"လူတစ်ချို့......” ❤💚❤💚❤

"လူတစ်ချို့......”
❤💚❤💚❤

* လူတစ်ချို့....💛
* ကိုယ့်ဘဝထဲကို မဖိတ်ခေါ်ပဲ ရောက်လာပြီး💜
* ကိုယ့်နှလုံးသားထဲကို ရသမျိုးစုံနဲ့💙
* ဒဏ်ရာတွေ ပေးသွားကြတယ်။💛

* လူတစ်ချို့....💜
* ကိုယ်ဖိတ်ခေါ်မိခဲ့တဲ့ လူတစ်ချို့က💙
* ကိုယ့်ယုံကြည်မှုတွေကို တက်နင်းပြီး💛
* သူတို့လိုချင်တာတွေ ယူသွားကြတယ်။❤

* လူတစ်ချို့....💚
* ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ဖန်တီးနေပေမယ့်💗
* သူတို့စီးပွားရေးကို ကိုယ်က ခဲနဲ့ထုနေမိသလို ဖြစ်ခဲ့ရင်💜
* ကိုယ့်ကို ရန်သူကြီးတစ်ယောက်လို💛
* အမြဲမပြတ် စောင့်ကြည့်တိုက်ခိုက်နေတတ်ကြတယ်။💙

* လူတစ်ချို့………💖
* ကိုယ့်ရဲ့ ရိုးသားပွင့်လင်းခဲ့မှုတွေကို💚
* ကောင်းကောင်းကြီး အသုံးချခဲ့ကြပြီး💔
* ကိုယ့်ရဲ့ ဖြူ စင်တဲ့ နှလုံးသား ကို……💛
* သူတို့ရဲ့ မာယာတွေနဲ့ ညစ်နွမ်းအောင် လုပ်ခဲ့ကြတယ်။💜

* လူတစ်ချို့………💙
* ကိုယ့်ကို မုသားတွေ ဗရပွနဲ့ လာနမ်းရှိုက်ခဲ့ကြပြီး💛
* ကိုယ်က အမှန်တရားနဲ့ ပါးပြန်ရိုက်ခဲ့မိတော့ ကိုယ့်ကို💚
* ဆတ်ဆတ်ခါအောင် မုန်းတီးသွားတတ်ကြတယ်။❤

* လူတစ်ချို့…………💞
* ကိုယ်က အမြင့်ရောက်နေရင် မြှောက်ပင့်ပေါင်းတတ်💜
* ကြပြီး ကိုယ်နိမ့်ပါးတဲ့အခါကျတော့ 💙
* အပေါ်ကိုမတက်နိူင်အောင်💛
* ရင်ဝကို ခြေစုံကန်ခဲ့ကြတယ်။💚

* တစ်ခါတစ်ခါ…………❤
* လူ့ဘဝဆိုတာ အဖြူ ဆွတ်ဆွတ်ဖြင့် လူတိုင်းကို💘
* စိတ်ရင်းမှန်မှန်ဖြင့် ဆက်ဆံလို့မရတတ်ဘူး.…💜
* ကိုယ်က တစ်ဖက်သားကို အသေယုံကြည်မိတဲ့💙
* အခါ တစ်ဖက်က လှလှပပ ကိုယ့်ကို……💛
* အသုံးချသွားရင် အရမ်းနာကျင်ရတတ်ပါတယ်။❤

* နောက်ဆုံး ကိုယ်အရမ်းချစ်ရသူ ဖြစ်နေအုံးတော့💚
* နေရာတကာကို သတိလေးနဲ့ဆက်ဆံပြီး……💗
* ယုံသင့်တာကို ယုံ၍ ပေးဆပ်သင့်တာကို💜
* ပေးဆပ်ပါမှ တစ်ခုခုဆိုရင်………💙
* ခံနိူင်ရည်ရှိပြီး ဖြေသာပါလိမ့်မယ်။💛

Credit နန်းနွယ်

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ