ဗန်းမော်ဆရာတော်၏ ပညာပေးစကားပုံ
တရားကိုတော့ တေးလိုဆို၊
ဖအေကိုတော့ သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင်တော့ သောတာပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊ လိမ်နိုင်မှ သစ္စာရှင်၊
ပညာရှင်ကို ပယ်လို့ထား၊
အချစ်ဆုံးမယားက သစ္စာပျက်၊
ရိုးသားသူကို အရူးလို့ဆို၊
အပျိုငယ်က လင်နေစော၊
အကျႌပါးနှင့် ဥပုသ်သည်၊
ဇရပ်အလယ်မှာ ကိုးယို့ကားယား၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
အပျိုမဖြစ်ခင်က ရည်းစားများ၊
လူဆင်းရဲက သူဌေးယောင်ဆောင်၊
အဝတ်ပြောင်မှ လူရိုသေ၊
လင်ရှိမယားက အပျိုလုပ်၊
မသာပို့ရင်း လူပျိုလှည့်၊
အလှူပေးရင်း ထမင်းရောင်း၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊
ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး၊
ဘိုးသူတော်က ဘိုစတောက်ချ၊
အပျိုပေါက်စ နှစ်လင်ယူ၊
လူရင်းနှီးတော့ အတိုးချ၊
သူခိုးဓားပြက လူလို့အော်၊
မရှောင်တမ်းတိုးတော့ တစ်ခုလပ်၊
စပ်စုတော့က အပျိုဟိုင်း၊
နဂိုရိုင်းတော့ လူ့ဂျပန်၊
ဘုရားကျောင်းကန်နှင့် ကပ်လို့လိမ်၊
ပုရဝုန်အတွင်းမှာ အိမ်ထောင်ကျ၊
မယ်သီလက အနုဆေးဖော်၊
ရတနာသုံးပါးကို မကြည်ညို၊
ကြေးစည်အို တနောင်နောင်နဲ့
ဘိန်းစားပုန်း၊
လူ့လောက၌ စိတ်ကူးယဉ်၊
ပွဲသဘင်ပါမှ အလှူဖြစ်၊
ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊
စာ မတတ်သူက တရားပြ၊
အသက်မွေးမှုနှင့် ရဟန်းတု၊
အမှန်ပြောလျှင် အမုန်းပွား၊
ဇာတ်သမားမှ လူခေါ်ချင်၊
သူတော်စင်ကို ပယ်၍ထား၊
ကျွေးမွေးသူက ကျွန်နှင့်တူ၊
ကြွေးယူသူက သခင်ဖြစ်၊
မုန့်ပေးလျှင် ကျမ်းဂန်တတ်၊
ရွှေကပ်တဲ့ဘုရားမှ လူရိုသေ၊
အဖေအမေက ကျွန်နှင့်တူ၊
သားသမီးက သခင်ဖြစ်၊
ခေတ်ကြီးကိုတော့ အပြစ်ဆို၊
ကိုယ့်ကိုယ်ကိုကျ အကောင်းပြော၊
မတရားသူအား အကြောက်များ၊
ဥပုသ်သည်၌ အကောင်းကြိုက်၊
ဂုံးတိုက်တော့ ကျေးဇူးရှင်၊
ဖြောင့်မှန်နေလျှင် လူ မသုံး၊
အကျႌပါးဝတ်တော့ ဂုဏ်ထင်ပေါ်၊
သူတော်စင်မှာ အကျင့်ပျက်၊
သုတ်အဘိဓမ္မာ တရားခက်၊
သင်္ဂြ ိုလ်ကျက်ရင်း ငါးကိုထောင်၊
ဥပုသ်ဇရပ်မှာ ခိုက်ရန်ဖြစ်၊
သီလယူရင်း မျက်စ ပစ်၊
မေတ္တာပို့ရင်း ဒေါသထွက်၊
သဒ္ဓါလွန်တော့ တဏှာကျွန်ဖြစ်လို့၊
#သူတော်ကောင်းတို့_တရားပျက်ကြပြီ။ ။
#ဖတ်မှတ်ခဲ့ဖူးသမျှထဲမှ
Via KokoJittu
Credit;Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕
ဗန်းမော်ဆရာတော်၏ ပညာပေးစကားပုံ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment