နေ့တိုင်းဖတ်ရန် (၂၂) ချက်
🍒🍒🍒🍒🍒🍒🍒🍒
(၁) ပြုံးပါ။
(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။
(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။
(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။
(၅) မိမိ အမှားကို လျှင်လျှင် မြန်မြန်
လေးလေးနက်နက် ဝန်ခံပါ။
(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။
(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။
(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။
( ဂရုတစိုက်နှင့် နားထောင်ပါ )
(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။
(၁၀) ကိုယ်ချင်းစာ တတ်အောင် ကြိုးစားပါ။
(၁၁) ရိုးသားစွာ ချီးကျူးပါ။ (ရက်ရက်ရောရော ရှိပါစေ)
(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။
(၁၃) တစ်ဖက်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။
(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
ဝမ်းမြောက် ဝမ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။
(၁၅) အခြားသူများပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ။
(၁၆) မိမိ မိတ်ဆွေတို့ ၏ နာမည်များကို မှတ်သားထားပါ။
(၁၇) တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင်
လုပ်ပေးပါ။
(၁၈) စေတနာဖြင့် ချီးကျူးရန် မမေ့ပါနှင့်။
(၁၉) တစ်ဖက်သားကို ကြင်နာယုယပါ။ (ရိုသေလေးစားပါ)
(၂၀) တစ်ဖက်သားဘက်မှ နေ၍
အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင်
စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
(၂၁) မိမိ ကိုယ်ကို နှိမ့်ချစွာ ပြောဆိုတက်ပါစေ။
(၂၂) " အကြင်သူသည် ဤကိစ္စကိုဆောင်ရွက်နိုင်အံ့၊
ထိုသူ၏ နောက်သို့ တစ်ကမ္ဘာလုံး လိုက်အံ့၊
အကြင်သူသည် ဤကိစ္စကို မဆောင်ရွက်နိုင်၊
ထိုသူသည် တစ်ယောက်တည်းနေရအံ့၊ ''
အထက်ပါ စာကြောင်းလေးများသည် အကျဉ်းချုပ် ၍သာ ရေးသားထားခြင်း ဖြစ်ပါသည်။
💕Nay ThuRain💕
Credit;Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕
နေ့တိုင်းဖတ်ရန် (၂၂) ချက်
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment