"ရှိနေလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ လွမ်းဆွတ်ခြင်းတွေ အများကြီးပါဝင်နေတယ်။


"ရှိနေလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
လွမ်းဆွတ်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဘာလုပ်နေတာလဲ ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
ဂရုစိုက်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဘာဖြစ်နေတာလဲ ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
အလေးထားခြင်းတွေ အများကြီးပါဝင်နေတယ်။

"မအားတာလား ဟင်" ဆိုတဲ့ စကားတစ်ခွန်းမှာ
သောကတွေ အများကြီးပါဝင်နေတယ်။

"နင့်ကို စောင့်နေမယ်"ဆိုတဲ့ စကားတစ်ခွန်းမှာ
ဝမ်းနည်းခြင်းတွေ အများကြီးပါဝင်နေတယ်။

"ရှိပါစေတော့ကွာ" ဆိုတဲ့ စကားတစ်ခွန်းမှာ
စိတ်ထိခိုက်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"ငါ နားလည်ပေးလိုက်ပါပြီ" ဆိုတဲ့ စကားတစ်ခွန်းမှာ
မတတ်နိုင်ခြင်းတွေ အများကြီးပါဝင်နေတယ်။

"နင့်ကို မနှောင့်ယှက်တော့ပါဘူး" ဆိုတဲ့ စကားတစ်ခွန်းမှာ
ရင်နာခြင်းတွေ အများကြီးပါဝင်နေတယ်။

"ဒါဆိုလည်း သဘောအတိုင်းပါ" ဆိုတဲ့ စကားတစ်ခွန်းမှာ
နှမြောခြင်းတွေ အများကြီးပါဝင်နေတယ်။

"ငါ အမြဲရှိနေပါတယ်" ဆိုတဲ့ စကားတစ်ခွန်းမှာ
နွေးထွေးခြင်းတွေ အများကြီးပါဝင်နေတယ်။

"လက်မလွှတ်ချင်ဘူး" ဆိုတဲ့ စကားတစ်ခွန်းမှာ
အခက်အခဲတွေ အများကြီးပါဝင်နေတယ်။

ပြီးဆုံးဖို့က အချိန်တစ်မိနစ်ပဲ လိုတယ်။
တန်ဖိုးထားတတ်ဖို့က တစ်သက်လုံးပေါ့။

Credit:NineNineSaNay


မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ