လက်ဆောင် စကား
📖 အကောင်းဆုံး နေ့ဟာ
" ဒီနေ့" ပါ !!
📖 အကောင်းဆုံး လက်ဆောင်ဟာ -
" ခွင့်လွတ်ခြင်း " ပါ !!
📖 အလှပဆုံး အဆောင်ဟာ -
" အပြုံး "ပါ !!
📖 အကြီးမားဆုံး ခွန်အားဟာ -
" မေတ္တာတရား " ပါ...
📖 အဖိုးတန်ဆုံး အရာကတော့ -
မိမိကိုယ်ကို " ယုံကြည်မှု " ပါ !!
📖 နန်းဆန်တယ် ဆိုတာက -
ကိုယ့်ပွင့်ဖတ် တိုင်းကိုလည်း ၊
ကိုယ်ကိုတိုင် " တန်ဖိုးထား "တာမျိုး !!
📖 အရမ်းကြီး မထွန်းပနိူင်ရင် နေပါစေ !
နည်းနည်းလေးတော့ ''လင်းလက် " ဖို့ -
ကြိုးစားရလိမ့်မယ် !!
📖 အရမ်းကြီး ကတိမတည်နိုင်ရင် နေပါစေ !
နည်းနည်းလေးတောင်
'မလှည့်ဖျား' ဖို့တော့ ကြိုးစားရလိမ့်မယ် !!
📖 အရမ်းကြီး တွဲမခေါ်နိူင်ရင် နေပါစေ !
နည်းနည်းလေးတောင် -
'ပစ်ချမထားခဲ့' ဖို့တော့ ကြိုးစားရလိမ့်မယ် !!
📖 အရမ်းကြီး
ဦးမဆောင်နိုင်ရင် နေပါစေ !
နည်းနည်းလေးတောင်
'ကန့်လန့်မတိုက်' ဖို့တော့ ကြိုးစားရလိမ့်မယ် !!
📖 အရမ်းကြီး
မစွန့်ကြဲနိုင်ရင် နေပါစေ !
နည်းနည်းလေးတောင်
'အချောင်မလိုချင်' ဖို့တော့ ကြိုးစားရလိမ့်မယ် !!
📖 အရမ်းကြီး
မမြင့်မြတ်ရင် နေပါစေ !
နည်းနည်းလေးတောင် -
'မယုတ်ည'ံ့ ဖို့တော့ ကြိုးစားရလိမ့်မယ် !!
📖 ချစ်ဖို့ကောင်းတဲ့ သူ မရှားဘူး !!
'ယုံကြည်ဖို့' ကောင်းတဲ့သူတော့ ရှားတယ် !!
📖 အတိတ်ကို မေ့ချင်မေ့ပါ ၊
" ဘဝ "ကိုတော့ မမေ့ပါနဲ့ !!
Crd ...Original Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
လက်ဆောင် စကား
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment