#ဘဝထဲမှာသင်ယူခဲ့ရသမျှ
++++++++++++++++
၁။ အမြဲတမ်းပျော်အောင်နေဖို့ ဘယ်သူ့အကူအညီမှ မလိုပါဘူး။
၂။ ကိုယ့်ရဲ့ တန်ဖိုးကို သတ်မှတ်သူဟာ ကိုယ်ပဲဆိုတာသိဖို့ စိတ်ကိုလေ့ကျင့်ရပါမယ်။
၃။ မိမိကိုယ်မိမိ မချစ်ဘဲ အခြားလူသားတွေကို မေတ္တာထားဖို့ မဖြစ်နိုင်ပါဘူး။
၄။ ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်ဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။
၅။ ရည်မှန်းချက်တွေနဲ့ နေပါမှ ဘဝဟာ အသက်ဝင်တယ် ။
၆။ မိသားစုကသာ ကိုယ့်အတွက် လုံခြုံတဲ့ အရပ်ပါ။
၇။ ကိုယ့်ကိုယ်ကို အားကိုးတဲ့သူ၊ လဲကျတိုင်းပြန်ထတဲ့သူကိုသာ ဘုရားက ကူညီပါတယ်။
၈။ ကိုယ့်ရဲ့ အပြောနဲ့ အလုပ်ညီမှ ကိုယ့်ကိုယ်ကိုလေးစားမယ်။
ကိုယ့်ကိုယ်ကို မလေးစားတဲ့သူကို ဘယ်သူကမှ မလေးစားကြပါဘူး။
၉။ ကျောင်းသင်ပညာရေးက စားဝတ်နေရေး အတွက်ပဲ ကာမိတယ်။ အမြဲ မပြတ်လေ့လာသင်ယူမှသာ ကိုယ့်အနာဂတ်ကို ကိုယ်ပိုင်ဆိုင် မှာပါ။
၁၀။ ဘယ်လိုအတားအဆီး အခက်အခဲ ဖြစ်ဖြစ် ကိုယ့်အသက်ကို နှုတ်ယူတာမဟုတ်ရင် ရင်ဆိုင်ကျော်လွှားပြီး နောက်မှာ ပိုပြီး သန်မာလာစေပါတယ်။
၁၁။ လောကဓံတွေကြုံရတိုင်း ခသုံးလုံးဆောင်ပါ။
ခံနိုင်ရည်ရှိပါ
ခံစားချက်တွေနောက်မလိုက်ပါနဲ့
ခွင့်လွှတ်ပါ။
၁၂။ အခြားသူတွေကို ပြောင်းဖို့ကိုယ့်အလုပ်မဟုတ်ပါဘူး။ မိမိကိုယ်မိမိ ပိုကောင်းတဲ့သူအဖြစ် စံပြနေထိုင်ခြင်းဖြင့်သာ အခြားလူတွေကို ပြောင်းလဲနိုင်ပါတယ်။
၁၃။ အတိတ်ကို သင်ခန်းစာယူဖို့အတွက်သွားပါ။
အနာဂတ်ကို ကြံစည်စိတ်ကူး ဗျူဟာချဖို့သွားပါ။
ကျန်တဲ့အချိန်တိုင်းပစ္စုပ္ပန်မှာပဲနေထိုင်ပါ။
၁၄။ ကိုယ်စိတ်နှလုံး သုံးပါးလုံး ဟန်ချက်ညီမှုဖြင့်နေထိုင်ပါ။ သို့မဟုတ်ရင် ကျန်းမာရေးထိခိုက်တတ်ပါတယ်။
၁၅။ ဖြစ်ချင်တာ နဲ့ ရှိနေသာကိုသာ အာရုံစိုက်ပါ။
မဖြစ်ချင်တာနဲ့ မရှိနေတာ အာရုံစိုက်မိရင် ဖန်တီးမှု အားလျော့သွားပြီး လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းတတ်ပါတယ်။
၁၆။ ဘဝဆိုတာ အမြဲတမ်း အသာစံနေရတာ မဟုတ်ပါဘူး။ အမြဲတမ်း အနာခံနေရတာလည်း မဟုတ်ပါဘူး။ အတက်အကျ အမြဲ ဖြစ်နေမှာပါ။ ရိုလာကိုစတာစီးသလို ခရီးစဉ်တလျှောက် ပျော်ရွှင်စွာ ဖြတ်သန်းဖို့ပဲ လိုပါမယ်။
၁၇။ ဒီအလုပ်က ပင်ပန်းလိုက်တာ၊ ဟို အလုပ်လေးဆို ကောင်းသားဆိုပြီး စိတ်အလိုလည်း လိုက်မနေပါနဲ ့။
၁၈။ ဘယ်အလုပ်ဖြစ်ဖြစ် ထိထိရောက်ရောက် တကယ်လုပ်ရင် သက်တောင့်သက်သာ ရှိလှတာ တစ်ခုမှ မရှိပါဘူး။
၁၉။ ဘ၀တစ်လျှောက်လုံးဟာ အလုပ်တွေ လုပ်နေရမှာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဂုဏ်ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါ။
၂၀။ ငယ်တုန်းအရွယ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ ့ အလုပ်တွေ ကြိုးစား လုပ်နေရသလို၊ အသက်ကြီးရင့်လာတဲ့ အခါမှာလည်း ရရှိထားတဲ့ တန်ဖိုးလေး မပျောက်သွားအောင် ကြိုးစားလုပ်ကြရပြန်ပါတယ်။
၂၁။ အသက်တွေက တဖြည်းဖြည်းပြောင်းလဲလာပေမယ့် အလုပ်တွေကတော့ အချိန်တိုင်းကို နုပျိုနေတာပါ။
၂၂။ ဘယ်ချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ အရွယ် သုံးပါး လုပ်လို ့ရတဲ့ အလုပ်ဆိုတာ အမြဲတမ်းရှိနေတာပဲ။
၂၃။ ပင်ပန်းလို ့ နားလိုက်ချင်တာဆိုတဲ့ စကားဟာ တစ်ဘ၀လုံး ပြောလို ့ကို ကုန်မှာ မဟုတ်တော့ပါဘူး။ ငြီးမနေပါနဲ ့တော့။ မွေးကတည်းက သေသည်ထိ အလုပ်တွေ လုပ်နေရဦးမှာပဲ။
၂၄။ တစ်သက်လုံး ငြီးလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။ အားမတင်းနိုင်သေးချိန်၊ အားလျှော့စေမယ့် အတွေးတွေ ၀င်မလာမိပါစေနဲ ့။
၂၅။ အလုပ်တစ်ခုခုကို လုပ်နေခြင်းဖြင့် ဘ၀ကို တန်ဖိုးထားလိုက်ပါ။
Credit;Uploader
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
#ဘဝထဲမှာသင်ယူခဲ့ရသမျှ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment