>>>မင်းရဲ့ ဘဝကို ပြောင်းလဲစေမယ့် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်…….<<<
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
♥️ တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အတူတူ ကစားနေခဲ့ကြတယ်…တဲ့။
♥️ ကောင်လေးမှာ ကျောက်လုံးလေးတွေ စုထားတာ ရှိခဲ့တယ်…တဲ့။ ကောင်မလေးမှာ သူမနဲ့ အတူတူ သကြားလုံး အချို့ ပါလာတယ်…တဲ့။
♥️ ကောင်လေးက ကောင်မလေးကို “သူ့မှာရှိတဲ့ ကျောက်လုံးလေးတွေ အားလုံးကို ပေးမယ်။ သူမ မှာ ရှိတဲ့ သကြားလုံးတွေနဲ့ လဲမယ်” လို့ ပြောခဲ့တယ်…..။ ကောင်မလေး ကလည်း သဘောတူ ခဲ့တယ်…..။
♥️ ကောင်လေးက သူ့မှာရှိတဲ့ ကျောက်လုံးလေးတွေထဲက အကြီးဆုံး နဲ့ အလှဆုံး ကျောက်လုံးလေးကို ဖယ်ထားပြီး ကျန်တာတွေကို ကောင်မလေးကို ပေးခဲ့တယ်…..။
♥️ ကောင်မလေးကတော့ သူ့ကတိ အတိုင်းပဲ သူမ မှာ ရှိတဲ့ သကြားလုံးတွေ အားလုံး ကို ကောင်လေး ကို ပေးခဲ့တယ်…..။
♥️ အဲဒီညမှာ ကောင်မလေးက အေးအေးဆေးဆေး ပဲ အိပ်ပျော်သွားခဲ့တယ်…..။
♥️ ဒါပေမယ့် ကောင်လေးကတော့ သူ အကောင်းဆုံး ကျောက်လုံးလေးကို ဝှက်ထားခဲ့သလို ကောင်မလေး ကလည်း သကြားလုံး အချို့ ကို ဝှက်ထားနေခဲ့ မလား လို့ သံသယဝင်ပြီး အိပ်မပျော် ဖြစ်နေခဲ့တယ်…..။
ဒီပုံပြင်လေးရဲ့ သင်ခန်းစာ ကတော့……….
♥️ ဆက်ဆံရေး တစ်ခုမှာ သင်က ရာနှုန်းပြည့် မပေးဘူးဆိုရင် ဘယ် ဆက်ဆံရေးမှာ မဆို
သင် အမြဲတမ်း သံသယ ဝင်နေပါလိမ့်မယ်…..။
♥️ဒါကြောင့်မို့ သင့်ဘက်က ရာနှုန်းပြည့် ပေးပါ…..။
Translated from internet.
#SN💕 #Tar💕
No comments:
Post a Comment