လိုအပ်ဆုံးသူထက် နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။

လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။

အချစ်ရဆုံးသူထက်
မင်းကိုတန်ဘိုးထားဆုံးသူကိုပိုချစ်ပါ။

နဘေးမှာရှိနေပေးသူထက်
ယုံကြည်မူအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။

မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိနိမှာရှိနေပေးသူကိုပိုချစ်ပါ။

ပျော်ရွှင်မူမပေးနိုင်သူထက်
ပျော်ရွှင်မူပေးနိုင်သူကိုပိုချစ်ပါ။

မျက်ရည်ကျမှသုတ်ပေးသူထက်
မျက်ရည်မကျအောင်လုပ်ပေးသူကိုပိုချစ်ပါ။

လမ်းရောက်မှလက်တွဲခေါ်သူထက်
လမ်းမရောက်ခင်လမ်းပြပေးသူကိုပိုချစ်ပါ။

မကောင်းသတင်းပြောသူထက်
ကောင်းသတင်းပြောသူကိုပိုချစ်ပါ။

အဆင်ပြေပါစေလို့ဆုတောင်းပေးသူထက်
မင်းအတွက်ငါဘာကူညီပေးရမလဲပြောသူကိုပိုချစ်ပါ။

လိုချင်တာရယူသွားတဲ့သူတွေထက်
မင်းအတွက်ပေးဆပ်ပီးချစ်နေတဲ့သူတွေကိုပိုချစ်ပါ။

မင်းကိုယ်ချစ်ပါတယ်ချစ်ပါတယ်ပြောတဲ့သူတွေထက်
မင်းအပေါ်သစ္စာရှိတဲ့သူကိုပိုချစ်ပါ။

အောင်မြင်ချိန်မှာအားပေးသူထက်
ကျရူံးချိန်မှာနှစ်သိမ့်ပေးသူကိုပိုချစ်ပါ။

လေးစားစွာဖြင့်#
Nawe
Credit;

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ