိမ်ပါတယ်
ဒဏ်ရာတွေကို လက်ခံနိုင်တဲ့
အချိန်ထိပေါ့ .

💙#ကိုယ်က_လက်တုန့်မပြန်တတ်သူပါ
ကိုယ့်ဘဝကို ပြိုလဲကျသွားအောင်
ရိုက်မချခင်  အချိန်ထိပေါ့ .

💙#ကိုယ်က_မရက်စက်တတ်သူပါ
ကိုယ့်ချစ်ခြင်း မေတ္တာတွေကို
မစော်ကားသေးခင်  အချိန်ထိပေါ့ .

❤#သူတော်ကောင်းတရား
မကျင့်နိုင်သေးတဲ့ လူသားတိုင်း
ခံနိုင်ရည်ဆိုတာ အတိုင်းတာထိပဲရှိတယ် /

❤#တရားမပေါက်သေးတဲ့ ပုထုဇဉ်တွေမှာ
ဘယ်လောက် သဘောထားကြီးသူဖြစ်ပါစေ
အကြိမ်ကြိမ် စော်ကားမှုကို
သည်းမခံနိုင်တာ သဘာဝ /

💚#ကိုယ်လည်းtkw
လူထဲကလူပေမို့
အတိုင်းတာ တစ်ခုထိ
ငြိမ်သက်စွာ နေရာတစ်ခုမှာ
တည်ငြိမ်စွာ ရပ်တည်နေခဲ့သူပါ //
💖CREDIT_MayNoe
မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing 💕💕

မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ