လူတစ်ယောက်
အရမ်းတည်ငြိမ်သွားရင်
မာနကြီးတယ်လို့ မြင်ကြတယ်။
လူတစ်ယောက်
အရမ်းထက်မြက်သွားရင်
ဘဝင်မြင့်လိုက်တာလို့ ထင်ကြတယ်။
လူတစ်ယောက်
အရမ်းပြတ်သားသွားရင်
ရက်စက်လိုက်တာလို့ စွပ်စွဲကြတယ်။
ဒီလို တည်ငြိမ်ရင့်ကျက်သွားဖို့
နာကျင်မှုတွေနဲ့ ရင်းနှီးခဲ့ရတယ်ဆိုတာ
သူတို့ မသိခဲ့ကြဘူး။
ဒီလို ထက်မြက်သွားဖို့
နောက်ကျောကို
ဓားနဲ့ထိုးခဲ့တဲ့ လူတစ်ချို့ကြောင့်လို့
သူတို့ မသိခဲ့ကြဘူး။
ဒီလို ပြတ်သားသွားဖို့
လူတစ်ချို့ရဲ့
သင်ခန်းစာကို ရရှိတာကြောင့်လို့
သူတို့ မသိခဲ့ကြဘူး
လူတစ်ချို့က
ကိုယ်အော်တာပဲ ကြားတယ်။
ကိုယ့်ကို တိုက်ခိုက်ခံနေရတာကို
မသိခဲ့ကြဘူး။
ဒီလို လူတွေကြားမှာ
လူတစ်ယောက် ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ဖို့
မာနလေးတော့ ထားခွင့်ပြုပါ။
ဆိုးဝါးတဲ့ အတိတ်ဆိုးတွေအတွက်
ရင့်ကျက်ခြင်းတစ်ခုရဖို့
မာနလေးတော့ ထားခွင့်ပြုပါ။
ပေးဆပ်ခဲ့ရသလောက် မတန်တဲ့
မညီမျှတဲ့ အရင်းအနှီးတွေအတွက်
မာနလေးတော့ ထားခွင့်ပြုပါ။
#Credit:..... '''#သစ္စာတရားရဲ့ကျိန်စာ'''
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing
မာနလေးတော့ ထားခွင့်ပြုပါ
မာနလေးတော့ ထားခွင့်ပြုပါ
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment