>>>ပုံပြင်လေး(၃)ပုဒ် ပြောပြမယ်<<< 🍁🍁🍁🍁🍁🍁🍁🍁🍁🍁

 


>>>ပုံပြင်လေး(၃)ပုဒ် ပြောပြမယ်<<<

      🍁🍁🍁🍁🍁🍁🍁🍁🍁🍁

(ⅰ)  တခါတုန်းက ရွာသား အားလုံးဟာ မိုးရွာဖို့အတွက် ဆုတောင်းဖို့ ဆုံးဖြတ်ခဲ့ကြသတဲ့…..။

    ဆုတောင်းတဲ့နေ့မှာ လူတွေအားလုံး စုဝေးခဲ့ကြပြီးတော့ ဒီထဲမှာ 

    ကောင်လေးတစ်ယောက် ကပဲ ထီး တစ်လက်နဲ့ရောက်လာခဲ့သတဲ့…..။


ဒါက “ယုံကြည်မှု” လို့ ခေါ်တယ်…...။


(ⅱ)  တစ်နှစ်သား ကလေး လေး ကို လေထဲ ပစ်လွှတ်လိုက်တဲ့ အခါ သူက ရယ်သတဲ့…..။

    ဘာလို့လဲဆိုတော့ သူအဖေက သူ့ကို ပြန်ဖမ်းမယ်ဆိုတာ သိလို့တဲ့…..လေ…..။


ဒါက “ယုံကြည်စိတ်ချရမှု” ပဲ ဖြစ်တယ်…..။


(ⅲ)  ကျွန်တော်တို့ ညတိုင်း အိပ်ရာဝင်တဲ့ အခါ နောက်နေ့မနက် အသက်ရှင်လျက် 

    ပြန်နိုးထလာဖို့ဆိုတာ အာမခံချက် မရှိပေ့မယ်လည်း 

    ကျွန်တော်တို့ မနက်ဖြန် အတွက် ဆိုပြီးတော့ အစီအစဉ်တွေ ရှိနေသေးတာ ပဲ…..လေ…….။


ဒါက “မျှော်လင့်ချက်” ပဲ မဟုတ်လား…….။


ဒါကြောင့် ဘဝမှာ အမြဲတမ်း အကောင်းမြင်စိတ် ရှိပါ…….။


Translated from Internet.  


#SN💕 #Tar💕



No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ