မိန်းကလေးတိုင်းသိထားသင့်တဲ့
ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား(၁၀)ခွန်း
_________________________________________
၁။အိမ်တွင်းမီး အပြင်မထုတ်နဲ့။
(အိမ်တွင်းရေးပြဿ နာတွေကို အပြင်မှာဖောက်သည်
မချနဲ့)
၂။အိမ်ပြင်မီး အတွင်းမသွင်းရ။
(အပြင်မှာဖြစ်လာတဲ့ပြဿ နာတွေကို အိမ်တွင်းထဲ
သယ်မလာနဲ့)
၃။ပြန်ပေးမယ့်သူကိုသာ ပေး။
(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့ရမယ့်သူကိုသာ
ချေးငှားပါ)
၄။ပြန်မပေးမယ့်သူကို မပေးနဲ့။
(ဥစ္စာပစ္စည်းတွေကိုပြန်တောင်းလို့မရမယ့်သူကို
မချေးငှားနဲ့)
၅။ပေးသင့်သူကိုလည်း ပေး။
(ဆွေမျိုးအသိုင်းအဝိုင်းမှာ
ဘဝပေးအရမပြည့်စုံတဲ့သူတွေကို
ဘာမှမမျှော်လင့်ဘဲ ထောက်ပံ့လိုက်ပါ)
၆။ချမ်းသာစွာ ထိုင်။
(မိဘ၊ယောက္ခမ၊ခင်ပွန်းရဲ့ အထက်အရပ်၊
လေညာအရပ်စသောအပြစ်မလွတ်သောနေရာတွင်
မထိုင်ဘဲ အပြစ်ကင်းသောနေရာမှာထိုင်ပါ)
၇။ချမ်းသာစွာ စား။
(မိဘ၊ယောက္ခမ၊ခင်ပွန်းကို ရှေးဦးစွာကျွးပြီးနောက်မှ
စားပါ)
၈။ချမ်းသာစွာ အိပ်။
(မိဘ၊ယောက္ခမ၊ခင်ပွန်းတို့ကို သင့်တင့်သောဝေယျာဝစ္စ
ပြုလုပ်ပေးပြီးမှ အိပ်ပါ)
၉။မီးကို ရိုသေစွာလုပ်ကျွေး။
(ယောက္ခမတွေကို မိဘကဲ့သို့ကောင်းစွာစောင့်ရှောက်
ရိုသေပါ)
၁၀။အိမ်ဦးနတ်ကို ရှိခိုးပူဇော်။
(မိမိခင်ပွန်းအား ရိုသေလေးစားစွာဆက်ဆံပါ)
Credit;စကားဝါ ရှိန်းမာန်
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕
မိန်းကလေးတိုင်းသိထားသင့်တဲ့ ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား(၁၀)ခွန်း
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment