#လောကကြီးမှာ ...

#လောကကြီးမှာ ...

*****************

*သိပ်ရိုးရှင်းနေရင် သင့်ကို

လိမ်ညာလှည့်ဖျားဖို့ ကြိုးစားလိမ့်မယ်။

*တစ်ယောက်တည်း အေးဆေးနေတတ်ရင်

မာနကြီးတယ် အပြောခံရမယ်။

*ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုလွန်ကဲနေရင်

မာန်တတ်တယ်လို့ သတ်မှတ်ကြတယ်။

*နုံအလွန်းရင် လှောင်ပြောင်ပြီး

ရယ်မောစရာ လုပ်ကြလိမ့်မယ်။

*သိပ်ရိုးသားပါတယ်လို့ သင်ပြောနေရင်

မရိုးသားဘူးလို့ပဲ သတ်မှတ်ကြလိမ့်မယ်။

*သူတစ်ပါးကို အမြဲကူညီတတ်ရင်

“ #ကျွန်ဇာတာ ” ပါလာတယ်လို့ပြောကြလိမ့်မယ်။

*မကူညီပဲနေရင် “#လူမှုရေးခေါင်းပါးသူ ”

လို့ သတ်မှတ်ကြလိမ့်မယ်။

*အချစ်ကြီးသူတစ်ယောက်ဆိုရင်

“ #ပျော့ညံ့တဲ့လူ ” အဖြစ် အပြောခံရပြီး

*မချစ်တတ်တဲ့လူဆိုရင်လည်း

" #မေတ္တာတရားခေါင်းပါးသူ"လို့ ပြောကြလိမ့် ဦးမယ်။

*သေချာပါတယ်…

သင်ဘယ်လိုပဲနေနေ …

*လူတွေမှာ သင့်ကို ခေါင်းစဉ်တပ်စရာ

အမြဲ အဆင်သင့်ရှိနေတတ်တယ်။

#crd ကျော်ဝင်းမြင့်


​မေတ္တာဖြင်​့ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕


No comments:

Post a Comment

မင်္ဂလာပါ နော်

အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက်

 အမြဲတမ်း ကုသိုလ်စိတ်ဖြစ်ဖို့ရန် (သို့) ကောင်းကျိုးချမ်းသာ ရဖို့ လိုအပ်သော အချက် (၄)ချက် (၁) နိယမိတ - မိမိသန္တာန်၌ အကုသိုလ်စိတ် မဖြစ်အောင်နေ...

လူကြိုက်​များ​သော ပို့စ်​များ