🍁တစ်ချို့လူတွေက လိမ်နေတယ်၊ 🍁 လိမ်နေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်ရတယ်။

 🍁တစ်ချို့လူတွေက လိမ်နေတယ်၊ 🍁 

လိမ်နေမှန်းသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်ရတယ်။ 

 

🍁တစ်ချို့လူတွေက အကျင့်ယုတ်ကြတယ်၊ အကျင့်ယုတ်မှန်း သိရက်နဲ့ မျက်နှာပျက်မရလို့ သည်းခံနေလိုက်ရတယ်။ 

 

🍁တစ်ချို့လူတွေက လေများတယ်၊ လေများမှန်းသိရက်နဲ့ မကောင်းတတ်လို့ မျက်စိတစ်ဖတ်ပိတ်နေလိုက်ရတယ်။ 

 

🍁တစ်ချို့လူတွေက သိပ်အပြောကောင်းတယ်၊ 

မဟုတ်မှန်းသိရက်နဲ့ နားထောင်ကောင်းကောင်းနဲ့ ကျိတ်ယုံလိုက်ရတယ်။ 

 

🍁တစ်ချို့လူတွေက ဟန်ဆောင်ကောင်းတယ်၊ ဟန်ဆောင်နေမှန်းသိရက်နဲ့ ကိုယ်ပါမသိချင်ယောင်ဆောင် ဟန်ဆောင်လိုက်ရတယ်။ 

 

🍁လူ့လောကကြီးဟာ အရမ်းရှုပ်ထွေးပါတယ်။ 

သိနေပေမယ့်လည်း မသိလိုက်တာက ပိုကောင်းသလို မြင်နေပေမယ့်လည်း မမြင်ချင်ယောင်ဆောင်လိုက်ရတာက ပိုပြီးငြိမ်းချမ်းပါတယ်။ 

 

🍁အဖြေမထွက်တဲ့အရာတစ်ခုကို တစ်ဒေါက်ခေါက်ပြီး ထိုင်တွက်ချက်နေလည်း ဘာမှမထူးလာတာတွေ ရှိတတ်ပါတယ်။ 

 

🍁ကိုယ်ပြုပြင်လို့မရမယ့်အတူတူ တစ်ခါတစ်လေ မျက်နှာလေးလွှဲနေတာက ပိုပြီးကောင်းပါ၏။ 

 

- 🦋Nawe🦋

Crd


! မမေ့ပါနဲ့

 ! မမေ့ပါနဲ့

တစ်ချိန်က မင်းကို နိမ့်ချဆက်ဆံခဲ့သည့် 

လူတချို့အား တစ်ချိန်မှာ မင်းကို မြင်၍ 

ရှက်တတ်သွားအောင် မင်းကြိုးစားပြပါ


! မမေ့ပါနဲ့

တစ်ချိန်က မင်းအပေါ်မှာ ကောက်ကျစ်စဥ့်လဲခဲ့သည့်

လူတချို့အား တစ်ချိန်မှာ မင်းကို မြင်၍ 

ရှိန်းသွားစေအောင်မင်းလုပ်ပြရမယ်


! မမေ့ပါနဲ့

တစ်ချိန်က မင်းစိတ်ဓာတ်ကျနေချိန် 

ရှောင်ဖယ်သွားသည့် လူတချို့အား 

မင်းကို မြင်၍ ခေါင်းမဖော်နိုင်အောင်

မင်းစွမ်းဆောင်ပြရမယ်


! မမေ့ပါနဲ့

တစ်ချိန်က မင်းအပြောတွေကို

 နားမဝင်ခဲ့သည့် လူတချို့အား

တစ်ချိန်မှာ မင်းဘာပြောပြော 

နားခံလာအောင် မင်းလေ့လာရမယ်


! မမေ့ပါနဲ့

တစ်ချိန်က မင်းအပေါ် မကောင်းခဲ့သည့် လူတချို့အား

တစ်ချိန်မှာ မင်းဘာလုပ်လုပ် အကောင်းမြင်လာစေဖို့

မင်းရဲ့ အရည်အချင်းတွေကို ပြသလိုက်စမ်းပါ


! မမေ့ပါနဲ့

အတိတ်က အကြောင်းအရာတွေကို

အချိန်ယူပြီး တစ်ခုခြင်း မင်းလုပ်နိုင်ကြောင်း

ဖော်ပြလိုက်စမ်းပါ


! မင်းကိုမင်း သင်ပြလိုက်ရင်

အားလုံးကို မင်းသင်ပြနိုင်လာလိမ့်မယ်


! ``အချိန်ရှိခိုက် လုံးလစိုက်တဲ့

မင်းစိတ်ထဲမှာ ရှိသမျှ မကြည်ဖြူသည့်လူတချို့ကို

တွန်းအားအဖြစ် သွပ်သွင်းပြီး ကြိုးစားလိုက်စမ်းပါ

လူတချို့ကို တန်ပြန်သက်ရောက်မှု့အချို့ 

ပေးရအောင်လေ

Crd: Original Uploader 


🖤ငါကလေ...လူတစ်မျိုး ရယ်...

 


🖤ငါကလေ...လူတစ်မျိုး ရယ်...


🖤ငါ့ကို ပေးခဲ့တဲ့ ကတိစကား တစ်ခွန်း ကို...


🖤သူ တည်လိမ့်မယ် ပဲ ထင်ပြီးတော့...


🖤စောင့်နေတတ်တာ...


🖤ဒါကြောင့်မို့ မတည်နိုင်တဲ့ ကတိတွေဆို...


🖤မပေးခဲ့ပါနဲ့နော်...


🖤အင်းပေါ့လေ...


🖤တိမ်တွေတောင် ပြောင်းလဲသွားတတ်သေးတာပဲ...


🖤ယုံကြည်တတ်ခဲ့တဲ့ ငါပဲ ရှိပါစေတော့.......


#SN💕 #Tar💕



မင်္ဂလာပါ နော်

လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက်

  လူမှုဆက်ဆံရေးနယ်ပယ်မှာ အသုံးတည့်မဲ့ နည်းလမ်း(၁၆)ချက် ၁။ ပြည့်လွန်းတဲ့ စကားလည်းမဆိုနဲ့ သူစိမ်းကို ခင်တာလည်း မမြန်စေနဲ့ ၂။ သူတစ်ပါးက မိမိကို...

လူကြိုက်​များ​သော ပို့စ်​များ