ကျွန်တော်နှစ်သက်သော စာစုလေးများ

ကျွန်တော်နှစ်သက်သော စာစုလေးများ

(၁) မင်းလဲကျတာကို ငါစိတ်မပူဘူး
မင်းပြန်မထမှာကိုပဲ ငါစိတ်ပူတယ်။
(Lin Coln)

(၂) အားလုံးအပေါ် ယဉ်ကျေးသိမ်မွေ့ပါ။
အများနဲ့ လိုက်လျောညီထွေနေထိုင်ပါ။
လူနည်းငယ်နဲ့သာ ရင်းရင်းနှီးနှီးနေထိုင်ပါ။
မိတ်ဆွေကောင်းတစ်ယောက်သာထားပါ။
ရန်သူတစ်ယောက်မျှမရှိပါစေနဲ့။
( Benjsmin) အမေရိကန်သမ္မတ

(၃) လူမိုက်တစ်ယောက်ရဲ့ လျှာဟာ သူ့ရဲ့ အကြံဉာဏ်တွေ ထင်မြင်ချက်တွေကို ပြောဖို့အတွက် အဓိကအရာပင်ဖြစ်တယ်။ 
ပညာရှိတစ်ယောက်ရဲ့ လျှာကတော့ သူ့ရဲ့ တတ်သိလိမ္မာမှုတွေကို သိမ်းဆည်းထားတ့ဲအရာဖြစ်တယ်။
(ဆိုကရေးတီး-ဂရိအတွေးအခေါ်ပညာရှင်)

(၄) စာဖတ်သောလူမျိုးသည် တိုးတက်၍ 
တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်။
(ဦးသန့်)

(၅) ကြီးမြတ်သော လူတွေက ဘာသာရေးကို မိတ်ဆွေဖွဲ့ဖို့ သုံးတယ်။ သိမ်ဖျင်းတ့ဲလူတွေက 
ဘာသာရေးကို တိုက်ခိုက်ဖို့အတွက် သုံးတယ်။
( Dr.Abdul Kalam ) အိန္ဒိယသမ္မတ

(၆) စစ်လက်နက်ပစ္စည်းနဲ့ တက်သိမ်းစရာမလိုဘူး။ ပညာတတ်အောင်လုပ်။ သူဟာသူ ကျွန်ခံလာလိမ့်မယ်။
(Lee Kuan Yew)

(၇) မြင့်မြတ်သော သူတစ်ဦးသည် မိမိအောက် ယုတ်နိမ့်သောသူတို့အား ပြုမူပုံဖြင့် မိမိ၏ မြင့်မြတ်ပုံကို ထင်ရှားစေလေသည်။
(Dale Carnegie )

(၈) ကိုယ့်စိတ်ကူးအိပ်မက်ကို ကိုယ့်ဘာသာကို မတည်ဆောက်ရင်တော့ အခြားသူတွေက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို တည်ဆောက်တ့ဲအခါမှာ မင်းကို အသုံးချသွားပါလိမ့်မယ်။
( Dhirubhai Ambani)

(၉) အသိဉာဏ်နည်းသူက လက်စားချေတယ်။
အသိဉာဏ်အားကောင်းသူက ခွင့်လွတ်တယ်။
အသိဉာဏ်ကြွယ်ဝသူက မသိကျိုးကျွံပြလိုက်ကြတယ်။
(Einstein)

(၁၀) အစိုးရကို ဝေဖန်တာက မင်းအပြစ်မဟုတ်ဘူး။ ကိုယ့်ရှေ့က အမှိုက်ကို မကောက်ဘဲ ဝေဖန်ရေးပဲ ထိုင်လုပ်နေရင်တော့ 
မင်းအပြစ်ဖြစ်သွားပြီ။
( Bill Gates)

(၁၁) တိုင်းပြည်က သင့်ကို ဘာလုပ်ပေးနိုင်မလဲလို့ မေးမည့်အစား တိုင်းပြည်အတွက် သင်က ဘာလုပ်ပေးနိုင်မလဲ သင့်ကိုသင် မေးပါ။
(JK.Kennedy) အမေရိကန်သမ္မတ

(၁၂) ပါရမီဆိုသည်မှာ ထူးကဲသော ဉာဏ်တစ်ကျပ်သား၌ ချွေးစပ် ကိုးကျပ်သား
ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
(Edison)

(၁၃) ကျွန်တော်တို့ အခြားတစ်ယောက် ဒါမှမဟုတ် တစ်ခြားအချိန်ကို စောင့်နေမယ်ဆိုရင် ပြောင်းလဲမှုဆိုတာ ရောက်ရှိလာမှာမဟုတ်ပါဘူး။
(အိုဘားမား အမေရိကန်သမ္မတ)

(၁၄) ပထမတော့ မင်းကို သူတို့က မသိကျိုးကျွံပြုကြလိမ့်မယ်။ နောက်ပြီး မင်းကို လှောင်ရယ်ကြလိမ့်မယ်။ ပြီးတော့ မင်းကို တိုက်ခိုက်ကြလိမ့်မယ်။ ဒါဆိုရင် မင်းနိုင်နေပြီလေ။
(ဂနီ္ဒ)

(၁၅) အောင်မြင်ဖို့အတွက် လှပတ့ဲမျက်နှာမလိုဘူး။ တောင့်တင်းတ့ဲခန္ဓာကိုယ်ရှိဖို့မလိုဘူး။ 
မင်းတကယ်လိုအပ်တာက တကယ်အလုပ်လုပ်ချင်တ့ဲစိတ်ပါ။
(Mr.Bean)

(၁၆) ကျွနု်ပ်၏ နာကျင်မှုဝေဒနာဟာ တစ်စုံတစ်ဦး ပျော်ရွှင်ရယ်မောစေဖို့အတွက် ဖြစ်နိုင်ကောင်းပေမယ့် ကျွနု်ပ်ပျော်ရွှင်ရယ်မောစေဖို့အတွက်တော့ 
တစ်စုံတစ်ဦးအား နာကျင်စေရန် ဘယ်တော့မှမဖြစ်စေလိုပါ။
(Charlie Chaplin)

(၁၇) မိုင်ပေါင်းများစွာ ဝေးကွာသော ခရီးသည် ခြေတစ်လှမ်းနဲ့ပင် စတင်သည်။
(လောင်ဇူး-တရုတ်အတွေးအခေါ်ပညာရှင်)

(၁၈) အလုပ်မလုပ်တ့ဲ လူသားတစ်ယောက်ဟာ လူ့ဘောင်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်မ ုတ်ပါဘူး။ ပြီးတော့ လူ့ဘောင်အဖွဲ့အစည်းမှာလည်း ရပ်တည်ဖို့ နေရာမရှိပါဘူး။
(Helen Keller)

(၁၉) အခြားသူတစ်ယောက်ရဲ့ ခံစားချက်နဲ့ ဘယ်တော့မှ မကစားမိပါစေနဲ့။ အ့ဲဒီကစားပွဲကဘသင်နိုင်ချင်နိုင်မယ် ။ သေချာတာကတော့ အ့ဲဒီလူကို သင့်တစ်ဘဝလုံး ဆုံးရှုံးသွားလိမ့်မယ်။
(Shakespeare)

(၂၀) ကျောင်းမှာ နိုင်တ့ဲသူနဲ့ ရှုံးတ့ဲသူဆိုတာရှိတယ်။ ဘဝမှာမရှိဘူး။ ကျောင်းက သင့်ကို အခွင့်အရေးမပျက်ပေးပြီးတော့ အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိပါဘူး။
(Bill Gates)

(၂၁) ဘဝဆိုတာ အဝေးကကြည့်ရင် လွမ်းမောစရာပေါ့။ အနီးကပ်ကြည့်ရင်တော့ ရယ်စရာဟာသတစ်ခုပါပဲ။
(Charlie Chaplin )

(၂၂) အပြစ်တင်ခြင်းသည် အပြစ်တင်ခံရသူ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ရာလည်း ရောက်၏။ သူ့ကိုယ်သူ အထင်ကြီးနေသောစိတ်ကိုလည်း 
နာကျည်းစေသည်။
(Dale Carnegie )

(၂၃) လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ 
အမှန်တရားကို မြတ်နိုးမှုပဲ ဖြစ်ပါတယ်။ အခြေအနေ အချိန်အခါမရွေး မှန်တာကို ထုတ်ပြောရဲတ့ဲ သတိ္တရှိရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း)

(၂၄) သင်ပြောရမယ့် စကားတစ်ခွန်းကို သတိထားပါ။ စိတ်နာစရာ စကားတစ်ခွန်းကို ဆယ်စက္ကန့်အတွင်း သင်ပြောနိုင်ပေမယ့် အ့ဲဒီစကားကြောင့် ခံစားသွားရတ့ဲစိတ်ဒဏ်ရာက 
ဆယ်နှစ်ကြာသွားရင်တောင်မှ ကျန်နေပါလိမ့်မယ်။
(Joel Osteen)

(၂၅) လုံးဝ ရန်မဖြစ်ပါနဲ့။ ကိုယ့်အစွမ်းအစကို ယုံကြည်သူအဖို့ ရန်ဖြစ်ဖို့ အချိန်မပေးနိုင်ပါဘူး။ 
ခွေးကို လမ်းဖယ်ပေးလိုက်တာဟာ ခွေးကိုက်ခံရတာထက် နှိုင်းယှဉ်ရင် ပိုအကျိုးရှိပါလိ်မ့်မယ်။
(Lin Coln)

(၂၆) ဘုရားကျောင်းထဲမှာ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းတယ်လို့ ရွတ်ဆိုရတယ်။ ငါ့ဓာတ်ခွဲခန်းထဲမှာတော့ အရာအားလုံးကို ငါပဲ ဖန်ဆင်းပါတယ်။
(Albert Einstein)

(၂၇) လူတိုင်း ကမ်ဘ်ဘာကြီးကို ပြောင်းလဲရန် စဉ်းစားကြသော်လည်း မည်သူမျှ မိမိကိုယ်ကို ပြေညင်းလဲရန် မစဉ်းစားကြပေ။
(Leo Tolstoy)

(၂၈) လုပ်ဆောင်ချက်တစ်ခုကို မပြင်ဘဲ ဆက်တိုက်လုပ်နေပြီး ကွဲပြားထူးခြားတ့ဲ ရလဒ်ကို လိုချင်နေရခြင်းက ရူးသွပ်မှုတစ်ခုပါပဲ။
(Albert Einstein )

(၂၉) ဘဝဆိုသည်မှာ သင့်ကိုသင် ရှာဖွေတွေ့ရှိဖို့မဟုတ် သင့်ကိုသင် ဖန်တီးတည်ဆောက်ယူဖို့ ဖြစ်တယ်။
(George Bernard Shaw)

(၃၀) တကယ်လို့ သင့်ရဲ့ ပြုမူကျင့်ကြံပုံက တခြားသူကို စိတ်ငကူးအိပ်မက် မက်ရဲအောင် ပို၍ သင်ယူလိုစိတ်ရှိအောင် ပို၍ လက်တွေ့လုပ်ဆောင်ချင်အောင် ပိုမိုကောင်းမွန်စေအောင် နိုးဆွနိုင်ခဲ့ရင် သင်ဟာ ခေါင်းဆောင် ဦးဆောင်သူ ဖြစ်တယ်။
(John Quincy Adams)

(၃၁) သချၤာမှာ အခြေခံ Base မတူရင် ပေါင်းလို့ နှုတ်လို့ မရပါဘူး။ လူမှာလည်း အခြေခံစိတ်ဓာတ်ခြင်း မတူရင် ပေါင်းလို့ သင်းလို့ မရပါဘူး။ ဒါပေမယ့် လူတိုင်းကိုတော့ ပေါင်းသင်းပါ။ မူတိုင်းကိုတော့ မလိုက်မိစေနဲ့။
(ရေနံ့သာ ဇော်ဇော်မြင့်)

(၃၂) ငြိမ်းချမ်းရေးကို တည်ဆောက်သူ ငြိမ်းချမ်းရေးကို မြတ်နိုးသူသည် ရှေးဦးစွာ မိမိကိုယ်ကို စိတ်တည်ငြိမ်မှု စိတ်အေးချမ်းမှုရအောင် ကြိုးစားအားထုတ်သူ ဖြစ်နေရမည်။
(ဦးသန့်)

(၃၃) သင်သာ ဆင်းဆင်းရဲရဲမွေးဖွားလာခ့ဲရင် အ့ဲဒါ ခင်ဗျားအမှားမဟုတ်ပါဘူး။ ဒါပေမယ့် ချို့ချို့တ့ဲတ့ဲနဲ့ သေဆုံးသွားရင်တော့ ခင်ဗျားအပြစ်ပဲ။ 
(Bill Gates)

(၃၄) ကိုယ့်နေရာကိုသာကြည့်ပြီး သူ့နေရာကို ဝင်မကြည့်ဘူးဆိုရင် စာနာစိတ်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။
(ဆရာတော် အရှင်ဆန္ဒာဓိက)

(၃၅) ပါးစပ်မှာ ခဲဖျက်မပါဘူး။ ပြောပြီးသွားရင် ပြန်ဖျက်လို့ မရဘူး။ မလိုအပ်ရင်မပြောနဲ့။ လိုအပ်ရင် နည်းနည်းပြော။ များများပြောရင် များများမှားမယ်။
(သီတဂူဆရာတော် အရှင်ဉာဏိဿရ)

(၃၆) ကမ်ဘာကြီးကို ပြောင်းလဲအောင် လုပ်မည့်အစား ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်ဆိုတာ သိလာတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်နိုင်ဖို့က အလွန်အရေးကြီးလို့ပဲ။ အ့ဲဒါကို အရင်လုပ်မယ်။ ပြီးရင်တော့ ကမ်ဘာကြီးကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့်နေရာ ဘယ်လိုပါဝင်ရမလဲဆိုတာတွေ လုပ်မယ်။
(Jack Ma)

(၃၇) ကျွန်မ အမြဲတမ်းစဉ်းစားမိတယ်။စိန်ခေါ်မှုတွေက စိတ်ဝင်စားမှုကောင်းပြီး မင်းကို ပိုတော်တ့ဲ လူတစ်ယောက်ဖြစ်အောင် ကူညီပေးတယ်။
(ဒေါ်အောင်ဆန်းစုကြည်)

(၃၈) ပျံသန်းဖို့အတွက် သင်ပေးတာကို 
ကြောက်နေတယ်ဆိုရင်တော့ လေဟုန်စီးတ့ဲငှက်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။
(ဦးဘုန်း-ဓာတု)

(၃၉) တူအောင်လုပ်မှ တန်အောင်ရမယ်။ 
ဘယ်အလုပ်ပဲဖြစ်ဖြစ် အလုပ်နဲ့တူအောင် လုပ်မှ အ့ဲဒီအလုပ်နဲ့ ထိုက်တန်တ့ဲအကျိုးရရှိခံစားလာမှာပါ။
(ဘုံမြင့်-အရှင်)

(၄၀) ရာထူး ဂုဏ်သိမ် စည်းစိမ် အာဏာတွေ ဘယ်လောက်ပဲ ပြည့်စုံချမ်းသာကြွယ်ဝနေပါစေ 
ကြင်နာမှု ခေါင်းပါးနေရင်တော့ သူတောင်းစားလောက်မှ အဆင့်အတန်းမရှိတ့ဲလူပါ။
(ဘုံမြင့်-အရှင်)
Credit,imtellingstory blog

မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ