💢အတိတ်ဆိုတာ မင်းအတွက် သင်ခန်းစာ.....

💢အတိတ်ဆိုတာ မင်းအတွက် သင်ခန်းစာ.....

💢ပစ္စုပ္ပန်ဆိုတာ မင်းအတွက် ဆုလက်ဆောင်.....

💢အနာဂတ်ဆိုတာ မင်းအတွက် ခွန်အား......
  
    Ref:Pinterest

   #SoeNaing💕


စကားပြောနည်း

စကားပြောနည်း
🌼🌼🌼🌼🌼🌼
၁။အလောတကြီးကိစ္စ ဖြည်းဖြည်းပြောပါ။
၂။အရေးတကြီးကိစ္စ ရှင်းရှင်းလင်းလင်းပြောပါ။
၃။မပိုင်နိုင်သောကိစ္စ  ဆင်ဆင်ခြင်ခြင် ပြောပါ။
၄။ပျော်ရွှင်ဖွယ်ကိစ္စ ကာလံ ဒေသံကိုက်၍ပြောပါ။
၅။မပျော်ရွှင် ဖွယ်ကိစ္စ ပြောသင့်မှပြောပါ။
၆။ဝမ်းနည်းဖွယ်ကိစ္စလူတိုင်းမပြောပါနဲ့။
၇။သူတပါးကိစ္စသတိထားပြီးပြောပါ။
၈။မဖြစ်ပျက် သေးသောကိစ္စလက်လွတ်စပယ် မပြောပါနဲ့။
၉။မလုပ်နိုင် သောကိစ္စ ကြွားဝါမပြောပါနဲ့။
၁၀။သူတပါးထိခိုက်မည်ကိစ္စလုံးဝမ ပြောပါနဲ့။
၁၁။လင်မယားကိစ္စ တိုင် ပင် ဆွေးနွေးပါ။
၁၂။ခလေးများကိစ္စ လမ်းကြောင်းညွန်၍ ပြောပါ။
၁၃။မိမိကိစ္စသူများပြောတာနားထောင်ပါ။
၁၄။သက်ကြီးဝါကြီးနဲ ပြောရင်များများနား
ထောင်ပြီး  နည်းနည်းပြောပါ။
credit;ဓမ္မ အိမ်လေး
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


မိန်းကလေးတိုင်းသိထားသင့်တဲ့ ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား(၁၀)ခွန်း

မိန်းကလေးတိုင်းသိထားသင့်တဲ့
ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား(၁၀)ခွန်း
_________________________________________
၁။အိမ်တွင်းမီး အပြင်မထုတ်နဲ့။
(အိမ်တွင်းရေးပြဿ       နာတွေကို အပြင်မှာဖောက်သည်
  မချနဲ့)
၂။အိမ်ပြင်မီး အတွင်းမသွင်းရ။
(အပြင်မှာဖြစ်လာတဲ့ပြဿ       နာတွေကို အိမ်တွင်းထဲ
  သယ်မလာနဲ့)
၃။ပြန်ပေးမယ့်သူကိုသာ ပေး။
(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့ရမယ့်သူကိုသာ
  ချေးငှားပါ)
၄။ပြန်မပေးမယ့်သူကို မပေးနဲ့။
(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့မရမယ့်သူကို
  မချေးငှားနဲ့)
၅။ပေးသင့်သူကိုလည်း ပေး။
(ဆွေမျိုးအသိုင်းအဝိုင်းမှာ
ဘဝပေးအရမပြည့်စုံတဲ့သူတွေကို
ဘာမှမမျှော်လင့်ဘဲ ထောက်ပံ့လိုက်ပါ)
၆။ချမ်းသာစွာ ထိုင်။
(မိဘ၊ယောက္ခမ၊ခင်ပွန်းရဲ့ အထက်အရပ်၊
  လေညာအရပ်စသောအပြစ်မလွတ်သောနေရာတွင်
  မထိုင်ဘဲ အပြစ်ကင်းသောနေရာမှာထိုင်ပါ)
၇။ချမ်းသာစွာ စား။
(မိဘ၊ယောက္ခမ၊ခင်ပွန်းကို ရှေးဦးစွာကျွးပြီးနောက်မှ
  စားပါ)
၈။ချမ်းသာစွာ အိပ်။
(မိဘ၊ယောက္ခမ၊ခင်ပွန်းတို့ကို သင့်တင့်သောဝေယျာဝစ္စ
  ပြုလုပ်ပေးပြီးမှ အိပ်ပါ)
၉။မီးကို ရိုသေစွာလုပ်ကျွေး။
(ယောက္ခမတွေကို မိဘကဲ့သို့ကောင်းစွာစောင့်ရှောက်
  ရိုသေပါ)
၁၀။အိမ်ဦးနတ်ကို ရှိခိုးပူဇော်။
(မိမိခင်ပွန်းအား ရိုသေလေးစားစွာဆက်ဆံပါ)
Credit;စကားဝါ ရှိန်းမာန်
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


အဆင့် အတန်း မရွိသူမ်ား၏ လက္ခဏာ

အဆင့် အတန်း မရှိသူများ၏ လက္ခဏာ
=====================
၁။ စကားကို လိမ်ညာ ပြောတတ်ခြင်း .. ။
၂။ လိုတမျိုး မလိုတမျိုး ပြောတတ်ခြင်း .. ။
၃။ အခုတမျိုး နောက်တမျိုး ပြောတတ်ခြင်း .. ။
၄။ ကိုယ့်တဖက်ထဲ ကြည့်၍ ပြောတတ်ခြင်း .. ။
၅။ ငြင်းခုံ၍ အမှားများကို ပြောတတ်ခြင်း .. ။
၆။ မရှိဘဲ ကြွားဝါ၍ ပြောတတ်ခြင်း .. ။
၇။ ရိုင်းစိုင်းစွာ ဆဲဆို ပြောတတ်ခြင်း .. ။
၈။ ကိုယ့်ကိစ္စကို တာဝန် မယူခြင်း .. ။
၉။ ကတိသစ္စာ မတည်ခြင်း .. ။
၁၀။ အမှန်တရားကို လက်မခံခြင်း .. ။
၁၁။ ကိုယ့်အမှားကို ဝန်မခံခြင်း .. ။
၁၂။ ဘာသာတရားကို လေးစားမှု မရှိခြင်း .. ။
၁၃။ အမှန် အမှားကို ခွဲခြား မသိခြင်း .. ။
၁၄။ မတော်လောဘနဲ့ စီးပွားရှာခြင်း .. ။
၁၅။ ငွေကြေး ချမ်းသာမှုကို အထင်ကြီးခြင်း .. ။
၁၆။ ကိုယ်ကျင့် သိက္ခာ ဣနြေ္ဒ မရှိခြင်း .. ။
၁၇။ မထိုက်တန်တဲ့ ရာထူး နေရာယူခြင်း .. ။
၁၈။ သီလ သမာဓိ မတည်ကြည်ခြင်း ... ။
Credit;Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


နာကျင်စရာတွေ လျှို့ဝှက်..... ဝမ်းနည်းနေချိန် တိတ်ဆိတ် လို့.....

နာကျင်စရာတွေ လျှို့ဝှက်.....

ဝမ်းနည်းနေချိန် တိတ်ဆိတ် လို့.....

ပျော်စရာ တွေ ပဲ ဝေမျှချင်တယ်.....

#SoeNaing💕


မင်္ဂလာပါ နော်

💕ငါကပဲ အစွဲလမ်းကြီးလို့.....

 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕

လူကြိုက်​များ​သော ပို့စ်​များ