💢 ဒေါသစိတ်လေး ဖြစ်ချင်မိတာပေါ့…
မပေါက်ကွဲမိအောင်တော့ ထိန်းတတ် လာပြီးလေ။
💢 ဝမ်းနည်းစိတ်လေး ဖြစ်မိတာပေါ့…
မျက်ရည်မကျမိအောင် ထိန်းတတ်လာပြီးလေ။
💢 ယုံကြည့်မိချင် ခဲ့တာပေါ့…
မယုံပေမဲ့ တဖက်သားစကားကို နားထောင်ပေး
တတ်မိလာပြီးလေ။
💢 စိတ်ပါလက်ပါနဲ့ကူညီပေးတဲ့စိတ်လေးဖြစ်မိတာပေါ့…
ဒါပေမဲ့ စိတ်မပါတဲ့အခါလဲ ဝတ္တရားရှိတာကို ကျေ
ပွန်အောင် ဆောင်ရွက်တတ်ပြီးလေ။
💢 စိတ်ထဲရှိတာ ပြောချင်မိတဲ့စိတ်လေးဖြစ်မိတာပေါ့
ပြောချင်ပေမဲ့ အချိန်အခါကြည့်ပြီးမှ ပြောတတ်လာ
ပြီးလေ။
💢 ကိုယ့်မဟုတ်ပဲ ဝေဖန်လေကန်သံတွေကို ခံပြီး ပြန်
ရန်တွေ့ချင်တဲ့စိတ်ကလေးတော့ ဖြစ်မိတာပေါ့…
မဟုတ်ပဲ စွတ်ဆွဲခံရတဲ့အခါ အပြုံးမပျက် ဖြေရှင်း
တတ်လာပြီးလေ။
💢 အသားလွတ် လာရန်စရင်လဲ ပြန်ပြီးအန်တု လို
ပြိုင် ပြောချင်မိခဲ့တာပေါ့……
ဒါပေမဲ့ ခုတော့ အပြုံးမပျက် ခပ်ဟဟ လေးပဲ ရီ
တတ်လာပြီးလေ။
💢 အကြောင်းမရှိပဲ လာချိုးနှိမ်ရင်လဲ……
ပြုံးပြုံးလေးပဲသူတိုမျက်လုံးကို ပြန်ကြည့်တတ်လာ
ပြီလေ။
💢 အထီးကျန်တဲ့အခါ အတွေးတွေကိုအစွန်းမရောက်
ဖို့ သတိထားတတ်လာပြီးလေ။
ပျော်စရာကြုံရင် ချစ်သူခင်သူတွေကို ဝေမျှပေးဖို့
သတိရလာတတ်ပြီလေ။
💢 တကယ့်တော့ တခါတလေ တိတ်ဆိတ်လာတတ်
တာဟာ… မာနကြီးလာတာလဲမဟုတ်သလို
ဟန်ဆောင်နေတတ်လာတာလဲ မဟုတ်ပါဖူး။
တခါတလေကျ သည်းခံနေလိုက်မိတာပါ။ သည်းခံလိုက်တာဟာ ပြန်မပြောချင်လိုဆိုတာထက်
ကိုယ့်ဒေါသစိတ်ကို ကိုယ့်အသိဆုံးမို့ ထိန်းချုပ်လိုက်မိ
တာပါပဲ။
Credit#pity
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment