မှတ်မှတ်သားသားဖြစ်နေမိတဲ့ မြတ်စွာဘုရားရဲ့စကား(၁၀)ခွန်း
မှတ်မှတ်သားသားဖြစ်နေမိတဲ့ မြတ်စွာဘုရားရဲ့ စကား (၁ဝ)ခွန်း
၁။ အတိတ်မှာ နှစ်မျောမနေနဲ့၊ အနာဂတ်အတွက်လည်း တွေးပူမနေနဲ့၊ စိတ်ကိုလက်ရှိအချိန်မှာပဲ စူးစိုက်ထားပါ။
၂။ ကျန်းမာခြင်းဆိုတာ အကောင်းဆုံးလက်ဆောင်၊ ရောင့်ရဲခြင်းသည် အကြီးဆုံးချမ်းသာခြင်း၊ သစ္စာစောင့်သိတတ်ခြင်းသည် အကောင်းဆုံး ဆက်ဆံရေး။
၃။ ဖယောင်းတိုင်တစ်တိုင်ကနေ ထောင်ပေါင်းများစွာသော ဖယောင်းတိုင်တွေကို မီးကူပေမယ့် မူလဖယောင်းတိုင်ရဲ့ အလင်းရောင်လျော့ကျမသွားသလိုပဲ ပျော်ရွှင်မှုဆိုတာကလည်း ဝေမျှလိုက်ရင် လျော့ကျသွားတယ်ဆိုတာမရှိပါဘူး။
၎။ လောကမှာ ဖုံးကွယ်မရတဲ့အရာ သုံးခုပဲရှိတယ်။ နေမင်း၊ လမင်းနဲ့ အမှန်တရား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၅။ ကျွန်ုပ်တို့က သူတို့ရဲ့ အတွေးတွေရဲ့ ပုံသွင်းခြင်းကို ခံနေရတယ်။ စိတ်ကရှင်းလင်းနေတယ်ဆိုရင် ပျော်ရွှင်မှုက အရိပ်လိုပဲ လိုက်လာမှာဖြစ်ပါတယ်။
၆။ အရာရာတိုင်းဟာ စိတ်ရဲ့ စေရာပါပဲ။ သင့်ရဲ့ အတွေးတွေအတိုင်းဖြစ်လာမှာဖြစ်ပါတယ်။
၇။ ကျန်းမာချမ်းသာပြီး အေးချမ်းတဲ့မိသားစုဘဝကို တည်ဆောက်ချင်တယ်ဆိုရင် အရင်စိတ်ကိုငြိမ်းချမ်း ချမ်းသာနေအောင် ထိန်းသိမ်းတတ်ဖို့ပဲ လိုပါတယ်။
၈။ ဒေါသစိတ်ဆိုတာ အခြားလူတစ်ယောက်ကို လောင်ကျွမ်းစေလိုတဲ့စိတ်နဲ့ ကိုယ်တိုင်တောက်လောင်နေရတဲ့ မီးခဲကြီးနဲ့တူပါတယ်။
၉။ ကျန်းမာခြင်းဆိုတာ လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။
၁ဝ။ အမှန်တရားနဲ့ သွေဖယ်သွားနိုင်တဲ့ လမ်းနှစ်လမ်းပဲရှိတယ်။ လမ်းအားလုံးကို လျှောက်မကြည့်တာနဲ့ စမလျှောက်တာပဲ။
credit Gadawin. Magazine
မေတ္တာဖြင့်​#Soe_Naing
ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ
ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ
═══════════════════════
၁။ လူအထင်ကြီးခံရအောင် မကြိုးစားပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့သာ အရေးကြီးပါတယ်။
၂။ ရည်မှန်းချက် ကြီးကြီးထားပါ။ ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။
၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ။
၎။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။
၅။ သင့်အတွက် အကျိုးရှိစေမယ့် စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။
၆။ လက်တွေ့လုပ်ဆောင်ပါ။ အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။
၇။ ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။ လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။
၈။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။ သူများစကားပြောတာကို ကောင်းကောင်း နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။
၉။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။ အရင်က ဘာကြောင့် ကျရှုံးခဲ့တယ်ဆိုတာကိုလဲ သေချာသိအောင်လုပ်ပါ။
၁၀။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊ ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။
၁၁။ သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။ တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။
၁၂။ တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ မျှဝေသင်ကြားပေးပါ။ အခြားသူကို မျှဝေရင်း ကိုယ်ကိုတိုင်လဲ ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ်။
၁၃။ တော်ပြီး၊ထက်မြတ်တဲ့ မိတ်ဆွေတွေကို ရှာဖွေပေါင်းသင်းပါ။ ပတ်ဝန်းကျင်ကောင်းဆိုတာ သင့်ဘဝကို တိုးတက်ပြောင်းလဲစေပါတယ်။
၁၄။ ကိုယ့်ကိုကိုယ် ချစ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်ပါ။ မိသားစုကိုလဲ အချိန်ပေးပါ။
၁၅။ မကောင်းတဲ့ အလေ့အကျင့်တွေကို ဖယ်ရှားပါ။ အချိန်တွေ၊ငွေတွေ ဖြုံးတတ်တဲ့ အကျင့်ဆိုးတွေကို အခုကစပြီး ရပ်တန့်လိုက်ပါ။
စေတနာဖြင့်​.......မျှ​ဝေသည်​..............
တောသားရဟန်း
Credit
မေတ္တာဖြင့် #Soe_Naing
#လိုအပ်တာထက် ပိုမပြောတတ်သူမို့ 
#လိုအပ်တာထက် ပိုမပြောတတ်သူမို့ 
အသိမိတ်ဆွေ ရှားပါတယ် ။
web.instagram.com/soe_naing1500
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
#ဟန်ဆောင်ပြီး မဆက်ဆံတတ်သူမို့ 
လူချစ်လူခင် နည်းပါး ပါတယ် ။
#လိမ်ညာပြီး မပြောတတ်သူမို့ 
မိတ်ဆွေစစ်ဆိုတာ နည်းပါတယ် ။
ကိုယ်က လူတမျိုး  မရှိတာကို ရှိတယ်ပြောရမှာ
ရှက်တယ် ။
မသိတာကို  သိတယ်ပြောရမှာ ကြောက်တယ် ။
မဟုတ်တာကို အဟုတ်လုပ်ပြောရမှာထက်
ကိုယ့်ပါးကိုပဲ  ဖြတ်ရိုက်ခံလိုက်ချင်တယ် ။
လူအများနဲ့  ပြောဆိုဆက်ဆံရမှာထက်
တစ်ယောက်ထဲ အေးအေးနေရတာကို မက်မောတယ်။
လူတွေသိအောင် ကြွားဖို့ ထက်
ကိုယ်ရှိတာ  ကိုယ်သိရင် ရပြီဆိုတဲ့
ခံယူချက်နဲ့ နေထိုင်တယ်။
လူဆိုတာ ကိုယ့်နှုတ်ထွက်စကားကို
တာဝန်မယူနိုင်တာလောက်  တန်ဖိုးမဲ့သူမရှိဘူးလို့ 
ခံယူထားသူပါ ။
ဒါကြောင့်လည်း  နေရာတကာ ငါအသိ  ငါအတတ်
လုပ်ရမှာကို  သိပ်ကြောက်တယ် ။
ကိုယ့်ဘဝမှာ လူမှန်းသိတတ်ခါစထဲက
မိဘရဲ့ ဆုံးမသွန်သင်မှုတွေကြောင့်
တပါးသူကို  ကိုယ့်အတွက်နဲ့  ဒုက္ခမရောက်အောင်
ကြိုးစားပြီး  အကောင်းဆုံးနေထိုင်ခဲ့တယ် ။
ရှိတာလေးနဲ့  လှအောင်ဝတ်တယ် ။
ရတာလေးနဲ့  လောက်ငအောင် စားပြီး
အရိုးသားဆုံး နေခဲ့တာပဲ ။
ကိုယ်ဟာ လူထဲကလူလေ
ကိုယ်တစ်ယောက်ထဲ ကောင်းအောင်နေလို့ 
မရသလို  ဒီလူတွေနဲ့   မဆက်ဆံချင် လို့  မရသလို
မပါတ်သက်ချင်လို့ လည်း  မရပြန်ဘူး ။
ဘယ်လိုလူမျိုးတွေနဲ့  ဆက်ဆံရပါစေ
သာစေနာစေ ဆိုတဲ့ စိတ်နဲ့  မဆက်ဆံခဲ့တာ
ဘုရားသိပါတယ် ။
လူတိုင်းအပေါ် စိတ်ရင်းအတိုင်း ရိုးသားပွင့်လင်စွာ
ဆက်ဆံခဲ့တယ်
တတ်နိုင်သလောက် မေတ္တာထား ဆက်ဆံတယ်
ပေးနိုင်သလောက် ကူညီပေးလိုက်တယ်။
ပြန်ရလိုမှုစိတ် တစ်ခါမှ မထားခဲ့ဘူး ။
ဒါပေမယ့်  တခါတလေကျ  ပွင့်လင်းရိုးသားမှုတွေဟာ
လူတိုင်းနဲ့  မတန်ခဲ့ဘူး ။
ကိုယ်က ဘယ်လောက် ရိုးသားသူဖြစ်နေပါစေ
တန်ဖိုးမသိသူက ခပ်များများရယ် ။
လူတိုင်းကတော့ ပြောကြပါတယ်
ရိုးသားမှုကို မြတ်နိုးတယ်ဆိုတဲ့ အကြောင်းတွေလေ
တကယ်တော့  လက်ခံနိုက်သူ
လိုက်နာနိုင်သူက ခပ်ပါးပါးလေးရှိတာ ။
ရင့်ကျက်တဲ့စိတ်တွေ ပိုင်ဆိုင်လာခဲ့ပြီမို့ ထင်ပါတယ်
စကားတွေ အများကြီး ပြောလိုစိတ်လည်း ကုန်သွားပြီ ။
ငြင်းခုန်ရမှာလည်း  မုန်းသွားပြီ ။
အလိုက်ထိုက်ပြောဆိုဆက်ဆံရမှာလည်း  ပျင်းခဲ့ပြီ ။
လူအများနဲ့ ဆက်ဆံရမှာလည်  ငြီးငွေသွားပြီ ။
ကိုယ့်ရဲ့  ရိုးသားမှုတွေက အများဆုံး အသုံးချခံ
သက်သက်ဖြစ်ခဲ့ရပေါင်း  များခဲ့ပြီလေ ။
ခုနေတတ်ပြီ 
အပေါင်းသင်းဆိုတာ  သီးသန့် ထားနေဖို့ မလိုတော့ဘူး ။
မိတ်ဆွေစစ်ကိုလည်း  ရှာပေါင်းနေဖို့ မလိုတော့ဘူး ။
တစ်ယောက်ထဲနေတိုင်းလည်း  အထီးကျန်မဆန်မှန်း
နားလည်ခဲ့ပြီ ။
တကယ်လည်း
ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာထဲက
အနေနီးသည်ဖြစ်စေ  ဝေးသည်ဖြစ်စေ
ကိုယ့်စိတ်နဲ့  ထပ်တူမကြတောင်  သဘောထားချင်း
တိုက်ဆိုင်သူ မိတ်ဆွေ
အနည်းအကျဉ်းရှိနေရင်  ကျေနပ်ပြီ ။
အနေနီးသလောက် စိတ်ညစ်စရာ  ပေးနေသူတွေထက်
အဝေးကနေ အားပေးဖော်ကို ပိုခင်တွယ်ဖို့ 
ကောင်းပါတယ် ။
မေတ္တာဆိုတာ လူတိုင်းအပေါ်ထားလို့  ရတယ်
လူတိုင်းကိုတော့ မပေးသင့်ဘူး ဆိုတာ သိပြီးနောက်
ရိုးသားလို့ ရတယ် နေရာတကာရိုးသားနေလို့  မရဘူး
ဆိုတာ သိပြီးနောက်
တပါးသူတွေရဲ့  ချစ်ခြင်းမေတ္တာတွေကိုလည်း
ထူးပြီး မတောင်းတတော့ဘူး
ကိုယ်ကလည်း လိုတာထက် ပိုမပေးမိတော့ဘူး
နေတတ်သလို နေလိုက်တဲ့ဘဝမှာ
လွတ်လပ်ပေါ့ပါးစွာနဲ့   အေးချမ်းခဲ့ပါပြီ ။
" လူတွေချစ်အောင် တမင်ဟန်ဆောင်ပြုံးပြနေရတာထက်
လိုတာထက် ပိုမပြောတတ်လို့ 
ချစ်ခင်သူရှားတဲ့ ဘဝက  ပိုလွတ်လပ်တယ် "
#MayNoe
Credit;
မေတ္တာဖြင့်​ #Soe_Naing
ငါဆိုတာ.......💕💕
ငါဆိုတာ.......💕💕
မပြတ်​သားနိုင်​လို့မဟုတ်​ဘူး...
တစ်​ကိုယ်​​ကောင်းမဆန်​ချင်​လို့...
အစွဲလန်းကြီးလို့မဟုတ်​ဘူး...
မရက်​စက်​ချင်​လို့.....
မ​မေ့ရက်​နိုင်​ခဲ့လို့မဟုတ်​ဘူး...
မလှည့်​စားချင်​လို့...♡ ♡ ➳
#Soe_Naing
💞 ကိုယ့်ထက်ငယ်တဲ့သူကို ချစ်ခွင့်ရတာ ကောင်းပါတယ် 💞
💞 ကိုယ့်ထက်ငယ်တဲ့သူကို ချစ်ခွင့်ရတာ ကောင်းပါတယ် 💞
~*~*~*~*~*~*~*~*~*~*~*~*~*~*~
💞 ``ကိုကို´´လို့ အခေါ်ခံရတဲ့အရသာကို ``မောင်´´ဆိုတဲ့စကားလုံးက မမှီပါဘူး........
``ဟုတ်´´ဆိုပြီး ခေါင်းကလေးညိမ့်တတ်တဲ့အမူအရာကို ``အင်း´´ဆိုတဲ့စကားလုံးက မမှီပါဘူး.........
💞 ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ သူ့အမူအရာလေးတွေက ကိုယ့်အတွက် ကျေနပ်စရာတွေပါ...........
ကိုယ့်အပေါ်မှာ သူဆိုးတာနွဲ့တာလေးတွေက အပြစ်လို့ မထင်ရက်ပဲ ဂျီကျတယ် လို့ပဲ မြင်မိတယ်.........
💞 ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်တဲ့ပုံစံကို သူ့အပေါ်မှာ ပုံသွင်းယူလို့ရတယ်....
အ၀တ်အစား အစားအသောက် အပြောအဆို အနေအထိုင်.. ..အရာအားလုံးကို သူ့ချစ်သူအဖြစ်သာမက သူ့အဖေ သူ့အကိုတစ်ယောက်လို ခံယူပြီး ပြုပြင်ပေးရတာ ကျေနပ်စရာပါ........
💞 စိုးရိမ်ပူပန်ရတဲ့အလုပ်ဟာ သောကတစ်ခုဆိုပေမဲ့ သူ့အပေါ်မှာ ဖြစ်နေတဲ့ အဲ့ဒီစိတ်တစ်ခုကတော့ ကျေနပ်စရာပါ......
ကိုယ့်မျက်လုံးထဲမှာ သူဟာ ဘယ်တော့မှ လူကြီးဖြစ်မလာနိုင်တဲ့ ကလေးတစ်ယောက်ပါပဲ.....
💞 တခါတလေ ဒေါသထွက်လို့ အော်ငေါက်မိရင် ငြူစူသွားတဲ့ သူ့နှုတ်ခမ်းကလေးက ကိုယ့်ဒေါသတွေကို ဘယ်ရောက်သွားမှန်းမသိအောင် ကွယ်ပျောက်စေတယ်........
💞 ကိုယ်မကြိုက်တဲ့အရာတစ်ခုခုကို သူလုပ်လာပြီဆိုရင် ကိုယ့်ရင်ခွင်ထဲ ခေါင်းကလေးတိုးပြီး ချွဲနွဲ့တတ်တာ ကိုကိုတွေရဲ့ကလေးလေးတွေပါ.....
တစ်ခွန်းနှစ်ခွန်းပဲ ဆူမိကာရှိသေး မျက်ရည်လေးတွေဝိုင်းပြီး နားထောင်နေတတ်တာ ကိုကိုတွေရဲ့ကလေးလေးတွေပါ.. .......
💞 အရာရာမှာ ကိုယ်ကပဲ ဦးဆောင်ပီး ဖြေရှင်းပေးရတယ်......
လမ်းညွှန်ပေးရတယ်.....
ဆုံးမပေးရတယ်....
သူ့အတွက် ကိုယ်က အားကိုစရာအဖြစ် ယုံကြည်ပေးတာလည်း ကိုကိုတွေရဲ့ကလေးလေးတွေပါပဲ.......
💞 တခါတလေ သူ့ရည်းစား
တခါတလေ သူ့အဖေ
တခါတလေ သူ့အကို..........
ပုံစံအမျိုးမျိုးနဲ့ ချစ်ပေးရတယ်.......
တသတ်မတ်တည်း ချစ်လို့မရဘူး......
ဆူသင့်ရင်ဆူ ငေါက်သင့်ရင်ငေါက် ကြိုက်သလိုချစ်လို့ရတာ ကိုကိုတွေပါ.....
💞 ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်ငယ်တဲ့သူကို ချစ်ရတာ ကောင်းပါတယ်.. ......
ခေးး လို့ ခေါ်ပြီး ချစ်ရတဲ့အရသာ ကိုကိုတွေလောက် ဘယ်သူသိမလဲ..........
ကိုကို လို့ အခေါ်ခံရတဲ့အရသာ ကိုကိုတွေလောက် ဘယ်သူသိမလဲ.......
Credit to ဂျူးလိယက် ကိုကို လူဆိုးလေး to ❤️ခံစားချက်ကြောင့် ဆုံဆည်းရာ
#Soe_Naing
စိတ်အားငယ်တတ်သူကို ချစ်နေမိရင် သင်အမြဲ သတိတရရှိနေသင့်တဲ့ အချက် ( ၁၅ )ချက်
စိတ်အားငယ်တတ်သူကို ချစ်နေမိရင် သင်အမြဲ သတိတရရှိနေသင့်တဲ့
အချက် ( ၁၅ )ချက်
================================
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ စိတ်အားငယ်တဲ့ အခြေအနေကို ခံစားနေရသူတွေ သန်း ၃၅၀
လောက်ရှိပါသတဲ့ ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း စိတ်အားငယ်တတ်သူတွေ ရှိပါတယ် ။
သင့်ရဲ့ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ချစ်သူ ၊ ခင်သူတွေမှာ စိတ်အားငယ်တတ်သူ တစ်ယောက်မဟုတ်တစ်
ယောက်ရှိနေတယ် ဆိုရင် တော့
သင့်အနေနဲ့ အောက်ပါ အချက်လေးတွေကို သိထားသင့်ပါတယ် ။ 
=============================
၁ ။ စိတ်အားငယ်တတ်သူတွေ ဟာ
အပြင်ပန်းမှာတော့ မာကြောကြတယ် ။
သူတို့ကိုအပြင်ပန်းကြည့်ရင် စိတ်အားငယ်တတ်သူတစ်ယောက်လို့တောင် ထင်ချင်စရာတစ်ကွက်မှ မရှိပါဘူး ။
သူတို့ရဲ့ အားငယ်တတ်တဲ့ အတွင်းစိတ်ကလေးကို ရသလောက်ဖုံးကွယ်ထားတတ်ကြတာပါ ။
ဒါ့ကြောင့် သူ့ရဲ့ အပြင်ပန်းသဏ္ဍာန်နဲ့
သူ့ရဲ့ အတွင်းစိတ်ကို သွားပြီး မခန့်မှန်းလိုက်ပါနဲ ။
၂ ။ မျှော်လင့်မထားဘဲ သင်သူတို့ဆီရောက်သွားရင်
ပျော်ရွှင်တတ်ကြပါတယ် ။
အားငယ်တတ်တဲ့သူတွေက သူတို့ဘေးမှာ တစ်ယောက်ယောက်ရှိနေရင် ခွန်အားတွေရရှိလာတတ်ကြပါတယ် ။
၃ ။ သူတို့က တခြားသူတွေရဲ့ အပြုအမူနဲ့ ၊ စိတ်ခံစားမှုတွေကို တအား အာရုံ စိုက်ကြတယ် ။ သူတို့နဲ့တွေ့ရင် သင့်ရဲ့အပြုအမူ ၊အပြောအဆိုတွေ မမှားယွင်းအောင် နေထိုင် ပါ ။
၎ ။ သူတို့ဟာတခြားသူတွေကို စိတ်ဒုက္ခ ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ။ အားနာနေတတ်ကြတယ် ။
သူတို့တကယ်လိုအပ်နေသော်လည်း ငြင်းပယ်ချင်
ငြင်းပယ်တတ်ကြပါတယ် ။
၅။ စိတ်အားငယ်တတ် သူတွေဟာ မွေးရာပါ အတွေးအခေါ်ပညာရှင် တွေဖြစ်ကြတယ် ။ သူတို့က ထူးချွန်ကြတယ်။ စပ်စုကြတယ်။
တီထွင်ဖန်တီးနိုင်စွမ်းတွေ တအားကောင်းတယ် ။
သူတို့ရဲ့ ကောင်းတဲ့ အချက်အလေးတွေတွေ့ရင် အသိအမှတ်ပြုပေးပါ ။
သူတို့က တခြားသူရဲ့ လေးစားမှုကို တကယ်ပဲ
တန်ဖိုးထားကြပါတယ် ။
၆။ သူတို့က ရယ်မောဖို့ ၊ ပျော်ရွှင်ဖို့ အခွင့်အရေးကိုမျှော်လင့်ကြတယ် ။
ရယ်စရာ၊ မောစရာလေးတွေ ရှိတဲ့အခါ သူ့ကိုပြောပြပါ ။
ပျော်ပွဲရွှင်ပွဲတွေသွားရင်လည်း သူ့ကိုခေါ်သွားဖို့ မမေ့ပါနဲ့ဦး ။
၇။ သူ့ကိုတခြားလူတွေလိုပဲ ဆက်ဆံပါ ။
ဘယ်သူမဆို သင့်ရဲ့ ဆက်ဆံပုံက ထူးခြားနေတယ်ဆိုရင် သတ်ထားမိပါတယ်။ စိတ်အားငယ်တတ်သူတွေလည်း အဲဒီလိုပါပဲ ။ သူတို့ကို သနားဟန်ပြတာတွေ ၊ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်တာမျိုးတွေ လုပ်ဖို့မလိုအပ်ပါပဲ ။
သူက ၁၀၀ ရာခိုင်နှုန်းကျန်းမာနေတယ်လို့ယူဆထားပါ ။
" ပုံမှန်ပဲ ဆက်ဆံပါ ။
"
၈။ သူတို့ဟာ သင်ထင်ထားတာထက် ခွန်အားနည်းပါတယ် ။
သူတို့ကို အားမလိုအားမရ မဖြစ်ပါနဲ့ ။ ကူညီပေးလိုက်ပါ ။ 
၉။ သူတို့ဟာ တခါတလေ အကြောင်းအရင်း တိတိပပ၊ မယ်မယ်ရရမရှိပဲ စိတ်အားငယ်နေတတ်ပါတယ် ။
အဲ့ဒီအတွက် သူ့ကို အပြစ်မတင်ပါနဲ့ ။ သူနဲ့အတူရှိနေပေးလိုက်ပါ ။
၁၀။ တခါတလေ သူတို့ထထဖောက်တတ်ပါတယ် ။
တအားကိုစိတ်ဆိုးလွယ်နေတတ်ပါတယ် ။ အဲ့ဒီလို အချိန်မျိုးမှာ သူပြောတာတွေကို အတည်မယူပါနဲ့ ။
သူ့ကိုနားလည်မှုပေးလိုက်ပါ ။ သူသင့်ကို ချစ်ခင်ပါလိမ့်မယ် ။
၁၁ ။ သူတို့မှာ သူများနဲ့ မတူတဲ့ ပါရမီ၊ ဝါသနာ ၊ အရည်အချင်းတွေရှိပါတယ် ။ သူတို့ရဲ့ အရည်အချင်းတွေကိုချီးကျူးပါ ။ အသိအမှတ်ပြုပါ။
ဝါသနာချင်း ဖလှယ်ပါ ။
၁၂။ " မင်းဒီလို လုပ်ခဲ့ရမှာ " ဆိုပြီး သူတို့ကိုအပြစ်မတင်ပါနဲ့။
" နောက်တခါ ဒီလိုလေးလုပ်ကြည့်ပါလား " ဆိုပြီး အပြုသဘောဆောင်တဲ့ အကြံဉာဏ်မျိုးပေးပါ ။ သင့်ကိုသူ ယုံကြည်အားထားလာပါလိမ့်မယ် ။
၁၃ ။ သူတို့ကို အဆိုးမမြင်ပါနဲ့ ။ အကောင်းမြင်ပေးပါ ။
၁၄။ သူတို့ ဟာသူတို့ကိုယ်တွင်းက " စိတ်အားငယ်"
ခြင်းဆိုတာကြီးနဲ့ တိုက်ပွဲ ဝင်နေရတာပါ ။ 
သူတို့ဟာ ပြင်ပ အကူအညီတွေအများကြီး
လိုအပ်နေပါတယ် ။
၁၅။ သူတို့ဟာ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေတယ် ။
#စိတ်အားငယ်တတ်သူကိုကြင်နာပါ။
စိတ်အားငယ်တတ်တဲ့ သင့်သူငယ်ချင်း ၊ သို့မဟုတ်
ချစ်သူလေးနဲ့ တွေ့ရင် ဒီအချက်လေးတွေကို သတိရပါ ။
သင်ဟာ သူ့ရဲ့ အဖော်မွန်ကောင်းဖြစ်လာပါလိမ့်မယ် ။ သူတို့သင့်ကို ချစ်ခင်လာပါလိမ့်မယ် ။
သင့်ကြောင့်သူဟာ "စိတ်အားငယ်ခြင်း " ဆိုတဲ့
အတွင်းရန်သူကို တောင်အလဲထိုး အနိုင်ယူသွားနိုင်ပါလိမ့်မယ် ။
ကဲ..စိတ်အားငယ်တတ်သူလေးတွေနဲ့ သူတို့ရဲ့ ချစ်ရသူတွေ admin လည်းနည်းနည်းလေး စိတ်အားငယ်နေတာမို့ အားပေးစကားလေး ပြောပေးသွားကြပါဦး ။ 😁😃😃🙈
ရဲထက်ကျော် ( စွယ်စုံလူငယ် )
[ဆောင်းငှက်]
credit......
မေတ္တာဖြင့်​ #Soe_Naing
Posted via #Soe_Naing
“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့” ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ *****
“သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့”
ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ
*****
သင့်ကို နှိမ်ခဲ့တဲ့သူကို
ကျေးဇူးတင်ပါ..
သူ့ကြောင့် သင်အောင်မြင်တဲ့သူ
တစ်ယောက်ဖြစ်ချင်လာတာပါ..
သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူ
တွေကို လက်တွဲခေါ်ပါ..
သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို
ကျေးဇူးတင်ပါ..
သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လို
ခံစားရလဲဆိုတာ သင်သိခဲ့တာပါ..
သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ
ပြန်မကဲ့ရဲ့ပါနဲ့..
သင့်ကို အရင်းနှီးဆုံးသူငယ်ချင်း
အဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို
ကျေးဇူးတင်ပါ..
သူက ဘဝရဲ့အရေးကြီးဆုံး
သင်ခန်းစာကို သင်ပေးခဲ့တာပါ..
သူ့ကြောင့် သင်လူတစ်ယောက်ကို
မျက်စိမှိတ်ယုံကြည်တတ်မှာ
မဟုတ်တော့ဘူး..
ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို
ဘယ်တော့မှမလိမ်ပါနဲ့..
အဲဒီခံစားချက်က ဘယ်လောက်
ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ.
သင်အကူအညီတောင်းခဲ့တိုင်း
လှည့်မကြည့်ခဲ့တဲ့သူတွေကို
ကျေးဇူးတင်ပါ..
သူတို့ကြောင့် သင့်ကိုသင်
အားကိုးတတ်လာတာပါ..
သင့်အလှည့်ကျရင်
သူများအခက်အခဲကို ကူညီပါ..
သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့
ခေါင်းဆောင်တွေကို
ကျေးဇူးတင်ပါ..
ခေါင်းပုံဖြတ်တဲ့သူတို့က
ခေါင်းရှောင်တစ်ယောက်
အောက်မှာလုပ်ရတဲ့ လက်အောက်
ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုး
ကို သင်နဲ့မိတ်ဆက်ပေးခဲ့လို့ပါ..
သင်ခေါင်းဆောင်ဖြစ်တဲ့နေ့
သင့်လက်အောက်ငယ်သားတွေ
ဘယ်တော့မှ အဲ့ဒီလို မခံစားရပါစေနဲ့..
သင်အလုပ်ကို အဆပေါင်းများစွာ
ကြိုးစားခဲ့ပေမယ့် လစာနည်းနည်း
က တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို
ကျေးဇူးတင်ပါ..
သင်ကြိုးစားခဲ့လို့ သင့်မှာ
အရည်အချင်းတွေရှိနေရင်
သင့်အတွက် အလုပ်မရှားတော့ပါဘူး..
အခွင့်အရေးပေါင်းများစွာက
သင့်ရှေ့လက်တစ်ကမ်းမှာ
ရောက်နေပါပြီ..
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့
နေရာသို့ ပြောင်းလိုက်ပါ..
သင်အလုပ်ရှင်ဖြစ်တဲ့နေ့
သင့်ရဲ့လက်အောက်မှာ လုပ်နေတဲ့
ဝန်ထမ်းတွေကို တန်ဖိုးထားပါ..
သင့်ကို ပစ်ခွာသွားသူကို
ကျေးဇူးတင်ပါ..
သင့်ကိုတန်ဖိုးမထားသူ
တစ်ယောက်ကို သင်
စောစောစီးစီး သိလိုက်ရတာပါ..
နောက်ကျမှသိရင်
အရာရာနောက်ကျနေပါလိမ့်မယ်..
သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့
သူကိုတွေ့ဖို့ လမ်းပွင့်သွားတာပါ..
သင့်ကို တန်ဖိုးထားတဲ့လူ
တစ်ယောက်တွေ့တဲ့နေ့ကျရင်
သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုး
ထပ်မလုပ်ပါနဲ့..
အထက်မှာဖော်ပြခဲ့တဲ့ လူမျိုးတွေ
ကို ဘယ်တော့မှ မမုန်းပါနဲ့..
သူတို့က သင်မုန်းရလောက်အောင်
မထိုက်တန်တဲ့သူတွေပါ..
သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာ
နေရာလောက်နဲ့တောင်
မထိုက်တန်တဲ့သူတွေပါ..
သူတို့ကြောင့်
သင့်ရဲ့ရိုးသားမှုအကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့..
သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း
သင်လည်းပြုမူမယ်ဆိုရင်
သင်လည်း သူတို့လို ရွံစရာ
လူမျိုးဖြစ်လာပါလိမ့်မယ်..
သူတို့ သင့်ကိုပြောင်းလဲနေတာကို
ဘယ်တော့မှ လက်မခံပါနဲ့..
သူတို့ကြောင့် သင်ကြိုးစားတာ
ဘယ်တော့မှ ရပ်မသွားစေနဲ့..
သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို
သူတို့ကြောင့် အစွန်းမခံနဲ့..
ဘယ်တော့မှလည်း
ကလဲ့စားချေဖို့မကြိုးစားပါနဲ့..
မျက်လုံးတစ်လုံးအတွက်
မျက်လုံးတစ်လုံး ဆိုတဲ့
အယူအဆက ကမ္ဘာကြီးကို
အမှောင်ကျစေလိမ့်မယ်..။
(မဟတ္တမဂန္ဓီ)
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေသည်..
Credit _ to- ohmarshin
______________________________________
ဂန္ဓီပြောတဲ့ ကြောက်စရာကောင်းသော သူတော်ကောင်း ၇ ယောက်
—–
၁) အလုပ်မလုပ်ဘဲ ချမ်းသာနေတဲ့ သူ
၂) အကောင်းအဆိုး အကျိုးအပြစ် မခွဲခြားတတ်ဘဲ ပျော်ရွှင်နေသူ
၃) ကိုယ်ကျင့်တရားမကောင်းဘဲ ဥာဏ်ပညာရှိဟန်ဆောင်သူ
၎) လူ့ကျင့်ဝတ်တွေ မရှိဘဲ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ
၅) လူ့တွေအကြောင်း မသိတဲ့ သိပ္ပံပညာရှင်များ
၆) စွန့်လွှတ်ခြင်း မရှိခြင်း ဘာသာရေး အယူဝါဒ သမားများ
၇) အခြေခံ သဘောတရားများကို မသိရှိဘဲ အုပ်ချုပ်နေတဲ့ နိုင်ငံရေး
အဖွဲ့အစည်များ
credit
(ရိုးရာလေး)
Soe Naing မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်.
တန်ဖိုးဖြတ်မရသော စကားများ
{  တန်ဖိုးဖြတ်မရသော စကားများ }
~~~~~~~~~~~~~~~~~~~~~~
ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီးဝင်နေလျှင် သူတပါးကို အထင်သေးတာ သဘာဝပဲ။
တစ် ဘဝ၏ ငါ့အဖြစ်ကို မကြည့်ပါနှင့်။
တစ် သံသရာလုံးရဲ့ ငါ့အဖြစ်ကိုကြည့်ပါ။
             ( မဟာဂန္ဓာရုံဆရာတော် )
~~~~~~~~~~~~~~~~~~~~~~~~
သတ္တဝါတိုင်း မာန်ရှိကြတယ်။ အသိဉာဏ် မပြည့်စုံခင်တော့ မဆိုသာဘူး။ အသိဉာဏ် ရင့်ကျက်လာမှ မာန်တက်တာ ဟန်မကျဘူး။
(ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်)
~~~~~~~~~~~~~~~~~~~~~~~~
အဆိုးလောကဓံကို ကြိတ်မှိတ်ခံလို့ရတယ်။ အကောင်းလောကဓံကို ခံနိုင်ခဲတယ်။
( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ )
~~~~~~~~~~~~~~~~~~~~~~~~
အငြင်းရှိလျှင် ရှောင်။ အပြစ်ကင်းသည်။
                  ( ဘုန်းတော်ကြီး ဦးသီလ )
~~~~~~~~~~~~~~~~~~~~~~~လူအများဟာ ဘယ်သူဟာ ကံကောင်းတယ်။ဘယ်သူဟာ ကံဆိုးတယ်လို့  ပြောဆိုလေ့ရှိကြတယ်။ ကံကောင်းခြင်း ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုသာလျှင်ဖန်တီးနေကြခြင်း
ဖြစ်တယ်။ ကံတရားဆိုတာ မိမိတို့ ၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင်ဖြစ်တယ်။ စေတနာကောင်းလျှင် ကံကောင်းမယ်။ စေတနာဆိုးလျှင် ကံဆိုးမယ်။
( တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ )
~~~~~~~~~~~~~~~~~~~~~~~~
၁။ သူတပါးလှေကို ဖာနိုင်လျက် မိမိလှေကို မဖာနိုင်လျှင် နစ်တတ်သည်။
၂။ ရွှေဥဒေါင်းငှက် အကကောင်း သော်လည်း စအိုပေါ်၍ အဆို အမြည်ခံရသည်။
၃။ တုံး တံတားလျှောက်စဉ် အရပ်တပါး မကြည့်နှင့်။ ချောက်ထဲသို့ ကျလိမ့်မည်။ သံသရာတံတားလျောက်စဉ် သူတပါးအပြစ် မကြည့်နှင့်။ သံသရာချောက်သို့  ကျလိမ့်မည်။
၎။ သူတပါး၏အပြစ်ကို မိမိနှလုံးအိမ် ကြာကြာမစိမ်နှင့်။
     ( ပထမရွှေကျင်ဆရာတော်ကြီး )
~~~~~~~~~~~~~~~~~~~~~~~~
စိတ်ကို ဆုံးမရင် လူချမ်းသာလည်း ရနိုင်တယ်။ နတ်ချမ်းသာလည်း ရနိုင်တယ်။ နိဗ္ဗာန်ချမ်းသာလည်း ရနိုင်တယ်။ မြဲမြဲမှတ်ကြ။
(ရွှေဥဒေါင်းတောင် ဆရာတော်ကြီး )
~~~~~~~~~~~~~~~~~~~~~~~
သက်တမ်းတိုတဲ့ ဘဝကလေးမှာ တရားအားမထုတ်ဘဲ ချောင်ခိုနေရင် အသေစောက ကိုယ်ကျိုးနည်းလိမ့်မယ်။
        ( မိုးကုတ်ဆရာတော်ကြီး )
~~~~~~~~~~~~~~~~~~~~~~~~
ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆို လုပ်ရမှာ ပျင်းကြတယ်။ မလုပ်ချင်ပေမဲ့ ပေပြီးလုပ်ရတယ်။
အကုသိုလ်အလုပ်ကျတော့ ဘယ်သူမဆို မတိုက်တွန်းရဘူး။ လုပ်ချင်နေကြတယ်။ အကုသိုလ်အလုပ်ကို လုပ်ချင်နေပေမဲ့ ပေပြီး မလုပ်ပဲ ရှောင်နေရမယ်။
( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး )
~~~~~~~~~~~~~~~~~~~~~~~~
စကားနှင့် အစား
သည်နှစ်ပါးမှာ
စကားမညီသော် အရှုပ်ရှုပ်။
အစားမညီသော် တရုတ်ရုတ်။
            ( လုံးထော်ဆရာတော် )
~~~~~~~~~~~~~~~~~~~~~~~~
စကားအပေါင်းကို အုပ်သည်ကား ကတိ။
တရားအပေါင်းကို ချုပ်သည်ကား သတိ။
ကြော့ကြမ်းလျှင် မုန်းတတ်သည်။
သော့သွမ်းလျှင် ဆုံးတတ်သည်။
ဟော့ရမ်းလျှင် ရှုံးတတ်သည်။
မကြော့ မကြမ်း နုရမည်။
မဟော့ မရမ်း ရှုရမည်။
မသော့ မသွမ်း ပြုရမည်။
( ကျည်းကန်ရှင်ကြီး စကားပုံ )
~~~~~~~~~~~~~~~~~~~~~~~~
စားသမျှမစင်။
ထားသမျှ မသေခင်။
ပြုသမျှ ကုသိုလ်ပင်။
ယခုဘဝကောင်းဘို့ တွင်။
စားလည်းစား ထားလည်းထား ပြုလည်းပြုမှ တော်မည်ပင်။
             ( ဒီပဲယင်းဆရာတော် )
~~~~~~~~~~~~~~~~~~~~~~~~
အဝတ်လွန်သော် ဣဏ
( ကြွေးတင်တတ်တယ်)
အစားလွန်သော် ဘယ
( ဘေးဖြစ်တတ်တယ် )
အအိပ်လွန်သော် မောဟ
( တွေဝေတတ်တယ် )
အဝလွန်သော် ထိန
( ထိုင်းမှိုင်းတတ်တယ် )
                   ( ရှင်မဟာသီလဝံသ )
~~~~~~~~~~~~~~~~~~~~~~~~
သူတည်းတယောက်၊ ကောင်းဘို့ ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
            ( အနန္တသူရိယအမတ် )
~~~~~~~~~~~~~~~~~~~~~~~~
မိမိကျန်းမာရေးကိုကောင်းစွာစောင့်ရှောက်သောအားဖြင့် မိမိအကျိုးကို ကောင်းစွာ စောင့်ရှောက်သည်မည်၏။
                             ( ဒေါ်မမခင် )
~~~~~~~~~~~~~~~~~~~~~~~~
ပညာရှိများရေးသားထားသော စာပေများကို ကိုယ့်အိမ်မှာထားခြင်းသည် ၎င်းပညာရှိများ၏ ကိုယ်စားလှယ်ကို ဆုံးမသြဝါဒပေးရန်ပင် ခေါ်ထားခြင်းနှင့်တူ၏။
                            ( ဦးပဂျီငို )
~~~~~~~~~~~~~~~~~~~~~~~~
သူရဲကောင်းသည် စည်းစိမ်ကို မနှစ်သက်၊ ရဲစိတ် ရဲမာန်ကိုသာ ခင်တွယ်၏။ မြတ်နိုး၏။ နှစ်သက်၏။
             ( သခင်ထွန်းအုပ် )
~~~~~~~~~~~~~~~~~~~~~~~~
လောကကို ကောင်းအောင်ပြုရာ၌ တယောက် နှစ်ယောက်ပြု၍မကောင်း။ အများပြုလုပ်မှ ကောင်းသည်။ လောကုတ္တရာအရာ မဂ် ဖိုလ်ကို ရအောင်ပြုလုပ်လျှင်ကား တယောက်တည်း ပြုလုပ်မှ ကောင်းသည်။
      ( ယောအတွင်းဝန် ဦးဖိုးလှိုင် )
~~~~~~~~~~~~~~~~~~~~~~~~
စိတ်သောကများသောအခါ၌ဖြစ်စေ မိမိကိုယ်ကို အယုံတရား အားကိုးအားထား မရှိပဲကြောက်သလိုလိုဖြစ်နေသည့် အခါ၌ဖြစ်စေ စိတ်ပျက်စွာနေသည့် အခါ၌ဖြစ်စေ ဤအတောအတွင်း အရေးကြီးသော ဆုံးဖြတ်ချက်ကို အဆောတလျင် မပြုလုပ်ပါနှင့်။ မှားယွင်းသည်သာ များတတ်သည်။
                     ( လောကဓံ ဦးထွန်း )
~~~~~~~~~~~~~~~~~~~~~~~~
                   ( မမာဆွေ )
~~~~~~~~~~~~~~~~~~~~~~~~
                          ( ဒဂုံနတ်ရှင် )
~~~~~~~~~~~~~~~~~~~~~~~~
ကိုယ်နှင့် ကျေးဇူးကိုကား မြတ်နိုးစွာ စောင့်ရှောက်အပ်၏။ ကိုယ်ဟူသည်ကား ခန္ဓာကွယ်ခဲ့သော် ပျောက်ပျက်တတ်၏။ ကျေးဇူးသော်ကား ကမ္ဘာပတ်လုံး ဥဒါန်းစကားတည်သည်ဖြစ်၏။
( မဏိရတနာပုံ ငခင်ညို )
~~~~~~~~~~~~~~~~~~~~~~~~
မကျင့်ပဲ မမြတ်ချင်န့ဲ။
မလုပ်ပဲ မရချင်န့ဲ။
မဆင်ပဲ မလှချင်န့ဲ။
မသိပဲ မမေးချင်န့ဲ။ 
မခေါ်ပဲ မလည်ချင်န့ဲ။
မသင်ပဲ မတတ်ချင်န့ဲ။
မဟုတ်ပဲ မဟချင်န့ဲ။
မကျင့်ပဲ မရချင်န့ဲ။
မရှိပဲ မကြွားချင်န့ဲ။
မတော်ပဲ မဝယ်ချင်န့ဲ။
( ကျော်အောင်စံထားဆရာတော် )
~~~~~~~~~~~~~~~~~~~~~~~~
Ashin Nyeya Dhamma စုစည်းမျှဝေသည် ။
Credit; Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
Posted via Blogaway
မင်္ဂလာပါ နော်
💕ငါကပဲ အစွဲလမ်းကြီးလို့.....
 💕ငါကပဲ အစွဲလမ်းကြီးလို့..... 💕သတိရနေတာပဲ ဖြစ်မှာပါလေ..... 💕ကိုယ်လည်း နေတတ်အောင်..... 💕နေကြည့်ရဦးမယ်..... #SN💕
လူကြိုက်​များ​သော ပို့စ်​များ