๐ŸŒฟ แ€œူแ€แ€…်แ€šောแ€€်แ€€ ... แ€•ြုံးแ€›แ€š်แ€–ို့ แ€”ှုแ€်แ€แ€™်းแ€ွေแ€œေးแ€œံแ€”ေแ€•ြီแ€†ိုแ€›แ€„် …

🌿 လူတစ်ယောက်က ...
ပြုံးရယ်ဖို့ နှုတ်ခမ်းတွေလေးလံနေပြီဆိုရင် …

🌿 လူတစ်ယောက်က
စကားဆိုဖို့ ခွန်အားတွေမဲ့နေပြီဆိုရင် …

🌿 လူတစ်ယောက်က
မျက်ဝန်းအစုံမှာ နွမ်းငယ်ရိပ်တွေသမ်းနေပြီဆိုရင် …

🌿 လူတစ်ယောက်က
အကြောင်းအရာမဲ့ စိတ်တွေတိုတတ်နေပြီဆိုရင် …

🌿 လူတစ်ယောက်က
အမှောင်ထဲ တိတ်တဆိတ်နေ,နေပြီဆိုရင် …

🌿 လူတစ်ယောက်က
တစ်ယောက်တည်း သင်းခွဲနေ,နေပြီဆိုရင် …

🌿 သူ့စိတ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတယ်လို့ပဲ
ရိုးရိုးရှင်းရှင်း နားလည်ထားလိုက်ပါ …

🌿 ကိုယ့်ကိုငိုစေခဲ့တဲ့သူကိုလည်း တန်ပြန်မငိုစေချင်ဘူး …

🌿 ကိုယ့်ကိုခံစားစေခဲ့တဲ့သူကိုလည်း တန်ပြန်မခံစားစေချင်ဘူး ...

🌿 ကိုယ့်ကိုကြေကွဲစေခဲ့တဲ့သူကိုလည်း တန်ပြန်မကြေကွဲစေချင်ဘူး

🌿 ိကိုယ့်ကိုထိခိုက်စေခဲ့တဲ့သူကိုလည်း တန်ပြန်မထိခိုက်စေချင်ဘူး

🌿 ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူကိုလည်း တန်ပြန်မနာကျင်စေချင်ဘူး …

🌿 ရေစက်ကြောင့်
လာဆုံရတယ်ဆိုပေမယ့်
အဲ့ဒီရေစက်ကဖန်တီးပေးတဲ့
အချို့သောလူတွေက
ကိုယ့်က်ိုစိတ်ထိခိုက်မှုကိုပဲပေးတယ်

🌿 ကံကြောင့်
လာဆုံကြရတယ်ဆိုပေမယ့်
အဲ့ဒီကံကြမ္မာဖန်တီးပေးတဲ့
အချို့သောလူတွေက
ကိုယ့်ကိုနာကျင်မှုသက်သက်ကိုပဲပေးတယ် …

🌿 မကောင်းမှန်းသိလျက်နဲ့
မစွန့်လွှတ်နိုင်တာဟာလည်း
၀ဋ်ကြွေးတစ်မျိုးပါပဲ ...

🌿 ပူမှန်းသိလျက်
ပစ်ချမထားနိုင်တာဟာလည်း
ဝဋ်ကြွေးတစ်မျိုးပါပဲ …

🌿 ကိုယ်စိုက်ပျိုးထားခဲ့သမျှ
ကိုယ်ပြန်ပြီး ရိတ်သိမ်းနေရတာပါဆိုရင်
သူစိုက်ပျိုးနေဆဲဖြစ်တဲ့ မျိုးစေ့လေးတွေ
မဖြစ်ထွန်းပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်

🌿 ကိုယ်သာငိုချင်ငိုမယ်
🌿 သူ့ကိုယ်ကျတော့ပျော်စေချင်တာအမှန်ပဲ

Credit..Original uploader
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕


No comments:

Post a Comment

แ€™แ€„်္แ€‚แ€œာแ€•ါ แ€”ော်

แ€€ြแ€„်แ€”ာแ€žော်แ€œแ€Š်း แ€•ြแ€်แ€žားแ€žူ ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ

 แ€€ြแ€„်แ€”ာแ€žော်แ€œแ€Š်း แ€•ြแ€်แ€žားแ€žူ ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ๐Ÿ ๐Ÿต️แ€ွแ€„့်แ€œွှแ€်แ€แ€်แ€แ€š်၊ แ€’ါแ€•ေแ€™ဲ့ แ€žแ€„်แ€แ€”်းแ€…ာแ€€ိုแ€ော့ แ€™ှแ€်แ€‘ားแ€แ€š်။ ๐Ÿต️แ€€ြแ€„်แ€”ာแ€แ€်แ€แ€š်၊ แ€’ါแ€•ေแ€™ဲ့ แ€กแ€”ိုแ€„်แ€€ျ...

แ€œူแ€€ြိုแ€€်​แ€™ျား​แ€žော แ€•ို့แ€…်​แ€™ျား