စကားကြီး(၃)ခွန်း
■ မြစ်ကြီးလည်း မခန်းပါစေနဲ့ ■
■ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ■
■ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ■
■ " မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြသောစမ်းရေလို ကြည်ကြည်လင်လင်
တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး ဆိုလိုတာပါ ။လူလူချင်း မေတ္တာထားကြ။
မေတ္တာတရားတွေ ပွားများကြ။ မေတ္တာတွေ မခန်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ဘဲ ။
■ "သစ်ပင်ကြီးလည်း မလဲပါစေနဲ့" ဆိုတာ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ။ ထို့အတူပဲ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို
ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ် ။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာဘဲ ဒါ့ကြောင့်
သစ်ပင်ကြီးလည်း မလဲအောင် ကြိုးစားထိန်းသိမ်းကြ ။
■ "ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကို ပြောတာပါ။ မိဘဘိုးဘွား
လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင်
ထိန်းသိမ်းပြီး ဗုဒ္ဒဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ ။
( ရွှေဥမင်ဆရာတော် )
Credit
----------------------------
မေတ္တာဖြင့် ပြန်လည်ကူးယူဖော်ပြသည်။
#SoeNaing💕💕
စကားကြီး(၃)ခွန်း
Subscribe to:
Post Comments (Atom)
မင်္ဂလာပါ နော်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်
လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်များသော ပို့စ်များ
-
🍁တချို့ လူတွေက ကျီအာသီးလိုရယ်..... 🍁အပြင်က ဟန်ဆောင်နေပေမဲ့..... 🍁အတွင်းစိတ်က သူများအပေါ်...တော်တော် ပု...
-
ပညာရေးနယ်ပယ်မှအချက်အလက်များ ၁။ ပညာရေးဝန်ကြီး - Dr.မျိုးသိမ်းကြီး ၂။ ပညာရေး ဒုတိယဝန်ကြီး - ဦး...
-
🍁လိုအပ်ရင် ခဏတာ ရောက်လာ..... 🍁မလိုအပ်ရင် ပစ်ခွာသွားတတ်တဲ့ သူကို..... 🍁သင့် ဘဝထဲကနေ ထာဝရ လစ်လျူရှုလိုက်...
No comments:
Post a Comment