ရင့်​ကျက်​သွားတဲ့အခါ


င့်ကျက်သွားတဲ့အခါ

<><><><><><><><>


အပိုစကားတွေထက်

လိုအပ်သလောက်ဘဲ

ပြောတက်တာကိုသဘောကျလာတယ်


လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း

အချိန်ပိုတွေ

အရင်လိုမများတော့ဘူး


ခေါ်ထူး မေးဖြေဆက်ဆံရေးတွေနဲ့

ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို

ဝေးဝေးကရှောင်တက်လာတယ်


ပျော်စရာတွေများပေမယ့်

အရင်လိုသိပ်ပြီး

မပြုံးဖြစ်တော့ဘူး


ကြုံလာရတဲ့ပြဿနာတွေကိုလဲ

ခေါင်းအေးအေးထားပြီး

ရင်ဆိုင်ဖြေရှင်းနိုင်လာတယ်


သောကဖြစ်စရာတွေကို

အကြားကြီးတွေးမနေတော့ဘူး

စိတ်အေးချမ်းဖို့ပဲ အဓိကထားပြီးနေတက်လာတယ်


အတွေ့အကြုံတွေများလာတာနဲ့အမျှ

အရင်ကထက်

စာတွေပိုဖတ်ဖြစ်လာတယ်


ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက်

ကိုယ်ဘေးကလူတွေအဆင်ပြေဖို့

ပိုပြီးဂရုစိုက်တက်လာတယ်


ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ

တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့

ကြိုးစားဖြေတွေးတက်လာပြီး


နာကျင်စရာအကြောင်းတွေကို

အရင်ထက်ပိုပြီး

မြိုသိပ်နိုင်လာတယ်


ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို

အရင်လိုတုန့်ပြန်မနေတော့ဘူး

ဥပေက္ခာစိတ်နဲ့သည်းခံတက်လာတယ်


ချစ်ခြင်းမုန်းခြင်းတွေကိုလဲ

မျှမျှတတ ခံစားတက်လာပြီး

အရင်လိုအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး


ကိုယ်တကယ်လိုအပ်တာနဲ့

လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ

ဘယ်အရာကအရေးကြီးသလဲလို့

တွေးဖြစ်လာတယ်


အကောင်း နဲ့အဆိုးကို

တည်တည်ငြိမ်ငြိမ်နဲ့

ခွဲခြားနိုင်လာတယ်


လောကထဲက

တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့

ကိုယ်ကျော်ဖြတ်လာရတဲ့

အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ

ကံတရားရဲ့အနိမ့်အမြင့်အတိုင်းပဲ

လိုက်ပါနိုင်ဖို့ကြိုးစားရင်း

ဘဝဟာ အရင်ထက်ပိုပြီး နေသာထိုင်သာ ရှိလာတယ်။


Phothar(AyarHan)

မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕

No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ