* ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး ....

* ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး ....

လောကမှာ ကဲ့ရဲ့သူဆိုတာ ...

စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။

နှိုင်းနှိုင်းချိန်ချိန် တိုင်းတိုင်းဆဆ ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။

စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။

`` တကယ်တော့ ... ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။ ´´

* ဒီတော့ ... ကဲ့ရဲ့မှာကို တွေးကြောက်မနေနဲ့။ *

ကိုယ်ကသာ အလုပ်မှန်ကန်နေပေ့စေ။

ကြောက်စရာမလို ...

``` စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပဲ။ ´´´

အဲဒါမျိုးကိုပြောတာ ...

°°° လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း
လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏။ °°°

* လူကောင်းတစ်ယောက် ချီးမွမ်းမှုကိုသာ အရေးစိုက်ပါ။ *

( အရှင်ဇနကာဘိဝံသ )
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး။

Credit, Original Uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ