*မြတ်စွာဘုရား တရားတော်တွေကို...
*အမြဲတမ်းမှတ်ပြီးတော့ ရွတ်ဆိုနေရတာကို...
*ကြည်နူးလို့ ဖြေဖြစ်ခဲ့တာ...
*ကိုယ်ရဲ့ ပူဇော်မှုအတွက်လည်း ပီတိဖြစ်မိပါတယ်...
*ဆက်ပြီးလဲ ကြိုးစားပြီးတော့ နှလုံးသွင်း ဆင်ခြင်ပါ့မယ်...
#SN
*မြတ်စွာဘုရား တရားတော်တွေကို...
*အမြဲတမ်းမှတ်ပြီးတော့ ရွတ်ဆိုနေရတာကို...
*ကြည်နူးလို့ ဖြေဖြစ်ခဲ့တာ...
*ကိုယ်ရဲ့ ပူဇော်မှုအတွက်လည်း ပီတိဖြစ်မိပါတယ်...
*ဆက်ပြီးလဲ ကြိုးစားပြီးတော့ နှလုံးသွင်း ဆင်ခြင်ပါ့မယ်...
#SN
💕လူတိုင်းက အမှတ်တရတွေ ကိုယ်စီနဲ့ပဲ မဟုတ်လား...
💕ကြမ်းတမ်းတဲ့ လွမ်းခန်းတွေရောက်ရင်...
💕လူသားတွေ မျက်ရည်ဝဲမယ်…
Ref:
#SN💕
💕ကိုယ်တွေ ၂တန်း ၊ ၃တန်း လောက် အရွယ်ကတည်းက ..
💕ဗီဒီယိုရုံမှာ အမြဲ အားပေးခဲ့ရတဲ့ မင်းသား...
💕ငယ်ငယ်တုန်းက အချိန်တွေကို ပြန်သတိရ...
#ညီညီနေနိုင်
အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်
(၁) နိယမိတ -
မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ၍ ကုသိုလ်စိတ်သာ ဖြစ်စေရမည် ဟု ဆုံးဖြတ်ချက်(သန္နိဋ္ဌာန်)ချထားရမည်။
*
(၂) သမုဒါစာရ -
(နံနက် ၊ နေ့လည် ၊ ည အခါ အားလျော်စွာ ကုသိုလ်စိတ် အမြဲတမ်း ဖြစ်စေရန် အလေ့အကျင့်ထား ပြုလုပ်ပေးရမည်။
-(၃) ပရိဏာမိတ -
မိမိစိတ်ကို အမြဲတမ်း ကောင်းသောဘက်ကို ညွှတ်နေအောင်ထားပေးရမည်။
(၄) အာဘုဇိတ -
နှလုံးသွင်းတရား ၊ နှလုံးသွင်းဆင်ခြင်မှု။ (ယောနိသော မနသိကာရ)
Ref:
#SN
စိတ်…တံခါးပေါက်
📗💞💕💞💕💞
၁။ မှားမှာကို မကြောက်ပါနဲ့။
တကယ်လို့ မှားခဲ့ရင်တောင်ဦးနှောက်ခြောက်မခံပါနဲ့။
လူဘဝဆိုတာ အမှားအမှန် ဒွန်တွဲနေတတ်ပါတယ်။
ဘယ်လို့အခြေအနေပဲဖြစ်ဖြစ်
နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ
ပြီးခဲ့တဲ့အမှားတွေဟာ
သိပ်တော့အရေးမကြီးလှတာကိုခံစားရပါလိမ့်မယ်။
၂။ အဆိုးမြင်ခြင်းဟာ လူတွေမှာရှိတတ်ပါတယ်။
ဒါပေမယ့် ဒီလိုအဆိုးမြင်တဲ့အရာတွေဟာ
ဘဝရဲ့သေးငယ်တဲ့အစိတ်အပိုင်းတွေဆိုတာ
နားလည်းဖို့လိုပါတယ်။
တကယ်တော့စိတ်ခံစားချက်ကို ဦးစားမပေးပဲ
မျှတအောင် အကောင်မြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လို့ပါတယ်။
၃။ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့။
ဒီအချိန်မှာအဆိုးမြင်စကားပြောဆိုခြင်း
နည်းနိုင်သမျှနည်းပါစေ။
၄။ အခက်အခဲ ကိစ္စတစ်ခုကို အမြဲတွေးတော
ပူပန်မနေပါနဲ့။ခံစာချက်တိုင်းကိုသင့် ဆီမှာ
သောင်တင်မနေပါစေနဲ့။ သင့်မှာတိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။
၅။ တကယ်လို့ တစ်ယောက်ယောက်က
သင့်ကိုအဆက်အသွယ်လိုက်သည်ဖြစ်စေ
မလုပ်သည်ဖြစ်စေ စကားပြောပြော မပြောပြော
ဒါဟာသာမန်ပါပဲ ။
ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာမလိုပါဘူး ။
တွေးပြီးဝမ်းနည်းမနေသင့်ပါဘူး။
၆။ တကယ်လို့သင်တစ်ခုခုကို
နာမလည်းရင် မေးမြန်းပြောဆိုပါ ။
နားလည်ပြီးဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ။
သိလိုက်ရတဲ့အတွက်ဝမ်းသာပါ။
၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေအားလုံးက
မိမိဘာသာရှာတာတွေများပါတယ်။
ဒါကြောင့်ကိုယ့်ဘာသာဖြေရှင်းဖို့ကြိုးစားပါ ။
သူငယ်ချင်းတွေကိုငိုယိုစိတ်ပူပန်စေမဲ့ အစားသူတို့တွေနဲ့အတူတူပျော်ပျော်နေပါ။
၈။ ပြောပြီးသားကတိတည်ပါစေ။
စကားကိုလွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေယုံကြည်မှု နည်းပါးစေပါတယ်။
၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ ။
မူလသင်လုပ်နေကျ နေစဉ်ဘဝကို မဆုံးရှုံးပါစေနဲ့။
အချိန်မှန်စား အချိန်မှန်အိပ်စက်ပါ။
၁၀။ ကိစ္စတခုလုပ်တဲ့အခါ မကြောက်မရွံလုပ်ဆောင်ပါ။ ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမှာကိုလဲ မကြောက်ပါနဲ့။
ပြီးခဲ့တဲ့အရာတွေကိုလဲ ပြန်စဉ်းစားပူပန်မနေပါနဲ့။
၁၁။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လမ်းကြောင်းဦးတည်ရာရှိပါစေ။ ယုံကြည်မူနဲ့ရှေ့တိုးဆောင်ရွှက်ပါ ။
လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့တွေ့တွေ့မုန်းတီးစရာမလိုပါဘူး။ အမှားအမှန် လူလောကမှာ အမှားကနေသင်ခန်းစာယူပြီး အမှန်ကိုရှေ့တိုးဆောင်ရွက်ပါ။
၁၂။ သင့်ကိုသင် ညံ့ဖျင်းတယ်လို့ထင်တာဟာ လိမ်လည်မှုတစ်ခုပါပဲ ။
သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။
၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလိုလဲ ကုန်ဆုံးမှာမဟုတ်ပါဘူး ။
အခက်အခဲကြုံလာရင် ဖြေရှင်းပါ ဖြေရှင်းလို့မရနိုင်ရင် စွန့်လွှတ်ရုံပါပဲ တွေးတောကြောက်ရွံ့မနေပါနဲ့။
၁၄။ ဘယ်လောက်အားကိုးရတဲ့သူဖြစ်ပါစေ စကားအားလုံးကို
အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။
၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့။ ဆိတ်ဆိတ်နေပါ ။ပြောရင်းနဲ့အမှားပါတတ်လို့ပါ။
၁၆။ ရလဒ်အတွက် ပူပန်မနေပါနဲ့။ အကောင်းဆုံလုပ်ဆောင်ပါ။
ရလဒ်က အလိုလိုလိုက်ပါလာပါလိမ့်မယ်။
၁၇။ နောတမရပါစေနဲ့ နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီး ကြောက်စရာကောင်းပါတယ်။ သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုလဲပျက်ပြားစေပါတယ်။ မှားပြီးရင် မှားတာတွေကြုံတွေ့ရတတ်ပါတယ်။
၁၈။ ဘာကိစ္စပဲကြုံကြုံ ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေလို့ပြောပါ ငါ့ကျမှဘာလိုဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့ဝအချိန်မှာကမ္ဘာကြီးရဲ့တခြားနေရာမှာ အခက်အခဲဒုက္ခခံစားညည်းတွားနေတဲ့ သူတွေအများကြီးပါပဲ။
၁၉။ ဘဝမှာခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့အရာတွေကို ရွေးချယ်ရမယ်ဆိုရင် ခါးသီးခြင်းကိုမေ့ပစ်ပြီး ပိုကောင်းတာရွေးပါ
၂၀။ ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။
၂၁။ တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ် တစ်ကြိမ်ပြီး
တစ်ကြိမ်ပေါ့ တကယ်လို့သင်ကျဆုံးရင်ရော ထပ်ကြိုးစားမှာလား။
လူစိတ်ဝိဉာဉ်ဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။
သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။
ဒါကြောင့် မင်းစိတ်ကျလို့မဖြစ်ဘူး ။
Credit. To. Original writer
" ကိုယ့်ကိုကိုယ်ချစ်ရင် "
၁။ မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့ ဘုရားကို ကျေးဇူးတင်ပါ
၂။ ရင်ထဲဘာတွေခံစားနေရပါစေ အိပ်ယာကထ
အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ် သွားဖို့တာဝန်ရှိတဲ့ နေရာကို ရောက်အောင်သွားပါ
၃။ သူများနဲ့မနှိုင်းယှဉ်ပဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ အသုံးချပါ
၄။ အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်လုပ်ပေးပါ။
၅။ ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ
၆။ ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရှုသွင်းရှုထုတ်လုပ်ပေးပါ
ရ။ မနက်စာကို ဘုရင်လို အားရပါးရ စားပါ။
နေ့လည်စာကို လျော့စားပါ။
ညစာကို နဲနဲလေးပဲစားပါ။
၈။ အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့
သူတပါးကို စာနာတဲ့စိတ်နဲ့တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။
၉။ အားပါးတရ ပြုံးပါ ရီလိုက်ပါ။
၁၀။ အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။
၁၁။ အသက်အရွယ်က အရေးမကြီးပါဘူး။
ပျော်ပျော်ပါးပါးနေပါ။
၁၂။ ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။
သူများ နှောက်ယှက်လဲ ကိုယ့်ခံယူမှု့သာ အဓိကပါ။
၁၃။ နေ့စဉ် အနဲဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူးစကားပြောပေးပါ။
၁၄။ မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်း တခုခုကို နေ့စဉ် လှူပေးပါ။
၁၅။ ဒဏ်ရာဟောင်းတွေကို မစဉ်းစားပဲ လက်ရှိဘဝကို ပျော်အောင်နေပါ။
၁၆။ ဖြစ်လာတဲ့ပြသနာတွေကို သေချာစဉ်းစားပြီးဖြေရှင်းပါ။
ဝမ်းနဲ အားငယ်ရှက်ရွံ့မနေပါနဲ့။
၁၇။ အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီး
အချိန်ကုန်မခံပါနဲ့။
၁၈။ အလုပ်နဲ့သူငယ်ချင်းကြား
အလုပ်နဲ့ကျန်းမာရေးကြားမျတအောင်နေပါ။
၁၉။ အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေ ကို
မကြာခဏ ဆက်သွယ်ပေးပါ။
၂၀။ အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့
အချိန်ပေး စကားပြောပေးပါ။
၂၁။ စိတ်ရှုပ်စေမဲ့ ပစည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့
အသုံးအဆောင်တွေ ကို ရှင်းပေးပါ။
၂၂။ ကျက်သရေမရှိတဲ့အတွေးအခေါ်တွေ ကို
ချက်ခြင်းထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။
၂၃။ လူမှုကွန်ယက်မှာကျက်သရေ ရှိတာပဲ Share ပါ။
၂၄။ သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။
မထိခိုက်သမျ လုပ်စရာရှိတာလုပ်ပါ။
၂၅။ အနိုင်ဆိုတာ အမြဲမရဘူး။ ညျှိနှိုင်းယူတတ်အောင်လေ့ကျင့်ပါ။
၂၆။ မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။
ရှိနေတာကို ပဲ တန်ဖိုးထားပါ။
၂၇။ ည ၁၁ နာရီနောက်ဆုံးထားအိပ်ပေးပါ။
၂၈။ ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။
၂၉။ အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။
၃၀။ ထမင်းကို သေချာခူးခပ်စားပါ။ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။
ဗဟုသုတစာပေလေးများမှ
Crd:
သင်စိတ်အားငယ်တိုင်း ဖတ်ဖို့
၁-တစ်ရက်ရက်တော့ သင့်ရဲ့နာကျင်မှုဟာ သင့်ဘဝရဲ့
ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်။ ရင်ဆိုင်ပါ။ ရဲရင့်ပါ။
၂-သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို ဗွေမယူပါနဲ့။
အနည်းဆုံးတော့ သင်ဟာ သူတို့ထက် တော်တယ်လို့
သူတို့က ထင်ထားတယ်လေ။
၃-သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး စွဲလမ်းမနေ
ပါနဲ့။ ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။
၄-သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို သင့်ဘဝထဲ လက်ခံ
ရမယ် ဘယ်သူကို သင့်ဘဝထဲ လက်မခံရဘူး ဆိုတာကို
သိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။
၅-သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို သင့်ဘဝထဲက
ထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက သင့်လက်ထဲ
မှာပါ။
၆-သူများတွေက သင့်ကို ဘယ်လို ထင်နေသလဲ ဆိုတာ
အရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲ
ဆိုတာက ပိုအရေးကြီးပါတယ်။
၇-သင့်ကိုယ်သင် ချစ်ပါ။ ကမ္ဘာတစ်ခုလုံးက သင့်ကို
ချစ်နေရင်လည်း သင့်ကိုယ်သင် မချစ်ရင် သင်ဟာအချစ်
ငတ်နေသူပါ။
၈-လူတိုင်းမှာ ရှူ့ထောင့်ကိုယ်စီ ရှိတာမို့ ငြင်းခုံမှုတိုင်းမှာ
အရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။
၉-သင့်ကိုယ်သင် သူတစ်ပါးနဲ့ ယှဉ်ပြီး အားငယ်မနေပါနဲ့။
လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီ ရှိကြပါတယ်။
၁၀-သင်ကိုယ်တိုင်က ခွင့်မပြုဘဲ ဘယ်သူမှ သင့်ကို စိတ်အား
ငယ်အောင် ပြုလုပ်လို့ မရပါဘူး။
၁၁-ပျော်ပျော်နေပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးက
သင့်နဲ့ မဆိုင်ပါဘူး။
၁၂ -တတ်နိုင်သလောက် ကူညီပါ။ ကူညီတယ်ဆိုတာက
ပေါလွန်းလို့တော့ မဟုတ်ပါဘူး။ ဘာမှမရှိဘူးဆိုတဲ့
အကူအညီမဲ့နေစဉ် ခံစားချက်ကို အသေအချာ နားလည်
လို့ပါ။
၁၃-သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။
ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့။
၁၄-စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့စိတ်ကို ရင့်ကျက်စေပြီး
သင့်ရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။
၁၅-တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ အဲ့ဒီပြဿနာက
တကယ်အရေးပါသလား စဉ်းစားပါ။ ဘာမှမဟုတ်တာ
လေးတစ်ခုအတွက်နဲ့ စိတ်ဆိုးဒေါသထွက် နေတာမျိုး
တွေကို ရှောင်ပါ။
၁၆-သင်ဟာ နာကျင်မှုအပေါ်မှာ အာရုံစိုက်နေရင်
ဆက်ပြီး နာကျင်လိမ့်မယ်။ သင်ခန်းစာအဖြစ် မြင်နိုင်မှ
သင်ဟာ ရင်ကျက်လာလိမ့်မယ်။
၁၇-အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါ့ကြောင့်
တစ်ခြားလူတစ်ယောက်ရဲ့ ဘဝအတွက် ရှင်သန်ရင်း
သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။
လေးစားစွာဖြင့်
crd
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့
သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့
၂။ သူတစ်ပါးက မိမိကိုမိမိနိမ့်ချပြောဆိုနေတဲ့အချိန်မှာ
ကိုယ်ကသွားပြီး မထောက်ခံမိဖို့တော့လိုတယ်။
၃။ သူငယ်ချင်းကို လှောင်ပြောင်ချင်ရင် လှောင်ပြောင်လို့ရတယ်။
အဲ.. သူကြိုက်နှစ်သက်တဲ့ အရာတွေကိုတော့ သွားမလှောင်မိပါစေနဲ့
၄။ " ငါမတတ်ဘူး" ဆိုတဲ့ စကားကို " ငါသင်လို့ရတယ်" အဖြစ်ပြောင်းလိုက်ပါ။
၅။ " သဘောပဲ" ဆိုတဲ့စကား " မင်းသဘောအတိုင်းပဲ " လို့ပြောင်းပြောကြည့်ပါ။
၆။ သူများကိုယ့်ကို ဆဲရင် နှားထောင်ပေးလိုက်ပါ။
သူများကိုယ့်ကို ချီးမွမ်းရင် မယုံကြည်ပါနှဲ့၊
၇။ စကားလက်ဆုံကျတဲ့ အချိန်မှာ သူများက ပြုံးလိုက်တယ် ဆိုပါစို့
ကိုယ်ဘာပြောရမှန်းမသိခဲ့ရင် " မင်းပြုံးတာ အရမ်းလှတယ်။" လို့ပြောပေးလိုက်ပါ။
၈။ လေထုကို လျှို့ဝှက်ချက် သွားမပြောပြလိုက်ပါနှဲ့၊
လေထုက သစ်တော တစ်တောလုံးပြန့်အောင် ဖြန့်ဝေပေးတတ်လို့ပါ။
၉။ ဘယ်လောက်ပဲ ခင်ခင်၊ သူတစ်ပါးရဲ့ မိဘကို လုံးဝလေးစားရမယ်။
၁၀။ သူတစ်ပါးရှေ့မှာ မပြောရဲတဲ့ စကား၊ သူတစ်ပါးရဲ့ နောက်ကွယ်မှာ ဘယ်တော့မှ မပြောဘူး၊
၁၁။ အပျက်သဘောဆောင်တဲ့ ခံစားမှုတွေ၊ ဘေးပတ်ဝန်းကျင်ကို ဘယ်တော့မှ မဖြန့်ချီမိပါစေနှဲ့၊
၁၁။ သူတစ်ပါးကို ချီးမွမ်းဖို့၊ အသိအမှတ်ပြုဖို့ ဘယ်တော့မှ မနှမျောပါနှဲ့၊ မတွန့်တိုပါနဲ့
၁၁။ " နားလည်လား" လို့မေးမဲ့အစား " ငါပြောတာ ရှင်းလင်းမှု ရှိရဲ့လား" လို့ပြောင်းမေးကြည့်ပါ။
၁၂။ အန်တီလို့ ခေါ်သင့်တဲ့ လူကို " အမ" လို့ ခေါ်ကြည့်လိုက်၊
"အမ" လို့ခေါ်သင့်တဲ့လူကို " ညီမလေး" လို့ခေါ်ကြည့်လိုက်၊
" ညီမလေး" လို့ခေါ်သင့်တဲ့ လူကို " ကလေးမ" လို့ ခေါ်ကြည့်လိုက်ပါ။
၁၃။ ငြင်းဆိုတတ်ပါစေ၊ သင့်ရဲ့ စေတနာနဲ့အားနာမှုကို ကျေးဇူးတင်မဲ့သူ မရှိပါ။
၁၄။ စိတ်ရှင်းတဲ့အခါမှာ အလုပ်လုပ်ပါ။ စိတ်ရူပ်တဲ့ အခါမှာ ဖုန်းပွတ်ပါ။
ဒေါသထွက်တဲ့အခါမှာ အိပ်လိုက်ပါ။ အထီးကျန်တဲ့အခါမှာ စဉ်းစားပါ။
၁၅။ အခြားသူရဲ့ ပါးစပ်မှ ပြောပြတဲ့ "သူ့" အကြောင်းကို ဘယ်တော့မှ မယုံကြည်ပါနဲ့
၁၆။ အမူအယာ နဲ့ ပြသလို့ရခဲ့ရင် အဆဲစကား မပြောမိစေပါနဲ့။
Credit;
🎈ဘာဖြစ်မလဲဆိုတာကို မသိဘဲနဲ့...
🎈မနက်ဖြန်များစွာ အတွက်...
🎈စိတ်ကူးတွေယဉ်ပြီးတော့...
🎈မျှော်လင့်နေလိုက်တာနော်...
🎈သိပ်...တရား မရှိလိုက်တဲ့...ငါ...
#SN💕 #Tar💕
🌒ကလေးတုန်းက ဘဝတောင် ပြန်သတိရသွားတယ်...
🌒အိမ်မှာ ခုချိန်ထိ သိမ်းထားတာ...
🌒မိုးက နေ့တိုင်းရွာနေလို့...
🌒ဘတ်ထရီ အားမရှိလို့ မို့...
#SN💕 #Tar💕
>>>Ooredoo အင်တာနက် သုံးရ...
>>>Telenor ရွာထဲဆို လိုင်းမရှိ...
>>>ရွာမြောက်ဘက်နားဆီ ဆိုရင် နည်းနည်းပါးပါး လိုင်းသုံးရ...
>>>ကျန်တဲ့ကဒ် လိုင်းမရှိ...
#SN💕
1/4/2025 , Tue
>>>ပုံပြင်လေး(၃)ပုဒ် ပြောပြမယ်<<<
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
(ⅰ) တခါတုန်းက ရွာသား အားလုံးဟာ မိုးရွာဖို့အတွက် ဆုတောင်းဖို့ ဆုံးဖြတ်ခဲ့ကြသတဲ့…..။
ဆုတောင်းတဲ့နေ့မှာ လူတွေအားလုံး စုဝေးခဲ့ကြပြီးတော့ ဒီထဲမှာ
ကောင်လေးတစ်ယောက် ကပဲ ထီး တစ်လက်နဲ့ရောက်လာခဲ့သတဲ့…..။
ဒါက “ယုံကြည်မှု” လို့ ခေါ်တယ်…...။
(ⅱ) တစ်နှစ်သား ကလေး လေး ကို လေထဲ ပစ်လွှတ်လိုက်တဲ့ အခါ သူက ရယ်သတဲ့…..။
ဘာလို့လဲဆိုတော့ သူအဖေက သူ့ကို ပြန်ဖမ်းမယ်ဆိုတာ သိလို့တဲ့…..လေ…..။
ဒါက “ယုံကြည်စိတ်ချရမှု” ပဲ ဖြစ်တယ်…..။
(ⅲ) ကျွန်တော်တို့ ညတိုင်း အိပ်ရာဝင်တဲ့ အခါ နောက်နေ့မနက် အသက်ရှင်လျက်
ပြန်နိုးထလာဖို့ဆိုတာ အာမခံချက် မရှိပေ့မယ်လည်း
ကျွန်တော်တို့ မနက်ဖြန် အတွက် ဆိုပြီးတော့ အစီအစဉ်တွေ ရှိနေသေးတာ ပဲ…..လေ…….။
ဒါက “မျှော်လင့်ချက်” ပဲ မဟုတ်လား…….။
ဒါကြောင့် ဘဝမှာ အမြဲတမ်း အကောင်းမြင်စိတ် ရှိပါ…….။
Translated from Internet.
#SN💕 #Tar💕
>>>မင်းရဲ့ ဘဝကို ပြောင်းလဲစေမယ့် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်…….<<<
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
♥️ တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အတူတူ ကစားနေခဲ့ကြတယ်…တဲ့။
♥️ ကောင်လေးမှာ ကျောက်လုံးလေးတွေ စုထားတာ ရှိခဲ့တယ်…တဲ့။ ကောင်မလေးမှာ သူမနဲ့ အတူတူ သကြားလုံး အချို့ ပါလာတယ်…တဲ့။
♥️ ကောင်လေးက ကောင်မလေးကို “သူ့မှာရှိတဲ့ ကျောက်လုံးလေးတွေ အားလုံးကို ပေးမယ်။ သူမ မှာ ရှိတဲ့ သကြားလုံးတွေနဲ့ လဲမယ်” လို့ ပြောခဲ့တယ်…..။ ကောင်မလေး ကလည်း သဘောတူ ခဲ့တယ်…..။
♥️ ကောင်လေးက သူ့မှာရှိတဲ့ ကျောက်လုံးလေးတွေထဲက အကြီးဆုံး နဲ့ အလှဆုံး ကျောက်လုံးလေးကို ဖယ်ထားပြီး ကျန်တာတွေကို ကောင်မလေးကို ပေးခဲ့တယ်…..။
♥️ ကောင်မလေးကတော့ သူ့ကတိ အတိုင်းပဲ သူမ မှာ ရှိတဲ့ သကြားလုံးတွေ အားလုံး ကို ကောင်လေး ကို ပေးခဲ့တယ်…..။
♥️ အဲဒီညမှာ ကောင်မလေးက အေးအေးဆေးဆေး ပဲ အိပ်ပျော်သွားခဲ့တယ်…..။
♥️ ဒါပေမယ့် ကောင်လေးကတော့ သူ အကောင်းဆုံး ကျောက်လုံးလေးကို ဝှက်ထားခဲ့သလို ကောင်မလေး ကလည်း သကြားလုံး အချို့ ကို ဝှက်ထားနေခဲ့ မလား လို့ သံသယဝင်ပြီး အိပ်မပျော် ဖြစ်နေခဲ့တယ်…..။
ဒီပုံပြင်လေးရဲ့ သင်ခန်းစာ ကတော့……….
♥️ ဆက်ဆံရေး တစ်ခုမှာ သင်က ရာနှုန်းပြည့် မပေးဘူးဆိုရင် ဘယ် ဆက်ဆံရေးမှာ မဆို
သင် အမြဲတမ်း သံသယ ဝင်နေပါလိမ့်မယ်…..။
♥️ဒါကြောင့်မို့ သင့်ဘက်က ရာနှုန်းပြည့် ပေးပါ…..။
Translated from internet.
#SN💕 #Tar💕
💕ပြောစရာရှိရင် စိတ်ထဲရှိတဲ့ အတိုင်း...
💕ပွင့်ပွင်းလင်းလင်း ပဲ ပြောတတ်တယ်...
💕ဘယ်သူ့ကို မှ မလှည့်စားဘူး...
💕လူတိုင်း အပေါ် အားနာ နေတာ မျိုး မဟုတ်ပေမယ့်...
💕ဘယ်သူ့ အပေါ်ကိုမှ အနိုင် မယူတတ်ဘူး...
#SN💕 #Tar💕
🍁တစ်ချို့လူတွေက လိမ်နေတယ်၊ 🍁
လိမ်နေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်ရတယ်။
🍁တစ်ချို့လူတွေက အကျင့်ယုတ်ကြတယ်၊ အကျင့်ယုတ်မှန်း သိရက်နဲ့ မျက်နှာပျက်မရလို့ သည်းခံနေလိုက်ရတယ်။
🍁တစ်ချို့လူတွေက လေများတယ်၊ လေများမှန်းသိရက်နဲ့ မကောင်းတတ်လို့ မျက်စိတစ်ဖတ်ပိတ်နေလိုက်ရတယ်။
🍁တစ်ချို့လူတွေက သိပ်အပြောကောင်းတယ်၊
မဟုတ်မှန်းသိရက်နဲ့ နားထောင်ကောင်းကောင်းနဲ့ ကျိတ်ယုံလိုက်ရတယ်။
🍁တစ်ချို့လူတွေက ဟန်ဆောင်ကောင်းတယ်၊ ဟန်ဆောင်နေမှန်းသိရက်နဲ့ ကိုယ်ပါမသိချင်ယောင်ဆောင် ဟန်ဆောင်လိုက်ရတယ်။
🍁လူ့လောကကြီးဟာ အရမ်းရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း မသိလိုက်တာက ပိုကောင်းသလို မြင်နေပေမယ့်လည်း မမြင်ချင်ယောင်ဆောင်လိုက်ရတာက ပိုပြီးငြိမ်းချမ်းပါတယ်။
🍁အဖြေမထွက်တဲ့အရာတစ်ခုကို တစ်ဒေါက်ခေါက်ပြီး ထိုင်တွက်ချက်နေလည်း ဘာမှမထူးလာတာတွေ ရှိတတ်ပါတယ်။
🍁ကိုယ်ပြုပြင်လို့မရမယ့်အတူတူ တစ်ခါတစ်လေ မျက်နှာလေးလွှဲနေတာက ပိုပြီးကောင်းပါ၏။
- 🦋Nawe🦋
Crd
! မမေ့ပါနဲ့
တစ်ချိန်က မင်းကို နိမ့်ချဆက်ဆံခဲ့သည့်
လူတချို့အား တစ်ချိန်မှာ မင်းကို မြင်၍
ရှက်တတ်သွားအောင် မင်းကြိုးစားပြပါ
! မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ်မှာ ကောက်ကျစ်စဥ့်လဲခဲ့သည့်
လူတချို့အား တစ်ချိန်မှာ မင်းကို မြင်၍
ရှိန်းသွားစေအောင်မင်းလုပ်ပြရမယ်
! မမေ့ပါနဲ့
တစ်ချိန်က မင်းစိတ်ဓာတ်ကျနေချိန်
ရှောင်ဖယ်သွားသည့် လူတချို့အား
မင်းကို မြင်၍ ခေါင်းမဖော်နိုင်အောင်
မင်းစွမ်းဆောင်ပြရမယ်
! မမေ့ပါနဲ့
တစ်ချိန်က မင်းအပြောတွေကို
နားမဝင်ခဲ့သည့် လူတချို့အား
တစ်ချိန်မှာ မင်းဘာပြောပြော
နားခံလာအောင် မင်းလေ့လာရမယ်
! မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ် မကောင်းခဲ့သည့် လူတချို့အား
တစ်ချိန်မှာ မင်းဘာလုပ်လုပ် အကောင်းမြင်လာစေဖို့
မင်းရဲ့ အရည်အချင်းတွေကို ပြသလိုက်စမ်းပါ
! မမေ့ပါနဲ့
အတိတ်က အကြောင်းအရာတွေကို
အချိန်ယူပြီး တစ်ခုခြင်း မင်းလုပ်နိုင်ကြောင်း
ဖော်ပြလိုက်စမ်းပါ
! မင်းကိုမင်း သင်ပြလိုက်ရင်
အားလုံးကို မင်းသင်ပြနိုင်လာလိမ့်မယ်
! ``အချိန်ရှိခိုက် လုံးလစိုက်တဲ့
မင်းစိတ်ထဲမှာ ရှိသမျှ မကြည်ဖြူသည့်လူတချို့ကို
တွန်းအားအဖြစ် သွပ်သွင်းပြီး ကြိုးစားလိုက်စမ်းပါ
လူတချို့ကို တန်ပြန်သက်ရောက်မှု့အချို့
ပေးရအောင်လေ
Crd: Original Uploader
ကြင်နာသော်လည်း ပြတ်သားသူ 🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁 🏵️ခွင့်လွှတ်တတ်တယ်၊ ဒါပေမဲ့ သင်ခန်းစာကိုတော့ မှတ်ထားတယ်။ 🏵️ကြင်နာတတ်တယ်၊ ဒါပေမဲ့ အနိုင်ကျ...