"အရွဲ့မတိုက်ပါနဲ့"

"အရွဲ့မတိုက်ပါနဲ့"

🍁စိတ်ညစ်နေတဲ့အချိန်မှာ
စိတ်ထင်ရာတွေ မလုပ်မိပါစေနဲ့
မခံချင်တဲ့စိတ်တွေကြောင့် သူတစ်ပါးကို
အရွဲ့တိုက်မိရင် တကယ်ရွဲ့သွားမှာက ကိုယ်ပါ။

🍁ငါ ဒီလောက်ကောင်းနေရဲ့သားနဲ့
ငါ့ အပေါ်ကျတော့ မသိတတ်ဘူးဆိုပီး
ပြိုင်ပီး မရွဲ့လိုက်ပါနဲ့
သင် ကောင်းတာတွေက အဆိပ်ဖြစ်သွားတတ်တယ်။

🍁ချစ်ရသူနှစ်ဦး မကျေနပ်ချက်တွေကြောင့်
အပြိုင်အရွဲ့တိုက်မိကြရင် နောက်ဆုံးရလဒ်က
အဆိုးတွေပဲဖြစ်ပီး အရွဲ့တိုက်မှူတွေကြောင့်
နှလုံးသားရင်ခုန်သံတွေပါ ရွဲ့စောင်းဝေးကွာစေတတ်ပါတယ်။

🍁အရွဲ့တိုက်တယ်ဆိုတာက မရင့်ကျက်ခြင်းရဲ့
သင်္ကေတဖြစ်ပီး ကိုယ်တန်ဖိုးရသူတွေကို
ကိုယ့်အနားက ကိုယ်ကိုယ်တိုင် အဝေးကို
ကန်ထုတ်လိုက်သလိုပါပဲ။

🍁ရင့်ကျက်လာသူတိုင်းက လူတစ်ယောက်ကို
တကယ်စိတ်ကုန်သွားပီဆိုရင် အရွဲ့တိုက်မနေပါဘူး
ကိုယ့်ဘဝထဲက အပြီးတိုင်ထုတ်လိုက်ပြီး
ဥပေက္ခာပြုသွားတတ်တယ်။

   Credit:   🦋Nawe🦋

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။

#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ