#သူငယ်ချင်း

💚#သူငယ်ချင်း💚

👭👭👭👭👭


❤#ငါခင်ပြီဆိုရင်

     စိတ်ရောကိုယ်ပါ ခင်တတ်တာမို့

     မင်းအပေါ်ယုတ်မာမှာကို

     ဘယ်တော့မှ မစိုးရိမ်ပါနဲ့ သူငယ်ချင်း


❤#ငါ့ဘက်က

     အေးတိအေးစက်နိုင်တဲ့အခါ နိုင်မယ်

     ဒါပေမယ့် မင်းသိထားပါ ...


❤#ငါခင်ပြီဆိုရင်

     အပေါ်ယံ ဟန်ဆောင်မှုတွေ မပါ

     ရင်ထဲက စိတ်ရင်း နဲ့သာ

     ပေါင်းတတ်သူ တစ်ယောက် ဆိုတာကို


❤#နောက်တစ်ခုလည်း

     မင်း သိထားပါ

     သူများ ချစ်ခင်နေ သူတွေကြား

     ဘယ်တော့မှ ငါသွေး ဝင်မခွဲဘူး

     ကိုယ့်ကို ပိုခင်လာ အောင်လည်း

     နည်းလမ်း တွေသုံး ငါ မလုပ်တတ်ဘူး


❤#မင်း_လိုအပ်တဲ့အခါ ...

     ငါ မင်းအနား နေပေးမယ် ...

     အားပေးမယ် ...

     နှစ်သိမ့်မယ် ...

     မင်းမှီဖို့အတွက် ငါ ပခုံးငှားပေးမယ် ...


❤#ဒါပေမယ့်_မင်းအတွင်းရေးတွေကို

     ငါ့ နားနှစ်ဖက် အပြင်

     တစ်ခြားလူ ထပ်မကြား စေရဘူး


❤#ဒါ့ကြောင့်_ငါ့ကိုခင်နေပြီဆို

     စိတ်ချ လက်ချ

     မင်း ရင်ဖွင့် နိုင်ပါတယ်


❤#ငါလည်း_လူသားတစ်ယောက်ပါ

     ငါ စိတ်တိုတဲ့အချိန် ရှိမယ်

     ဝမ်းနည်း အားငယ်တဲ့ အချိန် ရှိမယ်


❤#တခါတလေ_ငါ့ဘက်က

     လိုအပ်မှုတွေ ရှိ လာခဲ့ ရင်လည်း

     မင်းပြန်နားလည်ပေးပါ သူငယ်ချင်း


❤#ငါတို့တတွေ

     ဟိုး ဘဝ နေဝင်ချိန်တွေ ထိ

     နားလည်မှု

     ခင်မင်မှု တွေနဲ့ တူတူ ...

     ဆက်ခင်မင်

     သွားကြရအောင်နော် သူငယ်ချင်း...


💖#CREDIT - Original Uploader


မေတ္တာဖြင့်​ ပြန်​လည်​ကူးယူ​ဖော်​ပြသည်​။
#SoeNaing💕💕


No comments:

Post a Comment

မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ