အချိန်မရှိဘူး

အချိန်မရှိဘူး

- မုန်းနေဖို့ အချိန်မရှိဘူး
ချစ်တဲ့သူတွေ အတွက် အချိန်ပေးရအုံးမယ်

- နောက်ဆုတ်ဖို့ အချိန်မရှိဘူး
ရှေ့ဆက်ဖို့အတွက် အချိန်ပေးရအုံးမယ်

- ကြောက်ရွံ့နေဖို့ အချိန်မရှိဘူး
ရဲရင့်ဖို့အတွက် အချိန်ပေးရအုံးမယ်

- ငိုနေဖို့ အချိန်မရှိဘူး
ပျော်ရွှင်ဖို့ အတွက် အချိန်ပေးရအုံးမယ်

- စိတ်ကူးယဉ်နေဖို့ အချိန်မရှိဘူး
လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် အချိန်ပေးရအုံးမယ်

- သူတစ်ပါးမကောင်းကြောင်းပြောဖို့ အချိန်းမရှိဘူး
ကိုယ်ကောင်းအောင်နေဖို့အတွက် အချိန်ပေးရအုံးမယ်

- တွေးပူနေဖို့ အချိန်မရှိဘူး....
လက်တွေ့ရင်ဆိုင်နိုင်ဖို့အတွက် အချိန်ပေးရအုံးမယ်

- ရန်ဖြစ်နေဖို့ အချိန်မရှိဘူး.....
နားလည် ခွင့်လွှတ်နိုင်ရန်အတွက် အချိန်ပေးရအုံးမယ်

- ပြီးခဲ့တာတွေ ပြန်တမ်းတဖို့ အချိန်မရှိဘူး
ပစ္စုပ္ပန်မှာ ကောင်းနေဖို့အတွက် အချိန်ပေးရအုံးမယ်

- ဒေါသဖြစ်ဖို့ အချိန်မရှိဘူး.....
မေတ္တာပွားနေဖို့အတွက် အချိန်ပေးရအုံးမယ်

- ခန္ဓာကိုယ် အလှဆင်နေဖို့ အချိန်မရှိဘူး...
အသေကောင်းဖို့အတွက် အချိန်ပေးရအုံးမယ်

#သင့်အတွက် အားဆေးတစ်ခွက်ဖြစ်မယ်ဆိုလျှင် လက်ဆင့်ကမ်းပေးပါ။
Credit, original uploader

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ