KG ဆရာဆရာမတို့အတွက်
က ကြီး မှ အ အထိ ကဗျာလေးစုံလင်အောင်ရေးဖွဲ့လို့ ပြီးပါပြီ
ကိုကကြီး
------------------
ကကြီးကကြီး ကိုကကြီး
ပါးစပ်ဆိုင်းကိုတီး။
ကိုကကြီး ထလို့လာ
ကဗျာတေးဆိုကာ
ကပါကပါ လက်ခုပ်တီး
အဲဒါကကြီး ကိုကကြီး။ ။
ခခွေး
-----------
ခခွေးခခွေး ဒေါ်ခခွေး
ခရေပန်းနဲ့မွှေး။
ဒေါ်ခခွေး ဝိုင်းလို့ပြောင်
ခါးကိုတို့တော့ယောင်
ရောလို့ယောင် ဟောင်တဲ့ခွေး
ဟဲ့ခွေးဟဲ့ခွေး ယောင်လိုက်သေး
အဲဒါခခွေး ဒေါ်ခခွေး။ ။
ဂငယ်
-------------
ဂငယ်ဂငယ် ဂငယ်ရေ
ဂဏန်းတွက်မယ်လေ
လက်ချိုးရေလို့ မှတ်ပါလား
တစ်နှစ်ပြီးတော့ သုံးလေးငါး
ဂငယ် ဂဏန်းများ။ ။
ဃကြီး
---------------
ဃကြီးဃကြီး ဃကြီးလာ
ဃနာနို့ဆွမ်းပါ
ရဟန်းသံဃာ ကပ်လှူပေး
အဲဒါဃကြီး ဃကြီးလေး။ ။
င
======
င ငရုတ်သီး စပ်လိုက်တာ
ငစိန်ထမင်းမာ
ငချိပ်ပေါင်းကာ စားနေကြ
င င အဲဒါ င။ ။
စလုံး
========
စလုံး စလုံး ဖိုးစလုံး
စတော့နောက်တော့ပြုံး။
ဖိုးစလုံး ပျော်နေတာ
စပါးခင်းထဲမှာ
စကားဆိုရာ ချိုသာဆုံး
အဲဒါစလုံး ဖိုးစလုံး။ ။
ဆလိမ်
========
ဆလိမ် ဆလိမ် ဆလိမ်လေး
လိမ္မာလွန်းသူလေး။
ဆလိမ်လေး ချစ်စဖွယ်
ဆရာ့စကား နားထောင်တယ်
အလိမ္မာကြွယ် လှယဉ်ကျေး
အဲဒါဆလိမ် ဆလိမ်လေး။ ။
ဇကွဲ
=======
ဇကွဲ ဇကွဲ ဇကွဲလေး
ဇရန်းလက်ဖက်ကျွေး။
ဇကွဲလေး ပုန်းကာနေ
ဇရပ်ထဲမှာလေ
ဇလပ်ပန်းတွေ ဖြူဖြူဖွေး
အဲဒါဇကွဲ ဇကွဲလေး။ ။
ဈမျဉ်းဆွဲ
==========
ဈမျဉ်းဆွဲ ဈမျဉ်းဆွဲ
ဈေးသည်မလေး ဈမျဉ်းဆွဲ။
ဈမျဉ်းဆွဲ ဈေးရောင်းရာ
ဈေးဝယ်မယ့်သူလာ
ဈေးဆိုင်ရှေ့မှာ ဆိုင်းဘုတ်ဆွဲ
အဲဒါ ဈမျဉ်းဆွဲ။ ။
ည
=====-=====
ည ည
လမင်းထိန်ထိန် သာတဲ့ည။
ည ည
သားသားမီးမီး ပျော်တဲ့ည
ည ည
သားသား အိပ်တဲ့ည
မီးမီး အိပ်တဲ့ည။
ည ည အဲဒါည။ ။
ဋသန်လျင်းချိတ်
===========
ဋသန်လျင်းချိတ် သန်လျင်းချိတ်
အင်္ကျီချိတ်တဲ့ အင်္ကျီချိတ်။
ဋသန်လျင်းချိတ် ရွှင်ပျော်ပျော်
ဋီကာချဲ့မယ်နော်
ဋီကာကျော် ကျမ်းနဲ့ချိတ်
ဋသန်လျင်းချိတ် သန်လျင်းချိတ်။ ။
ဌဝမ်းဘဲ
=======
ဌဝမ်းဘဲ ဌဝမ်းဘဲ
ဌာနလက်ကိုင် ဌဝမ်းဘဲ။
ဌဝမ်းဘဲ ဘယ်မှာနေ
ဌာနချုပ်မှာနေ
မွေးရပ်ဌာနေ ပျော်တယ်လေး
ဌဝမ်းဘဲကို ဒီလိုရေး။ ။
ဍရင်ကောက်
==========
ဍရင်ကောက်လေး ရေးပါ့မယ်
ကောက်ကောက်သေးသေးသ္ဓယ်
ဍရင်ကောက်ရယ် ဘယ်ဆီရောက်
ဟောဒီမှာဗျ ဍရင်ကောက်။ ။
ဎ ရေမှုတ်
=======
ဎ ရေမှုတ်လေး ဘာနဲ့တူ
ရေမှုတ်လေးနဲ့တူ
ရေမှုတ်ယူလို့ ကြည့်ပါလေး
ဎ ရေမှုတ်ကိုရေး။ ။
ဏကြီး
=====
ဏကြီး ဏကြီး ဏကြီးမောင်
ဂဏန်းတွက်ရအောင်
ကဏန်းကောင်က လက်မကြီး
အဲဒါဏကြီး မောင်ဏကြီး။ ။
တဝမ်းပူ
======
တဝမ်းပူ တဝမ်းပူ
တပည့်ငယ်လေး တဝမ်းပူ
တဝမ်းပူလေး ဘာတွေရေး
တဝမ်းပူတွေရေး။ ။
ထဆင်ထူး
========
ထဆင်ထူး ထဆင်ထူး
ထူးထူးခြားခြား ထဆင်ထူး။
ထဆင်ထူး လာတော့လေ
ထမင်းစားမယ်လေ
ထဆင်ထူးရေ ခေါ်ရင်ထူး
အဲဒါ ထဆင်ထူး။ ။
ဒ ထွေး
=======
ဒထွေး ဒထွေး ကိုဒထွေး
ဒရောသောပါးပြေး။
ဒထွေးလေး သစ်ကိုင်းကိုင်
ဒဟတ်ပင်ပေါ်ထိုင်
ဒယီးဒယိုင် ဒရယ်လေး
အဲဒါဒထွေး ကိုဒထွေး။ ။
ဓအောက်ခြိုက်
===========
ဓအောက်ခြိုက် ဓအောက်ခြိုက်
ဓနိပင်တွေ အတန်းလိုက်။
ဓအောက်ခြိုက် စိတ်ထားဖြူ
ဓနု တိုင်းရင်းသူ
ဓလေ့ယူဖို့ ဓာတ်ပုံရိုက်
အဲဒါ ဓအောက်ခြိုက်။ ။
နငယ်
=====
နငယ် နငယ် နငယ်လေး
နယုန်လမှာမွေး။
နငယ်လေး ဟင်းချက်တာ
နနွင်းမှုန့်လည်းပါ
နဖူးပေါ်မှာ လက်တင်မှေး
အဲဒါနငယ် နငယ်လေး။ ။
ပစောက်
=======
ပစောက် ပစောက် ပဲပင်ပေါက်
ပလိုင်းထဲမှာ ထည့်ဖို့ကောက်။
ပစောက် ပစောက် ပလောင်ရွာ
ပဒေါင်ပျိုလေးလာ
ခြုံစရာ ပဝါပေး
ပစောက်ကိုရေး
ဒီလိုလေး။ ။
ဖဦးထုပ်
======
ဖဦးထုပ် ဖဦးထုပ်
ဖခင်အတွက် မုန့်ဖက်ထုပ်
မိခင်အတွက် လက်ဖက်ထုပ်။
ဖဦးထုပ် ယူခဲ့တာ
ဖရဲသီးလည်းပါ
ဖရုံယိုပါ ဖက်နဲ့ထုပ်
အဲဒါ ဖဦးထုပ်။ ။
ဗထက်ခြိုက်
=========
ဗထက်ခြိုက် ဗထက်ခြိုက်
ဗလကြီးတဲ့ ဗထက်ခြိုက်။
ဗထက်ခြိုက် စောင့်လို့ကြို
ဗလာဇာတ်ပွဲကို
ဗယာကြော်ဆို အလွန်ကြိုက်
အဲဒါ ဗထက်ခြိုက်။ ။
ဘကုန်း
======
ဘကုန်း ဘကုန်း ဘကုန်းလေး
ဘဝဖြစ်စဉ်ရေး။
ဘကုန်းလေး တော်လိုက်တာ
ဘဝင်မမြင့်ပါ
ဘဘလာတော့ နေရာပေး
အဲဒါဘကုန်း ဘကုန်းလေး။ ။
မ
==
မ မ
ငါတို့မမ တို့မမ။
မ မ
မမလေးက ရေအိုးမ။
မ မ
မကြာခဏ ဆိုဆုံးမ
အဲဒါမမ တို့မမ။ ။
ယပက်လက်
=========
ယပက်လက် ယပက်လက်
လည်ဆွဲတန်ဆာ မြဘယက်။
ယပက်လက် ဘယက်ဝယ်
ယနေ့ ဈေးချိုတယ်
ယမင်းပျိုငယ် ရှက်တယ်ရှက်
အဲဒါ ယပက်လက်။ ။
ရကောက်
=======
ရကောက် ရကောက် ရကောက်ရေ
ရထား စီးမယ်လေ
ရသစာပေ လေ့လာဖို့
ရကောက်ရေးမယ်ဗ်ျို့။ ။
လ
===
လ လ
ထိန်ထိန်သာတဲ့လ။
လ လ
တန်ခူး ကဆုန်လ။
လ လ
ဟောဒီလိုလ ရေးမယ်ဗျ။ ။
ဝ
==
ဝ ဝ
ကိုကြီးသာဝ အလွန်ဝ။
ဝ ဝ
အိပ်ရေးဝဝ ထမင်းဝ။
ဝ ဝ
အိမ်အပေါက်ဝ ခြံပေါက်ဝ။
ဝ ဝ
ဟောဒီလိုဝ ရေးမယ်ဗျ။ ။
သ
====
သ သ
သမားတော်က ဆေးကုသ။
သ သ
သတိရလို့ တသသ။
သ သ
ဟောဒီလိုသ ရေးမယ်ဗျ။ ။
ဟ
===
ဟ ဟ
ပါးစပ်ကလေး ဟ။
ဟ ဟ
အိမ်ရှေ့ တံခါးဟ။
ဟ ဟ
ဟောဒီလိုဟ ရေးမယ်ဗျ။ ။
ဠကြီး
====
ဠကြီး ဠကြီး ဠကြီးရေ
ဠကြီးရေးမယ်လေ
ဠကြီးရေ လာတော့ဟေး
ဟောဒီလိုလေး ဠကြီးရေး။ ။
အ
===
အ အ
ကျီးလေး တအအ။
အ အ
စကားဆွံ့အ ထစ်အအ
အ အ
ဟောဒီမှာအ ရေးတယ်လှ။ ။
အဲဒါကြိုက်တယ်အထောက်အကူပြုတယ်ဆိုရင်
အ အထိရေးပေးလိုက်ပါပြီ။
Copy from ynt.
Credit.
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
Posted via Blogaway
KG ကဗျာ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment