မင်းအတွက်ရေးတဲ စာ
🍀🍀🍀🍀🍀🍀🍀
🌹 ကြေကွဲစရာကောင်းတဲ့ အတိတ်တွေ……
🌹 လူတိုင်းမှာရှိကြတယ်
🌹 မင်းလည်း ရှိနေလိမ့်မယ်လို့ ကိုယ် ယုံတယ်……
🌹 (လွယ်လွယ်မေ့လို့ မရခဲ့ရင်တောင်မှ )
🌹 စက္ကန့်တိုင်းမှာ စိတ်ကို ပျော်ရွှင်အောင်ထားပါ……
🌹 မင်းကိုပျော်ရွှင်စေတဲ့သူတွေရဲ့ အနားမှာနေပါ။
🌹 မင်းကို စိတ်ညစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ……
🌹 ဒါမှမဟုတ်… အတွေးတွေထဲက ထုတ်လိုက်ပါ။
🌹 ပြသနာတိုင်းကို လိုက်ဖြေရှင်းနေစရာတော့မလိုပါဘူး……
🌹 လိုအပ်ရင် လျစ်လျှူရှုတတ်အောင်သာ……
🌹 စိတ်ကို အလေ့ကျင့်လုပ်ပါ။
🌹 တချို့ နာကျင်မှုတွေက……
🌹 တွေးလေ နာကျင်လာလေလေ……
🌹 နာကျင်လာလေလေ တွေးမိလေလေပါပဲ။
🌹 ပြတ်သားသင့်တယ်ဆိုရင် ပြက်သားပါ……
🌹 အဲ့လိုမှ မဟုတ်ရင် မင်းကိုမင်း သတ်နေတာပဲ။
🌹 တစ်စုံတစ်ယောက်ယောက်ဆီက……
🌹 အမြဲတမ်းတော့ မျှော်လင့်ချက် ကြီးကြီးမားမားမထားနဲ့……
🌹 ဘာလို့လဲဆိုတော့ မသေချာလို့ဘဲ။
🌹 ခံစားချက်မရှိတဲ့သူ မဖြစ်ပါစေနဲ့……
🌹 စဉ်းစားတွေးတောမှု နည်းတာလည်း မဖြစ်စေနဲ့။
🌹 အိပ်နေရင်း မက်နေတဲ့အိမ်မက်ကို……
🌹 မင်း ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။
🌹 နိုးနေရင်း မက်တဲ့အိမ်မက်ကတော့……
🌹 မင်းလက်ထဲမှာရှိနေတယ်။
🌹 မင်း ယုံကြည်ကိုးကွယ်နေတဲ့……
🌹 ဘာသာတရားရဲ့ အဆုံးအမတွေက……
🌹 မင်းကို ငြိမ်းချမ်းမှုတွေဆီ ခေါ်သွားနိုင်တယ်။
🌹 မင်းရဲ့ အချစ်ဟာ တပါးသူအတွက်……
🌹 ပူလောင်ခြင်းမဖြစ်ပါစေနဲ့။
🌹 မင်းအတွက် ပြန်ပူလောင်လာတတ်ပါတယ်။
🌹 ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။
🌹 ကိုယ်ချစ်နေတဲ့သူကို တန်ဖိုးထားပါ။
🌹 ကိုယ့်ကိုချစ်နေတဲ့သူတွေကို တန်ဖိုးထားပါ။
🌹 နေကောင်းအောင်လည်း နေပါ။
🌹 အသက်ရှည်အောင်လည်း နေပါ။
🌹 တစ်ခါတလေ…
🌹 ဘဝမှာ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ……
🌹 ပျောက်ဆုံးနေတတ်တယ်၊ ဒါပေမဲ့ ……
🌹 မပျောက်ဆုံးသေးတဲ့အရာတွေကိုတော့ သတိရပါ။
🌹 မင်းရဲ့ ရိုးရှင်းတဲ့ အပြုံးတွေ၊ ချစ်တတ်တဲ့စိတ်…
🌹 ကြင်နာတဲ့နှလုံးသား၊ စာနာမှုတွေ……
🌹 အဲ့ဒီအရာတွေက မင်းနဲ့အတူ ရှိနေမယ်……
🌹 ပြီးတော့ တန်ဖိုးကြီးတယ်။
🌹 ဘဝက တိုတယ်ပဲပြောပြော……
🌹 ရှည်တယ်ပဲ ပြောပြော……
🌹 မင်း ဖြတ်သန်းနေရတဲ့ နေ့ရက်တွေက……
🌹 အဓိပ္ပါယ်ရှိနေပါစေ။
🌹 ဒီစာလေးက တစ်စုံတစ်ယောက်ကို……
🌹 ပြောတာဖြစ်နိုင်သလို……
🌹 အဲ့ဒီ တစ်စုံတစ်ယောက်က မင်းလည်းဖြစ်နိုင်ပါတယ်။
🌹 ဒီစာကို မင်း ဖတ်နေခဲ့မယ်ဆိုရင်ပေါ့…
Credit;Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
မင်းအတွက်ရေးတဲ စာ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment