သည်းခံခြင်းက အောင်မြင်ခြင်းပါ

သည်းခံခြင်းက အောင်မြင်ခြင်းပါ

==================

မာန မရှိတာ မဟုတ်ပါဘူး။
ကိုယ့်မာနကြောင့် အခြားသူကို အနေကျပ်မှာ
စိုးလို့ပါ။

ရန်မဖြစ်တတ်တာ မဟုတ်ဘူး။
ရန်ဖြစ်ခြင်းက နှစ်ဦးစလုံးကို ထိခိုက်စေလို့ပါ။

လောဘ မရှိတာမဟုတ်ဘူး။
သူများမျက်ရည်ပါနေတဲ့ ထမင်းကို မစားချင်လို့ပါ။

အောင်မြင်မှူအကြီးကြီး မလိုချင်တာမဟုတ်ဘူး။
သူများတကာကို နင်းပြီး မတက်ချင်လို့ပါ။

စိုးရိမ်စိတ်တွေ မရှိတာ မဟုတ်ပါဘူး။
စိုးရိမ်နေလို့ရော အရာအားလုံးကပြီးသွားမှာ
မဟုတ်လို့ပါ။

မလိမ်ညာတတ်တာ မဟုတ်ဘူး။
ရိုးသားခြင်းက ပိုပြီးငြိမ်းချမ်းစေတယ် ထင်လို့ပါ။

မချစ်တတ်တာ မဟုတ်ပါဘူး။
သံယောဇဉ်ရဲ့ ပူလောင်ခြင်းကို ကြောက်သွားလို့ပါ။

ဒေါသ မရှိတာမဟုတ်ပါဘူး။
စိတ်တိုမိရင် ကိုယ့်ကိုယ်ကိုယ် အရမ်း
ပင်ပန်းလွန်းလို့ပါ။

မယုံကြည်တတ်တာ မဟုတ်ဘူး။
ယုံကြည်မိရင် အလိမ်ခံရလွန်းလို့ပါ။

စကားမပြောတတ်တာ မဟုတ်ဘူး။
မုသားစကားတွေကို သုံးနေရတာ
စိတ်ပျက်လွန်းလို့ပါ။

ကွက်ကျော်ရိုက်သွားတာ "အ"လို့ခံလိုက်တာ
မဟုတ်ဘူး။
တစ်ခါတလေ မသိချင်ယောင်ဆောင်လိုက်ခြင်းက
ကိုယ့်အတွက် အေးချမ်းတယ် ထင်လို့ပါ။

လူသားတိုင်းမှာ လောဘ ၊ ဒေါသ ၊ မာန ၊
ကိလေသာ ...စသည်တို့ ရှိနေပေမယ့်လည်း
သည်းခံသင့်သည်ကို သည်းခံခြင်းက မိမိအတွက်
စစ်မှန်တဲ့ ငြိမ်းအေးခြင်း ဖြစ်ပါတယ်။

"သည်းခံခြင်းဆိုတာက
အညံ့ခံခြင်း မဟုတ်သလို
အရူံးပေးခြင်း လည်း မဟုတ်ပါ
မိမိကိုယ်နှင့် အခြားသူကို အောင်နိူင်ရန်
တုန့်ပြန်တတ်တဲ့စိတ်ကို ဘရိတ်အုပ်
ထိမ်းသိမ်းခြင်းပင် ဖြစ်ပါတယ်။"

Credit to ဇင်းနစ်မကွေး
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ