ကိုယ်က_စိတ်မဆိုးတတ်ဘူး

💙#ကိုယ်က_စိတ်မဆိုးတတ်ဘူး
သိက္ခာတရားတွေ မထိခိုက်သေးတဲ့
အချိန်ထိပေါ့ .

💙#ကိုယ်က_အနေအေးတယ်
မာနတရားတွေ လာမရိုက်ချိုးခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_မယုတ်မာတတ်ဘူး
ကိုယ့်စိတ်တွေ အသတ်မခံရခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_သဘောထားကြီးပါတယ်
သဘောကောင်းတာကို တက်မနင်းခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_စိတ်ရှည်ပါတယ်
ကိုယ့်ကို နစ်နာစေမဲ့ စကားတွေ
မပြောခင်  အချိန်ထိပေါ့ .

💙#ကိုယ်က_သည်းခံနိုင်သူပါ
ကိုယ့်စိတ်နာကျင်စေမဲ့ စကားမဲ့
စကားတွေနဲ့  မစော်ကားခင်
အချိန်ထိပေါ့ .

💙#ကိုယ်က_ခေါင်းငုံ့ထားနိုင်သူပါ
ကိုယ့်ကို နာကျင်စေမဲ့
မောက်မောက်မာမာ  စကားတွေ
ပြောမလာခင်အချိန်ထိပေါ့ .

💙#ကိုယ်က_တည်ငြိမ်ပါတယ်
ဒဏ်ရာတွေကို လက်ခံနိုင်တဲ့
အချိန်ထိပေါ့ .

💙#ကိုယ်က_လက်တုန့်မပြန်တတ်သူပါ
ကိုယ့်ဘဝကို ပြိုလဲကျသွားအောင်
ရိုက်မချခင်  အချိန်ထိပေါ့ .

💙#ကိုယ်က_မရက်စက်တတ်သူပါ
ကိုယ့်ချစ်ခြင်း မေတ္တာတွေကို
မစော်ကားသေးခင်  အချိန်ထိပေါ့ .

❤#သူတော်ကောင်းတရား
မကျင့်နိုင်သေးတဲ့ လူသားတိုင်း
ခံနိုင်ရည်ဆိုတာ အတိုင်းတာထိပဲရှိတယ် /

❤#တရားမပေါက်သေးတဲ့ ပုထုဇဉ်တွေမှာ
ဘယ်လောက် သဘောထားကြီးသူဖြစ်ပါစေ
အကြိမ်ကြိမ် စော်ကားမှုကို
သည်းမခံနိုင်တာ သဘာဝ /

💚#ကိုယ်လည်းtkw
လူထဲကလူပေမို့
အတိုင်းတာ တစ်ခုထိ
ငြိမ်သက်စွာ နေရာတစ်ခုမှာ
တည်ငြိမ်စွာ ရပ်တည်နေခဲ့သူပါ //
💖CREDIT_MayNoe
မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing 💕💕

No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ